YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 16:1-4

ရှင်ယောဟန် 16:1-4 Judson Bible (JBMLE)

သင်​တို့​သည် စိတ်​မ​ပျက်​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို ငါ​ဟော​ပြော၏။- လော​ကီ​သား​တို့​သည် သင်​တို့​ကို တ​ရား​ဇ​ရပ်​မှ နှင်​ထုတ်​လိမ့်​မည်။ သင်​တို့​ကို သတ်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​ဝတ်​ကို ငါ​ပြု​ပြီ​ဟု မိ​မိ​ထင်​မှတ်​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။- ခ​မည်း​တော်​ကို​မ​သိ၊ ငါ့​ကို​လည်း မ​သိ​သော​ကြောင့် ထို​သို့​ပြု​ကြ​လိမ့်​မည်။- ထို​အ​ချိန်​ကာ​လ​ရောက်​သော​အ​ခါ၊ ငါ​သည်​အ​ထက်​က ဤ​သို့​ပြော​ပြီး​သည်​ကို သင်​တို့​အောက်​မေ့​စေ​ခြင်း​ငှာ ယ​ခု​ပင် ငါ​ဟော​ပြော၏။ အ​စ​အ​ဦး၌ သင်​တို့​နှင့်​အ​တူ ငါ​ရှိ​သော​ကြောင့် ဤ​သို့​မ​ပြော​ဖူး​သေး။

ရှင်ယောဟန် 16:1-4 Common Language Bible (BCL)

``သင်​တို့​၏​ယုံ​ကြည်​ခြင်း​မ​ပျက်​ပြား​စေ​ရန် ဤ​အ​မှု​အ​ရာ​များ​ကို​ငါ​ကြို​တင်​ဖော်​ပြ ခဲ့​ပြီ။- သင်​တို့​သည်​တ​ရား​ဇ​ရပ်​များ​မှ​နှင်​ထုတ်​ခြင်း ခံ​ရ​လိမ့်​မည်။ သင်​တို့​ကို​သတ်​ဖြတ်​ခြင်း​သည် ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း ပင်​ဖြစ်​သည်​ဟု လူ​တို့​ထင်​မှတ်​သည့်​အ​ချိန် ကာ​လ​မု​ချ​ကျ​ရောက်​ပေ​အံ့။- သူ​တို့​သည်​လည်း​ခ​မည်း​တော်​ကို​မ​သိ၊ ငါ့ ကို​လည်း​မ​သိ​ကြ​သော​ကြောင့်​ဤ​သို့​သင် တို့​အား​ပြု​ကြ​လိမ့်​မည်။- သင်​တို့​အား​ငါ​သ​တိ​ပေး​ခဲ့​ကြောင်း​ကို​ဤ အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​ချိန်​၌ သင်​တို့ ပြန်​လည်​သ​တိ​ရ​ကြ​စေ​ရန်​ယ​ခု​ပင်​ငါ ပြော​နှင့်​ပြီ။'' ``ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​နေ​သေး​သော ကြောင့် သင်​တို့​အား​ထို​အ​ကြောင်း​အ​ရာ​များ ကို ယ​ခင်​က​ငါ​မ​ပြော​ကြား​ခဲ့။

ရှင်ယောဟန် 16:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​စိတ်​မ​ပျက်​စေရန် ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​ထား​၏။ လူ​တို့​သည် သင်​တို့​ကို ဝတ်ပြု​စည်းဝေး​ကျောင်း​မှ ထုတ်ပယ်​ကြ​လိမ့်မည်။ ထိုမျှမက သင်​တို့​ကို​သတ်​သော​သူ​တိုင်း မိမိ​တို့​သည် ဘုရား​ဝတ်​ကို​ပြု​နေ​သည်​ဟု ထင်မှတ်​သော​အချိန်​ကာလ​ရောက်လာ​တော့မည်။ သူ​တို့​သည် ခမည်းတော်​ကို​လည်းကောင်း၊ ငါ့​ကို​လည်းကောင်း မ​သိ​သောကြောင့် ထိုသို့​ပြု​ကြ​လိမ့်မည်။ ထို​အချိန်​ကာလ​ရောက်လာ​သောအခါ ငါ​သည် ဤသို့​ပြော​ခဲ့​ကြောင်း သင်​တို့​သတိရ​စေရန် ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အား ပြော​ထား​၏။ ငါ​သည် သင်​တို့​နှင့်အတူ​ရှိ​နေ​သောကြောင့် ဤ​အကြောင်းအရာ​များ​ကို အစအဦး​၌ သင်​တို့​အား မ​ပြော​ခဲ့​ပေ။