YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 16:5-7

ရှင်ယောဟန် 16:5-7 Common Language Bible (BCL)

ယ​ခု​မှာ​မူ​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင် ထံ​သို့​ငါ​သွား​တော့​မည်။ သို့​ရာ​တွင်​ငါ​အ​ဘယ် အ​ရပ်​သို့​သွား​မည်​ကို​သင်​တို့​မည်​သူ​မျှ မ​မေး​ကြ။- ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ငါ​ပြော​ကြား သ​ဖြင့် သင်​တို့​သည်​စိတ်​ညှိုး​ငယ်​လျက်​ရှိ ကြ​၏။- သို့​သော်​သင်​တို့​အား​ငါ​အ​မှန်​အ​ကန်​ပြော သည်​ကား ငါ​သွား​ရ​ခြင်း​သည်​သင်​တို့​အ​ဖို့ ပို​၍​ကောင်း​၏။ ငါ​မ​သွား​လျှင်​မ​စ​တော်​မူ သော​အ​ရှင်​သည်​ကြွ​လာ​တော်​မူ​မည်​မ​ဟုတ်။ ငါ​သွား​လျှင်​မူ​ကား​ထို​အ​ရှင်​ကို​သင်​တို့ ထံ​သို့​ငါ​စေ​လွှတ်​မည်။

ရှင်ယောဟန် 16:5-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယခု​မူကား ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ထံသို့ ငါ​သွား​တော့မည်။ သို့သော် သင်​တို့​ထဲမှ မည်သူ​က​မျှ ‘ကိုယ်တော်​သည် မည်သည့်​အရပ်​သို့ သွား​မည်နည်း’​ဟု ငါ့​အား မ​မေး​ကြ။ ထို့ပြင် ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အား ငါ​ပြော​သောကြောင့် သင်​တို့​စိတ်နှလုံး​သည် ဝမ်းနည်း​ခြင်း​နှင့် ပြည့်​လျက်​ရှိ​၏။ သို့သော် ငါ​သည် သင်​တို့​အား ဟုတ်မှန်ရာ​ကို​ပြော​မည်။ ငါ​သွား​ရ​ခြင်း​သည် သင်​တို့​အတွက်​အကျိုး​ရှိ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​မ​သွား​လျှင် ကူညီ​မစ​သူ​သည် သင်​တို့​ထံသို့​လာ​မည်​မ​ဟုတ်။ ငါ​သွား​လျှင်​မူကား ထို​အရှင်​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​မည်။