YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 15:12-17

ရှင်ယောဟန် 15:12-17 Judson Bible (JBMLE)

ငါ့​ပ​ညတ်​ဟူ​မူ​ကား၊ ငါ​သည် သင်​တို့​ကို​ချစ်​သည်​နည်း​တူ၊ သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​လော့။ ကိုယ်​အ​ဆွေ​တို့​အ​ဖို့​အ​လို​ငှာ ကိုယ်​အ​သက်​ကို စွန့်​ခြင်း​မေ​တ္တာ​ထက် သာ၍ မြတ်​သော​မေ​တ္တာ​သည် အ​ဘယ်​သူ၌​မျှ​မ​ရှိ။- သင်​တို့​သည် ငါ​ပ​ညတ်​သ​မျှ​တို့​ကို ကျင့်​ဆောင်​လျှင် ငါ၏​အ​ဆွေ​ဖြစ်​ကြ၏။- ယ​ခု​မှ​စ၍ ငါ​သည်​သင်​တို့​ကို ကျွန်​ဟူ၍​မ​ခေါ်။ ကျွန်​မူ​ကား၊ ကိုယ်​သ​ခင်​ပြု​သော​အ​မှု​ကို မ​သိ။ သင်​တို့​ကို အ​ဆွေ​ဟူ၍​ငါ​ခေါ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ၌ ကြား​သ​မျှ​သော​အ​ရာ​တို့​ကို သင်​တို့​အား ငါ​ပြ​သ၏။- သင်​တို့​သည် ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​ကို ရွေး​ကောက်​သ​ဖြင့်၊ သင်​တို့​သည် သွား၍ တည်​ကြည်​သော​အ​သီး​ကို သီး​မည်​အ​ကြောင်း​နှင့် ငါ့​နာ​မ​ကို​အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ​တောင်း​သ​မျှ​တို့​ကို ရ​မည်​အ​ကြောင်း သင်​တို့​ကို ငါ​ခန့်​ထား၏။ သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​စေ​ခြင်း​ငှာ ဤ​ပ​ညတ်​တို့​ကို ငါ​ပေး၏။

ရှင်ယောဟန် 15:12-17 Common Language Bible (BCL)

ငါ့​ပ​ညတ်​ကား​ငါ​သည်​သင်​တို့​ကို​ချစ်​သည့် နည်း​တူ သင်​တို့​သည်​အ​ချင်း​ချင်း​ချစ်​ကြ လော့။- မိ​မိ​၏​မိတ်​ဆွေ​အ​တွက်​အ​သက်​ကို​စွန့်​သော မေတ္တာ​ထက်​ကြီး​မြတ်​သည့်​မေတ္တာ​မ​ရှိ​တော့ ပြီ။- သင်​တို့​သည်​ငါ​ပ​ညတ်​သည့်​အ​တိုင်း​ပြု ကျင့်​လျှင် ငါ​၏​အ​ဆွေ​ဖြစ်​ကြ​၏။- ယ​ခု​မှ​စ​၍​သင်​တို့​အား​အ​စေ​ခံ​ဟူ​၍​ငါ မ​ခေါ်။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​စေ​ခံ​သည် သ​ခင်​ပြု​သည့်​အ​မှု​ကို​မ​သိ​သော​ကြောင့် ဖြစ်​၏။ ခ​မည်း​တော်​ထံ​မှ​ငါ​ကြား​ရ​သ​မျှ တို့​ကို​သင်​တို့​အား​ငါ​ပြော​ကြား​ပြီး​ဖြစ် သ​ဖြင့် သင်​တို့​ကို​အ​ဆွေ​ဟူ​၍​ငါ​ခေါ်​၏။- သင်​တို့​သည်​ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ တည်​မြဲ​သော​အ​သီး​ကို​သီး​နိုင်​ကြ​စေ​ရန်​သင် တို့​အား​ငါ​ရွေး​ကောက်​ခန့်​ထား​၏။ သို့​ဖြစ်​၍​ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​တောင်း​လျှောက် သ​မျှ​တို့​ကို​ခ​မည်း​တော်​ပေး​တော်​မူ​လိမ့်​မည်။- ထို့​ကြောင့်​အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု သင်​တို့​အား​ငါ​ပ​ညတ်​၏။''

ရှင်ယောဟန် 15:12-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​၏​ပညတ်​ချက်​ကား ‘ငါ​သည် သင်​တို့​ကို​ချစ်​သကဲ့သို့ သင်​တို့​အချင်းချင်း​ချစ်​ကြ​လော့’ဟူ၍ ဖြစ်​၏။ မိမိ​၏​မိတ်ဆွေ​များ​အတွက် ကိုယ့်​အသက်​ကို​စွန့်​ခြင်း​ထက် ပို၍​မြတ်​သော​ချစ်​ခြင်း​မေတ္တာ​သည် မည်သူ​၌​မျှ​မ​ရှိ။ သင်​တို့​အား ငါ​ပညတ်​သည့်​အရာ​တို့​ကို သင်​တို့​ကျင့်သုံး​လျှင် သင်​တို့​သည် ငါ​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​၏။ ငါ​သည် သင်​တို့​ကို ကျွန်​ဟူ၍​ခေါ်​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ကျွန်​သည် မိမိ​သခင်​ပြု​နေ​သော​အရာ​ကို​မ​သိ။ ငါ့​ခမည်းတော်​ထံမှ ကြားနာ​ခဲ့​သော​အရာ​အားလုံး​ကို သင်​တို့​အား ငါ​သိ​စေ​ခဲ့​ပြီ​ဖြစ်​သောကြောင့် သင်​တို့​ကို မိတ်ဆွေ​ဟူ၍ ငါ​ခေါ်​၏။ သင်​တို့​သည် ငါ့​ကို​ရွေးကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သာလျှင် သင်​တို့​ကို​ရွေးကောက်​သဖြင့် သင်​တို့​သည်​သွား​လျက် အသီး​ကို​သီး​၍ သင်​တို့​၏​အသီး​တည်မြဲ​မည့်​အကြောင်း​နှင့် ငါ့​နာမ​၌ ခမည်းတော်​အား တောင်းလျှောက်​သမျှ​တို့​ကို သင်​တို့​အား ခမည်းတော်​ပေး​တော်မူ​မည့်​အကြောင်း သင်​တို့​ကို ငါ​ခန့်ထား​၏။ သင်​တို့​အချင်းချင်း​ချစ်​ကြ​လော့​ဟူသော ဤ​ပညတ်​ကို သင်​တို့​အား ငါ​ပေး​၏။