YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 16:7-15

ရှင်ယောဟန် 16:7-15 Judson Bible (JBMLE)

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သွား​လျှင် သင်​တို့​အ​ကျိုး​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​မ​သွား​လျှင် ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် သင်​တို့​ဆီ​သို့​မ​လာ။ ငါ​သွား​လျှင် ထို​သူ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်​မည်။- ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် ရောက်​လာ​လျှင်၊ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း၊ အ​ပြစ်​ကင်း​ခြင်း​ကို​လည်း​ကောင်း၊ အ​ပြစ်​စီ​ရင်​ခြင်း​ကို​လည်း​ကောင်း၊ လော​ကီ​သား​တို့​အား ထင်​ရှား​စွာ​ဖော်​ပြ​မည်။- ငါ့​ကို မ​ယုံ​ကြည်​ကြ​သော​ကြောင့် ဒု​စ​ရိုက်​အ​ပြစ်​ကို ဖော်​ပြ​မည်။- ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား​မည်​ဖြစ်၍၊ သင်​တို့​သည် နောက်​တစ်​ဖန် ငါ့​ကို​မ​တွေ့​မ​မြင်​ရ​သော​ကြောင့်၊ အ​ပြစ်​ကင်း​ခြင်း​ကို ဖော်​ပြ​မည်။- ဤ​လော​က​ကို အ​စိုး​ရ​သော​မင်း​သည် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​သော​ကြောင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ဖော်​ပြ​မည်။ သင်​တို့​အား ငါ​ပြော​စ​ရာ​စ​ကား အ​များ​ရှိ​သော်​လည်း၊ သင်​တို့​သည် ယ​ခု​မ​ခံ​နိုင်​ကြ။- သ​မ္မာ​တ​ရား​နှင့်​ပြည့်​စုံ​သော ထို​ဝိ​ညာဉ်​တော်​သည် ရောက်​လာ​သော​အ​ခါ၊ သ​မ္မာ​တ​ရား​ကို သင်​တို့​အား အ​ကြွင်း​မဲ့ သွန်​သင်​ပြ​သလိမ့်​မည်။ ထို​ဝိ​ညာဉ်​တော်​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​မည်​အ​ဟုတ်။ ကြား​သ​မျှ​တို့​ကို ဟော​ပြော​လိမ့်​မည်။ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​တို့​ကို​လည်း သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။- ထို​သူ​သည် ငါ့​ဘုန်း​ကို​ထင်​ရှား​စေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​နှင့်​စပ်​ဆိုင်​သော​အ​ရာ​ကို​ယူ၍ သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။- ခ​မည်း​တော်​နှင့်​စပ်​ဆိုင်​သ​မျှ​သည် ငါ​နှင့်​စပ်​ဆိုင်၏။ ထို​ကြောင့် ငါ​နှင့်​စပ်​ဆိုင်​သော​အ​ရာ​ကို​ယူ၍ သင်​တို့​အား​ဖော်​ပြ​လိမ့်​မည်​ဟု ငါ​ပြော၏။

ရှင်ယောဟန် 16:7-15 Common Language Bible (BCL)

သို့​သော်​သင်​တို့​အား​ငါ​အ​မှန်​အ​ကန်​ပြော သည်​ကား ငါ​သွား​ရ​ခြင်း​သည်​သင်​တို့​အ​ဖို့ ပို​၍​ကောင်း​၏။ ငါ​မ​သွား​လျှင်​မ​စ​တော်​မူ သော​အ​ရှင်​သည်​ကြွ​လာ​တော်​မူ​မည်​မ​ဟုတ်။ ငါ​သွား​လျှင်​မူ​ကား​ထို​အ​ရှင်​ကို​သင်​တို့ ထံ​သို့​ငါ​စေ​လွှတ်​မည်။- ထို​အ​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ​လော​က သား​တို့​အား​အ​ပြစ်​အ​ကြောင်း​ကို​လည်း​ကောင်း၊ အ​မှန်​တ​ရား​အ​ကြောင်း​ကို​လည်း​ကောင်း၊ တ​ရား စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း ရှင်း​လင်း​စွာ​ဖော်​ပြ​တော်​မူ​ပေ​အံ့။- ထို​သူ​တို့​သည်​ငါ့​ကို​မ​ယုံ​ကြည်​ကြ​သော ကြောင့်​အ​ပြစ်​အ​ကြောင်း​ကို​ဖော်​ပြ​မည်။- ငါ​သည်​ခ​မည်း​တော်​ထံ​သို့​သွား​ရ​မည်​ဖြစ် ၍ သင်​တို့​ငါ့​ကို​တွေ့​မြင်​ရ​တော့​မည်​မ​ဟုတ် သော​ကြောင့်​အ​မှန်​တ​ရား​အ​ကြောင်း​ကို ဖော်​ပြ​မည်။- လော​က​ကို​အ​စိုး​ရ​သူ​သည်​တ​ရား​စီ​ရင် ခြင်း​ကို​ခံ​ရ​ပြီ​ဖြစ်​သော​ကြောင့် တ​ရား​စီ​ရင် တော်​မူ​ခြင်း​အ​ကြောင်း​ကို​ဖော်​ပြ​မည်။'' ``သင်​တို့​အား​ငါ​ပြော​စ​ရာ​များ​ရှိ​သေး သော်​လည်း​ယ​ခု​သင်​တို့​ခံ​ယူ​နိုင်​ကြ​မည် မ​ဟုတ်။- သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​ကြောင်း​နှင့်​စပ် လျဉ်း​၍ သမ္မာ​တ​ရား​ကို​ဖွင့်​ပြ​သည့်​ဝိ​ညာဉ် တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ သင်​တို့​အား သမ္မာ​တ​ရား​အ​ကြောင်း​အ​လုံး​စုံ​ကို​ဖွင့်​ပြ တော်​မူ​လိမ့်​မည်။ ထို​ဝိ​ညာဉ်​တော်​သည်​ကိုယ့် အ​လို​အ​လျောက်​မိန့်​ကြား​တော်​မူ​မည်​မ​ဟုတ်။ မိ​မိ​ကြား​သိ​ရ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​သာ​သင်​တို့​အား​မိန့်​ကြား​တော်​မူ​လိမ့်​မည်။ နောက်​ဖြစ်​လတ္တံ့​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​လည်း​ဖွင့်​ပြ​တော်​မူ​လိမ့်​မည်။- ထို​အ​ရှင်​သည်​ငါ့​ထံ​မှ​ရ​ရှိ​သော​စ​ကား ကို​သင်​တို့​အား​ပြော​ကြား​မည်​ဖြစ်​သ​ဖြင့် ငါ​၏​ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ တော်​မူ​လိမ့်​မည်။- ခ​မည်း​တော်​၌​ရှိ​သ​မျှ​သည်​ငါ​နှင့်​စပ်​ဆိုင် ၏။ သို့​ဖြစ်​၍​ဝိ​ညာဉ်​တော်​သည်​ငါ​ထံ​မှ​ရ​ရှိ သည့်​စ​ကား​ကို သင်​တို့​အား​ပြော​ကြား​တော် မူ​လိမ့်​မည်​ဟု​ငါ​ပြော​သ​တည်း။''

ရှင်ယောဟန် 16:7-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ငါ​သည် သင်​တို့​အား ဟုတ်မှန်ရာ​ကို​ပြော​မည်။ ငါ​သွား​ရ​ခြင်း​သည် သင်​တို့​အတွက်​အကျိုး​ရှိ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​မ​သွား​လျှင် ကူညီ​မစ​သူ​သည် သင်​တို့​ထံသို့​လာ​မည်​မ​ဟုတ်။ ငါ​သွား​လျှင်​မူကား ထို​အရှင်​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​မည်။ ထို​အရှင်​ရောက်လာ​သောအခါ လောကီသား​တို့​အား အပြစ်​အကြောင်း၊ ဖြောင့်မတ်​ခြင်း​အကြောင်း​နှင့် တရား​စီရင်​ခြင်း​အကြောင်း​တို့​ကို ဖော်ပြ​မည်။ သူ​တို့​သည် ငါ့​ကို​မ​ယုံကြည်​ကြ​သောကြောင့် အပြစ်​အကြောင်း​ကို​လည်းကောင်း၊ ငါ​သည် ခမည်းတော်​ထံသို့​သွား​၍ သင်​တို့​သည် ငါ့​ကို​တွေ့မြင်​ရ​တော့မည်​မ​ဟုတ်​သောကြောင့် ဖြောင့်မတ်​ခြင်း​အကြောင်း​ကို​လည်းကောင်း၊ ဤ​လောက​ကို​အုပ်ချုပ်​သူ​သည် တရား​စီရင်​ခြင်း​ခံရ​ပြီ​ဖြစ်​သောကြောင့် တရား​စီရင်​ခြင်း​အကြောင်း​ကို​လည်းကောင်း ဖော်ပြ​မည်။ သင်​တို့​အား ငါ​ပြော​စရာ​များစွာ​ရှိ​သေး​သော်လည်း သင်​တို့​သည် ယခု​မ​ခံယူ​နိုင်​ကြ။ သို့ရာတွင် သမ္မာတရား​၏​ဝိညာဉ်​တော်​ရောက်လာ​သောအခါ သမ္မာတရား​အလုံးစုံ​ထဲသို့ သင်​တို့​ကို လမ်းပြ​ပို့ဆောင်​တော်မူ​လိမ့်မည်။ အကြောင်းမူကား ထို​ဝိညာဉ်​တော်​သည် မိမိ​ဆန္ဒ​အလျောက် မြွက်ဆို​တော်​မ​မူ​ဘဲ ကြား​ရ​သမျှ​တို့​ကို မြွက်ဆို​တော်မူ​၍ နောင်​ဖြစ်လာ​မည့်​အရာ​တို့​ကို သင်​တို့​အား ဖော်ပြ​တော်မူ​လိမ့်မည်။ ထို​အရှင်​သည် ငါ​နှင့်ဆိုင်သော​အရာ​ကို​ယူ​၍ သင်​တို့​အား ဖော်ပြ​မည်​ဖြစ်​သောကြောင့် ငါ့​ဘုန်း​ကို​ထင်ရှား​စေ​မည်။ ခမည်းတော်​၌​ရှိ​သော​အရာ​အားလုံး​တို့​သည် ငါ​နှင့်ဆိုင်သော​အရာ​ဖြစ်​၏။ ထို့ကြောင့် ဝိညာဉ်​တော်​သည် ငါ​နှင့်ဆိုင်သော​အရာ​ကို​ယူ​၍ သင်​တို့​အား​ဖော်ပြ​မည်​ဟု ငါ​ဆို​ခဲ့​၏။