YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 14:1-7

ရှင်ယောဟန် 14:1-7 Judson Bible (JBMLE)

တစ်​ဖန်​တုံ​ယေ​ရှု​က၊ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း မ​ရှိ​စေ​နှင့်။ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။ ငါ့​ကို​လည်း ယုံ​ကြည်​ကြ​လော့။- ငါ့​အ​ဘ၏​အိမ်​တော်၌ နေ​စ​ရာ​အ​ခန်း​အ​များ​ရှိ၏။ သို့​မ​ဟုတ်​လျှင် မ​ဟုတ်​ကြောင်း​ကို သင်​တို့​အား ငါ​မ​ပြော​ဘဲ​မ​နေ။ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ခြင်း​ငှာ ငါ​သွား​ရ၏။- ငါ​သည်​သွား၍ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ပြီး​မှ တစ်​ဖန်​လာ​ပြန်၍၊ ငါ​ရှိ​ရာ​အ​ရပ်၌ သင်​တို့​ရှိ​စေ​ခြင်း​ငှာ သင်​တို့​ကို ငါ့​ထံ​သို့ သိမ်း​ဆည်း​မည်။- ငါ​သည် အ​ဘယ်​အ​ရပ်​သို့ သွား​သည်​ကို​လည်း​ကောင်း၊ လမ်း​ခ​ရီး​ကို​လည်း​ကောင်း၊ သင်​တို့​သိ​ကြ၏​ဟု မိန့်​တော်​မူ၏။- သော​မ​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​အ​ရပ်​သို့ သွား​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ မ​သိ​သည်​ဖြစ်၍၊ လမ်း​ခ​ရီး​ကို​အ​ဘယ်​သို့ သိ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ။- သင်​တို့​သည် ငါ့​ကို​သိ​လျှင် ငါ့​ခ​မည်း​တော်​ကို မ​သိ​ဘဲ​မ​နေ​ကြ။ ယ​ခု​မှ​စ၍ ခ​မည်း​တော်​ကို​သိ​မြင်​ကြ၏​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 14:1-7 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​က ``သင်​တို့​စိတ်​မ​ပူ​ပန်​ကြ နှင့်။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကြ​လော့။ ငါ့ ကို​လည်း​ယုံ​ကြည်​လော့။- ငါ့​ခ​မည်း​တော်​၏​အိမ်​တော်​တွင်​အ​ခန်း​များ​စွာ ရှိ​၏။ သို့​မ​ရှိ​ပါ​မူ​ငါ​သည်​သင်​တို့​အ​တွက် နေ​ရာ​ကို​သွား​၍​ပြင်​ဆင်​မည်​ဟု​ပြော​ဆို ပါ​မည်​လော။- ယင်း​သို့​သွား​၍​ပြင်​ဆင်​ပြီး​မှ​သင်​တို့​ထံ​သို့ ငါ​ပြန်​လာ​၍ ငါ​ရှိ​ရာ​အ​ရပ်​တွင်​သင်​တို့​ရှိ နိုင်​ကြ​စေ​ရန် သင်​တို့​ကို​ငါ့​ထံ​သို့​ခေါ်​ဆောင် မည်။- ငါ​သွား​ရာ​အ​ရပ်​သို့​ရောက်​စေ​မည့်​ခ​ရီး လမ်း​ကို​သင်​တို့​သိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ သော​မ​က ``သ​ခင်၊ အ​ရှင်​အ​ဘယ်​အ​ရပ်​သို့ သွား​မည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ။ အ​ဘယ် သို့​လျှင်​ခ​ရီး​လမ်း​ကို​အ​ကျွန်ုပ်​တို့​သိ​နိုင် ကြ​ပါ​မည်​နည်း'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​ခ​ရီး​လမ်း​ဖြစ်​၏။ သမ္မာ​တ​ရား​လည်း​ဖြစ်​၏။ အ​သက်​လည်း​ဖြစ်​၏။ ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ​အ​ဘယ်​သူ​မျှ​ခ​မည်း တော်​ထံ​သို့​မ​ရောက်​နိုင်။- ယ​ခု​သင်​တို့​သည်​ငါ့​ကို​သိ​ကြ​ပြီ​ဖြစ်​၍ ငါ့​ခ​မည်း​တော်​ကို​လည်း​သိ​ကြ​လိမ့်​မည်။ ယ​ခု မှ​စ​၍​ခ​မည်း​တော်​ကို​သင်​တို့​သိ​ကျွမ်း​၍​ဖူး မြင်​ရ​ကြ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

ရှင်ယောဟန် 14:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​စိတ်​ပူပန်​ခြင်း​မ​ရှိ​ကြ​နှင့်။ ဘုရားသခင်​ကို​ယုံကြည်​ကြ​လော့။ ငါ့​ကို​လည်း​ယုံကြည်​ကြ​လော့။ ငါ့​ခမည်းတော်​၏​အိမ်​တော်​၌ နေ​စရာ​များစွာ​ရှိ​၏။ မ​ရှိ​ပါက မ​ရှိ​ကြောင်း သင်​တို့​အား ငါ​ပြော​ခဲ့​ပေ​လိမ့်မည်။ သင်​တို့​အတွက် နေရာ​ပြင်ဆင်​ရန် ငါ​သွား​မည်။ ထိုသို့​သွား​၍ သင်​တို့​အတွက်​နေရာ​ပြင်ဆင်​ပြီးလျှင် ငါ​ရှိ​ရာ​အရပ်​၌ သင်​တို့​လည်း​ရှိ​စေရန် တစ်ဖန်​ပြန်လာ​၍ သင်​တို့​ကို ငါ့​ထံသို့ ခေါ်ယူ​သိမ်းဆည်း​မည်။ ငါ​သွား​ရာ​အရပ်​သို့​ရောက်​သော​လမ်း​ကို သင်​တို့​သိ​ကြ​၏”​ဟု မိန့်​တော်မူ​၏။ သောမ​က “သခင်​ဘုရား၊ ကိုယ်တော်​သည် မည်သည့်​အရပ်​သို့ ကြွ​တော်မူ​မည်​ကို အကျွန်ုပ်​တို့​မ​သိ​သည်​ဖြစ်၍ ထို​လမ်း​ကို မည်သို့​သိ​နိုင်​ပါ​မည်နည်း”​ဟု လျှောက်​လျှင် ယေရှု​က“ငါ​သည် လမ်း၊ သမ္မာတရား​နှင့် အသက်​ဖြစ်​၏။ ငါ့​ကို​အမှီ​မ​ပြု​လျှင် မည်သူမျှ ခမည်းတော်​ထံသို့​မ​ရောက်​နိုင်​ရာ။ သင်​တို့​သည် ငါ့​ကို​သိ​ခဲ့​လျှင် ငါ့​ခမည်းတော်​ကို​လည်း သိ​ခဲ့​ကြ​ပေ​လိမ့်မည်။ ယခု​မှစ၍ သင်​တို့​သည် ခမည်းတော်​ကို​သိ​လျက် မြင်​ရ​ကြ​လေ​ပြီ”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။