YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 15:1-5

ရှင်ယောဟန် 15:1-5 Judson Bible (JBMLE)

ငါ​သည် မှန်​သော​စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ ငါ့​ခ​မည်း​တော်​သည်​လည်း ဥ​ယျာဉ်​စောင့်​ဖြစ်​တော်​မူ၏။- ငါ၌​အ​သီး​မ​သီး​သော အ​ခက်​ရှိ​သ​မျှ​တို့​ကို ခုတ်​ပစ်​တော်​မူ၏။ အ​သီး​သီး​သော အ​ခက်​ရှိ​သ​မျှ​တို့​ကို သာ၍ သီး​စေ​ခြင်း​ငှာ သုတ်​သင်​ရှင်း​လင်း​တော်​မူ၏။- သင်​တို့​သည် ငါ​ဟော​ပြော​သော​စ​ကား​အား​ဖြင့် ယ​ခု​ပင် ရှင်း​လင်း​လျက်​ရှိ​ကြ၏။- ငါ၌​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့၌​တည်​နေ​မည်။ စ​ပျစ်​ခက်​သည် အ​ပင်၌​မ​တည်​လျှင်၊ ကိုယ်​အ​လို​အ​လျောက် အ​သီး​မ​သီး​နိုင်​သ​ကဲ့​သို့၊ သင်​တို့​သည် ငါ၌​မ​တည်​လျှင် အ​သီး​မ​သီး​နိုင်​ကြ။- ငါ​သည် စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ သင်​တို့​သည် အ​ခက်​များ​ဖြစ်​ကြ၏။ အ​ကြင်​သူ​သည် ငါ၌​တည်၍ ငါ​သည်​လည်း သူ၌​တည်၏၊ ထို​သူ​သည် များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။ ငါ​နှင့်​ကွာ​လျှင် သင်​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ မ​တတ်​နိုင်​ကြ။

ရှင်ယောဟန် 15:1-5 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​က ``ငါ​သည်​စ​ပျစ်​ပင်​အ​စစ် ဖြစ်​၍​ငါ့​အ​ဖ​သည်​ဥ​ယျာဉ်​မှူး​ဖြစ်​တော် မူ​၏။- ကိုယ်​တော်​ရှင်​သည်​ငါ​၌​အ​သီး​မ​သီး​သော အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ​ကို​ခုတ်​ပစ်​တော်​မူ ၏။ အ​သီး​သီး​သည့်​အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ ကို​လည်း​ပို​၍​သီး​စေ​ရန်​သုတ်​သင်​ရှင်း​လင်း တော်​မူ​၏။- ထို​နည်း​တူ​စွာ​ငါ​ဟော​ပြော​သော​တ​ရား အား​ဖြင့် ယ​ခု​သင်​တို့​ရှင်း​လင်း​လျက်​ရှိ​ကြ​၏။- ငါ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း​သင်​တို့​နှင့်​တစ်​လုံး​တစ်​ဝ​တည်း တည်​နေ​မည်။ စ​ပျစ်​ကိုင်း​သည်​အ​ပင်​၌​တည် မ​နေ​လျှင်​အ​သီး​မ​သီး​နိုင်​သ​ကဲ့​သို့ သင် တို့​သည်​ငါ​၌​တည်​မ​နေ​လျှင်​အ​သီး မ​သီး​နိုင်​ကြ။'' ``ငါ​သည်​စ​ပျစ်​ပင်​ဖြစ်​၏။ သင်​တို့​ကား​အ​ကိုင်း အ​ခက်​များ​ဖြစ်​ကြ​၏။ ငါ​နှင့်​ကင်း​လျှင်​သင်​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​တတ်​နိုင်​ကြ​သော ကြောင့် မည်​သူ​မ​ဆို​ငါ​၌​တည်​နေ​၍​ငါ​သည် လည်း​သူ​၌​တည်​နေ​လျှင်​များ​စွာ​သော​အ​သီး ကို​သီး​လိမ့်​မည်။

ရှင်ယောဟန် 15:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် စစ်မှန်​သော​စပျစ်​ပင်​ဖြစ်​၏။ ငါ့​ခမည်းတော်​ကား ဥယျာဉ်မှူး​ဖြစ်​တော်မူ​၏။ ငါ​၌​အသီး​မ​သီး​သော​အကိုင်းအခက်​ရှိသမျှ​ကို ခမည်းတော်​သည် ခုတ်​ပစ်​တော်မူ​၏။ အသီး​သီး​သော​အကိုင်းအခက်​ရှိသမျှ​ကို​မူ ပို၍​အသီး​သီး​စေရန် ကိုင်းဖြတ်​ပြုပြင်​တော်မူ​၏။ သင်​တို့​အား ငါ​ဟောပြော​သော​တရား​စကား​အားဖြင့် သင်​တို့​သည်စင်ကြယ်​လျက်​ရှိ​ကြ​ပြီ။ ငါ​၌​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့​၌​တည်​နေ​မည်။ စပျစ်​ကိုင်း​သည် စပျစ်​ပင်​၌​မ​တည်​မ​နေ​လျှင် အလိုအလျောက်​အသီး​မ​သီး​နိုင်​သကဲ့သို့ သင်​တို့​သည်​လည်း ငါ​၌​မ​တည်​မ​နေ​လျှင် အသီး​မ​သီး​နိုင်။ ငါ​သည် စပျစ်​ပင်​ဖြစ်​၏။ သင်​တို့​သည် အကိုင်းအခက်​များ​ဖြစ်​ကြ​၏။ မည်သူမဆို​ငါ​၌​တည်​နေ​၍ ငါ​သည်​လည်း သူ​၌​တည်​နေ​လျှင် ထို​သူ​သည် များစွာ​သော​အသီး​ကို​သီး​တတ်​၏။ ငါ​နှင့်​ကင်းကွာ​လျှင် သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ​မ​ပြု​နိုင်​ကြ။