YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 14:8-11

ရှင်ယောဟန် 14:8-11 Judson Bible (JBMLE)

ဖိ​လိ​ပ္ပု​က​လည်း၊ သ​ခင်၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​ပါ။ ထို​သို့​ပြ​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့ အ​လို​ပြည့်​စုံ​ပါ​မည်​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ ဖိ​လိ​ပ္ပု၊ ဤ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​ပြီး​မှ သင်​သည် ငါ့​ကို မ​သိ​သေး​သ​လော။ ငါ့​ကို​မြင်​သော​သူ​သည် ခ​မည်း​တော်​ကို​မြင်၏။ သို့​ဖြစ်​လျှင်၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​ပါ​ဟု သင်​သည်​အ​ဘယ်​သို့ ဆို​ရ​သ​နည်း။- ငါ​သည် ခ​မည်း​တော်၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​သည် ငါ၌​ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း မ​ယုံ​သ​လော။ ငါ​ဟော​ပြော​သော​စ​ကား​ကို ကိုယ်​အ​လို​အ​လျောက် ငါ​ဟော​ပြော​သည်​မ​ဟုတ်။ ငါ​ပြု​သော​အ​မှု​တို့​ကို​ကား၊ ငါ၌ တည်​နေ​တော်​မူ​သော ခ​မည်း​တော်​သည် ပြု​တော်​မူ၏။- ငါ​သည် ခ​မည်း​တော်၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​သည် ငါ၌​ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း ယုံ​ကြ​လော။ ငါ့​စ​ကား​ကို မ​ယုံ​လျှင်၊ ငါ့​အ​မှု​တို့​ကို​ထောက်၍ ယုံ​ကြ​လော့။

ရှင်ယောဟန် 14:8-11 Common Language Bible (BCL)

ဖိ​လိပ္ပု​က ``အ​ရှင်​ဘု​ရား၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား​ပြ​တော်​မူ​ပါ။ သို့​ပြ​တော် မူ​လျှင်​အ​ကျွန်ုပ်​တို့​အ​လို​ပြည့်​ပါ​ပြီ'' ဟု လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ဖိ​လိပ္ပု၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ဤ​မျှ​ကြာ​အောင်​နေ​ခဲ့​ပြီး​ဖြစ်​ပါ လျက်​ငါ့​ကို​သင်​မ​သိ​ပါ​သ​လော။ ငါ့​ကို တွေ့​မြင်​ရ​သူ​သည်​ခ​မည်း​တော်​ကို​ဖူး​မြင် ရ​၏။ ခ​မည်း​တော်​အား​အ​ကျွန်ုပ်​တို့​ကို​ပြ တော်​မူ​ပါ​ဟု​အ​ဘယ်​ကြောင့်​ဆို​သ​နည်း။- ငါ​သည်​ခ​မည်း​တော်​၌​တည်​ရှိ​နေ​၍​ခ​မည်း တော်​သည်​လည်း ငါ​၌​တည်​ရှိ​နေ​တော်​မူ​သည် ကို​သင်​မ​ယုံ​သ​လော။ သင်​တို့​အား​ငါ​ပြော သော​စ​ကား​သည်​ငါ့​ကိုယ်​ပိုင်​စ​ကား​မ​ဟုတ်။ ငါ​ပြု​သော​အ​မှု​တို့​သည်​ခ​မည်း​တော်​ပြု တော်​မူ​သော​အ​မှု​များ​ပင်​ဖြစ်​၏။- ငါ​သည်​ခ​မည်း​တော်​၌​တည်​နေ​၍​ခ​မည်း တော်​သည်​လည်း ငါ​၌​တည်​နေ​တော်​မူ​သည် ဟု​ငါ​ပြော​သည်​ကို​ယုံ​ကြ​လော့။ မ​ယုံ​လျှင် ငါ​ပြု​သော​အ​မှု​များ​ကို​ထောက်​၍​ယုံ​ကြ လော့။

ရှင်ယောဟန် 14:8-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဖိလိပ္ပု​က “သခင်​ဘုရား၊ ခမည်းတော်​ကို အကျွန်ုပ်​တို့​အား​ပြ​တော်မူ​ပါ။ ထိုသို့​ပြ​တော်မူ​လျှင် အကျွန်ုပ်​တို့​အတွက် လုံလောက်​ပါ​ပြီ”​ဟု လျှောက်​လေ​၏။ ယေရှု​က“ဖိလိပ္ပု၊ ငါ​သည် သင်​တို့​နှင့်အတူ ဤမျှလောက်​ကြာမြင့်​စွာ​ရှိ​လျက်​နှင့်​ပင် သင်​သည် ငါ့​ကို​မ​သိ​ခဲ့​သလော။ ငါ့​ကို​မြင်​သော​သူ​သည် ခမည်းတော်​ကို​မြင်​လေ​ပြီ။ သို့ဖြစ်လျှင် ‘ခမည်းတော်​ကို အကျွန်ုပ်​တို့​အား​ပြ​တော်မူ​ပါ’​ဟု သင်​မည်သို့​ဆို​နိုင်​သနည်း။ ငါ​သည် ခမည်းတော်​၌​ရှိ​၍ ခမည်းတော်​သည် ငါ​၌​ရှိ​တော်မူ​သည်​ကို သင်​မ​ယုံ​သလော။ သင်​တို့​အား ငါ​ပြောဆို​သော​စကား​တို့​ကို ငါ့​ဆန္ဒ​အလျောက်​ငါ​ပြောဆို​သည်​မ​ဟုတ်။ ငါ​၌​တည်​နေ​တော်မူ​သော​ခမည်းတော်​သည် သူ​၏​အမှု​တော်​များ​ကို​ပြု​တော်မူ​ခြင်း​သာ​ဖြစ်​၏။ ငါ​သည် ခမည်းတော်​၌​ရှိ​၍ ခမည်းတော်​သည် ငါ​၌​ရှိ​ကြောင်း​ကို ယုံ​ကြ​လော့။ မ​ယုံ​နိုင်​လျှင် ငါ​ပြု​သော​အမှု​များ​ကို​ထောက်၍ ယုံ​ကြ​လော့။