YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 16:12-15

ရှင်ယောဟန် 16:12-15 Judson Bible (JBMLE)

သင်​တို့​အား ငါ​ပြော​စ​ရာ​စ​ကား အ​များ​ရှိ​သော်​လည်း၊ သင်​တို့​သည် ယ​ခု​မ​ခံ​နိုင်​ကြ။- သ​မ္မာ​တ​ရား​နှင့်​ပြည့်​စုံ​သော ထို​ဝိ​ညာဉ်​တော်​သည် ရောက်​လာ​သော​အ​ခါ၊ သ​မ္မာ​တ​ရား​ကို သင်​တို့​အား အ​ကြွင်း​မဲ့ သွန်​သင်​ပြ​သလိမ့်​မည်။ ထို​ဝိ​ညာဉ်​တော်​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​မည်​အ​ဟုတ်။ ကြား​သ​မျှ​တို့​ကို ဟော​ပြော​လိမ့်​မည်။ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​တို့​ကို​လည်း သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။- ထို​သူ​သည် ငါ့​ဘုန်း​ကို​ထင်​ရှား​စေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​နှင့်​စပ်​ဆိုင်​သော​အ​ရာ​ကို​ယူ၍ သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။- ခ​မည်း​တော်​နှင့်​စပ်​ဆိုင်​သ​မျှ​သည် ငါ​နှင့်​စပ်​ဆိုင်၏။ ထို​ကြောင့် ငါ​နှင့်​စပ်​ဆိုင်​သော​အ​ရာ​ကို​ယူ၍ သင်​တို့​အား​ဖော်​ပြ​လိမ့်​မည်​ဟု ငါ​ပြော၏။

ရှင်ယောဟန် 16:12-15 Common Language Bible (BCL)

``သင်​တို့​အား​ငါ​ပြော​စ​ရာ​များ​ရှိ​သေး သော်​လည်း​ယ​ခု​သင်​တို့​ခံ​ယူ​နိုင်​ကြ​မည် မ​ဟုတ်။- သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​ကြောင်း​နှင့်​စပ် လျဉ်း​၍ သမ္မာ​တ​ရား​ကို​ဖွင့်​ပြ​သည့်​ဝိ​ညာဉ် တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ သင်​တို့​အား သမ္မာ​တ​ရား​အ​ကြောင်း​အ​လုံး​စုံ​ကို​ဖွင့်​ပြ တော်​မူ​လိမ့်​မည်။ ထို​ဝိ​ညာဉ်​တော်​သည်​ကိုယ့် အ​လို​အ​လျောက်​မိန့်​ကြား​တော်​မူ​မည်​မ​ဟုတ်။ မိ​မိ​ကြား​သိ​ရ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​သာ​သင်​တို့​အား​မိန့်​ကြား​တော်​မူ​လိမ့်​မည်။ နောက်​ဖြစ်​လတ္တံ့​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​လည်း​ဖွင့်​ပြ​တော်​မူ​လိမ့်​မည်။- ထို​အ​ရှင်​သည်​ငါ့​ထံ​မှ​ရ​ရှိ​သော​စ​ကား ကို​သင်​တို့​အား​ပြော​ကြား​မည်​ဖြစ်​သ​ဖြင့် ငါ​၏​ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ တော်​မူ​လိမ့်​မည်။- ခ​မည်း​တော်​၌​ရှိ​သ​မျှ​သည်​ငါ​နှင့်​စပ်​ဆိုင် ၏။ သို့​ဖြစ်​၍​ဝိ​ညာဉ်​တော်​သည်​ငါ​ထံ​မှ​ရ​ရှိ သည့်​စ​ကား​ကို သင်​တို့​အား​ပြော​ကြား​တော် မူ​လိမ့်​မည်​ဟု​ငါ​ပြော​သ​တည်း။''

ရှင်ယောဟန် 16:12-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​အား ငါ​ပြော​စရာ​များစွာ​ရှိ​သေး​သော်လည်း သင်​တို့​သည် ယခု​မ​ခံယူ​နိုင်​ကြ။ သို့ရာတွင် သမ္မာတရား​၏​ဝိညာဉ်​တော်​ရောက်လာ​သောအခါ သမ္မာတရား​အလုံးစုံ​ထဲသို့ သင်​တို့​ကို လမ်းပြ​ပို့ဆောင်​တော်မူ​လိမ့်မည်။ အကြောင်းမူကား ထို​ဝိညာဉ်​တော်​သည် မိမိ​ဆန္ဒ​အလျောက် မြွက်ဆို​တော်​မ​မူ​ဘဲ ကြား​ရ​သမျှ​တို့​ကို မြွက်ဆို​တော်မူ​၍ နောင်​ဖြစ်လာ​မည့်​အရာ​တို့​ကို သင်​တို့​အား ဖော်ပြ​တော်မူ​လိမ့်မည်။ ထို​အရှင်​သည် ငါ​နှင့်ဆိုင်သော​အရာ​ကို​ယူ​၍ သင်​တို့​အား ဖော်ပြ​မည်​ဖြစ်​သောကြောင့် ငါ့​ဘုန်း​ကို​ထင်ရှား​စေ​မည်။ ခမည်းတော်​၌​ရှိ​သော​အရာ​အားလုံး​တို့​သည် ငါ​နှင့်ဆိုင်သော​အရာ​ဖြစ်​၏။ ထို့ကြောင့် ဝိညာဉ်​တော်​သည် ငါ​နှင့်ဆိုင်သော​အရာ​ကို​ယူ​၍ သင်​တို့​အား​ဖော်ပြ​မည်​ဟု ငါ​ဆို​ခဲ့​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။