YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 14:1-31

ရှင်ယောဟန် 14:1-31 Judson Bible (JBMLE)

တစ်​ဖန်​တုံ​ယေ​ရှု​က၊ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း မ​ရှိ​စေ​နှင့်။ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။ ငါ့​ကို​လည်း ယုံ​ကြည်​ကြ​လော့။- ငါ့​အ​ဘ၏​အိမ်​တော်၌ နေ​စ​ရာ​အ​ခန်း​အ​များ​ရှိ၏။ သို့​မ​ဟုတ်​လျှင် မ​ဟုတ်​ကြောင်း​ကို သင်​တို့​အား ငါ​မ​ပြော​ဘဲ​မ​နေ။ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ခြင်း​ငှာ ငါ​သွား​ရ၏။- ငါ​သည်​သွား၍ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ပြီး​မှ တစ်​ဖန်​လာ​ပြန်၍၊ ငါ​ရှိ​ရာ​အ​ရပ်၌ သင်​တို့​ရှိ​စေ​ခြင်း​ငှာ သင်​တို့​ကို ငါ့​ထံ​သို့ သိမ်း​ဆည်း​မည်။- ငါ​သည် အ​ဘယ်​အ​ရပ်​သို့ သွား​သည်​ကို​လည်း​ကောင်း၊ လမ်း​ခ​ရီး​ကို​လည်း​ကောင်း၊ သင်​တို့​သိ​ကြ၏​ဟု မိန့်​တော်​မူ၏။- သော​မ​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​အ​ရပ်​သို့ သွား​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ မ​သိ​သည်​ဖြစ်၍၊ လမ်း​ခ​ရီး​ကို​အ​ဘယ်​သို့ သိ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ။- သင်​တို့​သည် ငါ့​ကို​သိ​လျှင် ငါ့​ခ​မည်း​တော်​ကို မ​သိ​ဘဲ​မ​နေ​ကြ။ ယ​ခု​မှ​စ၍ ခ​မည်း​တော်​ကို​သိ​မြင်​ကြ၏​ဟု မိန့်​တော်​မူ၏။ ဖိ​လိ​ပ္ပု​က​လည်း၊ သ​ခင်၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​ပါ။ ထို​သို့​ပြ​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့ အ​လို​ပြည့်​စုံ​ပါ​မည်​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ ဖိ​လိ​ပ္ပု၊ ဤ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​ပြီး​မှ သင်​သည် ငါ့​ကို မ​သိ​သေး​သ​လော။ ငါ့​ကို​မြင်​သော​သူ​သည် ခ​မည်း​တော်​ကို​မြင်၏။ သို့​ဖြစ်​လျှင်၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​ပါ​ဟု သင်​သည်​အ​ဘယ်​သို့ ဆို​ရ​သ​နည်း။- ငါ​သည် ခ​မည်း​တော်၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​သည် ငါ၌​ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း မ​ယုံ​သ​လော။ ငါ​ဟော​ပြော​သော​စ​ကား​ကို ကိုယ်​အ​လို​အ​လျောက် ငါ​ဟော​ပြော​သည်​မ​ဟုတ်။ ငါ​ပြု​သော​အ​မှု​တို့​ကို​ကား၊ ငါ၌ တည်​နေ​တော်​မူ​သော ခ​မည်း​တော်​သည် ပြု​တော်​မူ၏။- ငါ​သည် ခ​မည်း​တော်၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​သည် ငါ၌​ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း ယုံ​ကြ​လော။ ငါ့​စ​ကား​ကို မ​ယုံ​လျှင်၊ ငါ့​အ​မှု​တို့​ကို​ထောက်၍ ယုံ​ကြ​လော့။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ​ပြု​သော​အ​မှု​တို့​ကို ပြု​လိမ့်​မည်။ ထို​အ​မှု​တို့​ထက်​သာ၍ ကြီး​သော​အ​မှု​တို့​ကို​လည်း ပြု​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား၍၊- သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု​လျက် ဆု​တောင်း​သ​မျှ​အ​တိုင်း ငါ​ပြု​မည်။ အ​ကြောင်း​မူ​ကာ၊ ခ​မည်း​တော်​သည် သား​တော်​အား​ဖြင့် ဘုန်း​ထင်​ရှား​တော်​မူ​ခြင်း ရှိ​မည်​အ​ကြောင်း​တည်း။- သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ တစ်​စုံ​တစ်​ခု​သော​ဆု​ကို​တောင်း​လျှင်၊ တောင်း​သည်​အ​တိုင်း ငါ​ပြု​မည်။ ငါ့​ကို​ချစ်​လျှင် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ကြ​လော့။ ငါ​သည် ခ​မည်း​တော်​ကို​တောင်း၍၊- ခ​မည်း​တော်​သည် သ​မ္မာ​တ​ရား​ကို​ပြ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော တစ်​ပါး​သော​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​ကို သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ်​တည်​နေ​စေ​ခြင်း​ငှာ သင်​တို့​အား​ပေး​တော်​မူ​မည်။- ထို​ဝိ​ညာဉ်​တော်​ကို လော​ကီ​သား​တို့​သည် မ​သိ​မ​မြင်​သော​ကြောင့် မ​ခံ​မ​ယူ​နိုင်​ကြ။ ထို​ဝိ​ညာဉ်​တော်​သည် သင်​တို့​နှင့်​အ​တူ​တည်​နေ၍၊ သင်​တို့၌ ရှိ​တော်​မူ​သော​ကြောင့် သင်​တို့​သိ​ရ​ကြ၏။- ငါ​သည် သင်​တို့​ကို မိ​ဘ​မဲ့​ဖြစ်​စေ​ခြင်း​ငှာ စွန့်​ပစ်​မည်​မ​ဟုတ်။ သင်​တို့​ဆီ​သို့ လာ​ဦး​မည်။- ခ​ဏ​ကြာ​ပြီး​မှ လော​ကီ​သား​တို့​သည် ငါ့​ကို​မ​မြင်​ရ​ကြ။ သင်​တို့​မူ​ကား မြင်​ရ​ကြ​လိမ့်​မည်။ ငါ​သည် အ​သက်​ရှင်​သော​ကြောင့် သင်​တို့​သည်​လည်း အ​သက်​ရှင်​ရ​ကြ​လိမ့်​မည်။- ငါ​သည် ခ​မည်း​တော်၌​ရှိ​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည် ငါ၌​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​သည် သင်​တို့၌​ရှိ​သည်​ကို​လည်း​ကောင်း၊ ထို​နေ့၌ သင်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။- ငါ့​ပ​ညတ်​တို့​ကို​ရ၍ စောင့်​ရှောက်​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်၏။ ငါ့​ကို​ချစ်​သော​သူ​ကို ငါ့​ခ​မည်း​တော်​သည် ချစ်​တော်​မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်၍ သူ့​အား​ကိုယ်​တိုင်​ထင်​ရှား​မည်​ဟု မိန့်​တော်​မူ၏။ ယု​ဒ​ရှ​ကာ​ရုတ်​မ​ဟုတ်၊ အ​ခြား​သော​ယု​ဒ​က၊ သ​ခင်၊ ကိုယ်​တော်​သည် လော​ကီ​သား​တို့​အား မ​ထင်​ရှား​ဘဲ အ​ကျွန်ုပ်​တို့​အား အ​ဘယ်​သို့ ထင်​ရှား​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်၏။- ယေ​ရှု​က​လည်း၊ ငါ့​ကို​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်​လိမ့်​မည်။ ငါ့​ခ​မည်း​တော်​သည် ထို​သူ​ကို ချစ်​တော်​မူ​သည်။ ငါ​တို့​သည်​လည်း၊ သူ့​ဆီ​သို့​ကြွ၍ နေ​ရာ​ချ​မည်။- ငါ့​ကို​မ​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို နား​မ​ထောင်။ သင်​တို့​ကြား​သော​စ​ကား​သည် ငါ့​စ​ကား​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်၏​စ​ကား​တော်​ဖြစ်၏။- ငါ​သည် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​တွင် ဤ​စ​ကား​ကို​ပြော​ခဲ့​ပြီ။- ခ​မည်း​တော်​သည် ငါ့​အ​တွက်​ကြောင့် စေ​လွှတ်​တော်​မူ​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​တည်း​ဟူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​ပြော​ခဲ့​သ​မျှ​သော စ​ကား​တို့​ကို မှတ်​မိ​သော​ဉာဏ်​ကို သင်​တို့​အား ပေး​တော်​မူ​မည်။- ငြိမ်​သက်​ခြင်း​ကို သင်​တို့၌​ငါ​ထား​ခဲ့၏။ ငါ၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး၏။ လော​ကီ​သား​တို့ ပေး​သ​ကဲ့​သို့ ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​နှင့်။- ငါ​သည် ယ​ခု​သွား​သော်​လည်း သင်​တို့​ဆီ​သို့ လာ​ဦး​မည်​ဟု ငါ​ပြော​သော​စ​ကား​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​သည် ငါ့​ကို​ချစ်​လျှင် ခ​မည်း​တော်​ထံ​သို့ ငါ​သွား​မည်​ကို ဝမ်း​မြောက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ့​ခ​မည်း​တော်​သည် ငါ့​ထက်​သာ၍ ကြီး​မြတ်​တော်​မူ၏။- ထို​အ​မှု​အ​ရာ​ရောက်​သော​အ​ခါ သင်​တို့​သည်​ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မ​ရောက်​မီ ယ​ခု​ပင်​သင်​တို့​အား ငါ​ပြော​နှင့်​ပြီ။- ယ​ခု​မှ​စ၍ ငါ​သည်​သင်​တို့​နှင့် များ​စွာ​မ​ပြော​ရ။ အ​ကြောင်း​မူ​ကား၊ ဤ​လော​က​ကို အ​စိုး​ရ​သော​မင်း​သည် လာ​ဆဲ​ဖြစ်၏။ လာ​သော်​လည်း ငါ၌​အ​ဘယ်​အ​ခွင့်​အ​ရာ​ကို​မျှ မ​တွေ့​ရ။- ငါ​သည် ခ​မည်း​တော်​ကို ချစ်​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​မှာ​တော်​မူ​သည်​အ​တိုင်း ငါ​ပြု​သည်​ကို​လည်း​ကောင်း၊ လော​ကီ​သား​တို့ သိ​မည်​အ​ကြောင်း​တည်း။ ဤ​အ​ရပ်​မှ ထ၍​သွား​ကြ​ကုန်​အံ့။

ရှင်ယောဟန် 14:1-31 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​က ``သင်​တို့​စိတ်​မ​ပူ​ပန်​ကြ နှင့်။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကြ​လော့။ ငါ့ ကို​လည်း​ယုံ​ကြည်​လော့။- ငါ့​ခ​မည်း​တော်​၏​အိမ်​တော်​တွင်​အ​ခန်း​များ​စွာ ရှိ​၏။ သို့​မ​ရှိ​ပါ​မူ​ငါ​သည်​သင်​တို့​အ​တွက် နေ​ရာ​ကို​သွား​၍​ပြင်​ဆင်​မည်​ဟု​ပြော​ဆို ပါ​မည်​လော။- ယင်း​သို့​သွား​၍​ပြင်​ဆင်​ပြီး​မှ​သင်​တို့​ထံ​သို့ ငါ​ပြန်​လာ​၍ ငါ​ရှိ​ရာ​အ​ရပ်​တွင်​သင်​တို့​ရှိ နိုင်​ကြ​စေ​ရန် သင်​တို့​ကို​ငါ့​ထံ​သို့​ခေါ်​ဆောင် မည်။- ငါ​သွား​ရာ​အ​ရပ်​သို့​ရောက်​စေ​မည့်​ခ​ရီး လမ်း​ကို​သင်​တို့​သိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ သော​မ​က ``သ​ခင်၊ အ​ရှင်​အ​ဘယ်​အ​ရပ်​သို့ သွား​မည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ။ အ​ဘယ် သို့​လျှင်​ခ​ရီး​လမ်း​ကို​အ​ကျွန်ုပ်​တို့​သိ​နိုင် ကြ​ပါ​မည်​နည်း'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​ခ​ရီး​လမ်း​ဖြစ်​၏။ သမ္မာ​တ​ရား​လည်း​ဖြစ်​၏။ အ​သက်​လည်း​ဖြစ်​၏။ ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ​အ​ဘယ်​သူ​မျှ​ခ​မည်း တော်​ထံ​သို့​မ​ရောက်​နိုင်။- ယ​ခု​သင်​တို့​သည်​ငါ့​ကို​သိ​ကြ​ပြီ​ဖြစ်​၍ ငါ့​ခ​မည်း​တော်​ကို​လည်း​သိ​ကြ​လိမ့်​မည်။ ယ​ခု မှ​စ​၍​ခ​မည်း​တော်​ကို​သင်​တို့​သိ​ကျွမ်း​၍​ဖူး မြင်​ရ​ကြ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဖိ​လိပ္ပု​က ``အ​ရှင်​ဘု​ရား၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား​ပြ​တော်​မူ​ပါ။ သို့​ပြ​တော် မူ​လျှင်​အ​ကျွန်ုပ်​တို့​အ​လို​ပြည့်​ပါ​ပြီ'' ဟု လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ဖိ​လိပ္ပု၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ဤ​မျှ​ကြာ​အောင်​နေ​ခဲ့​ပြီး​ဖြစ်​ပါ လျက်​ငါ့​ကို​သင်​မ​သိ​ပါ​သ​လော။ ငါ့​ကို တွေ့​မြင်​ရ​သူ​သည်​ခ​မည်း​တော်​ကို​ဖူး​မြင် ရ​၏။ ခ​မည်း​တော်​အား​အ​ကျွန်ုပ်​တို့​ကို​ပြ တော်​မူ​ပါ​ဟု​အ​ဘယ်​ကြောင့်​ဆို​သ​နည်း။- ငါ​သည်​ခ​မည်း​တော်​၌​တည်​ရှိ​နေ​၍​ခ​မည်း တော်​သည်​လည်း ငါ​၌​တည်​ရှိ​နေ​တော်​မူ​သည် ကို​သင်​မ​ယုံ​သ​လော။ သင်​တို့​အား​ငါ​ပြော သော​စ​ကား​သည်​ငါ့​ကိုယ်​ပိုင်​စ​ကား​မ​ဟုတ်။ ငါ​ပြု​သော​အ​မှု​တို့​သည်​ခ​မည်း​တော်​ပြု တော်​မူ​သော​အ​မှု​များ​ပင်​ဖြစ်​၏။- ငါ​သည်​ခ​မည်း​တော်​၌​တည်​နေ​၍​ခ​မည်း တော်​သည်​လည်း ငါ​၌​တည်​နေ​တော်​မူ​သည် ဟု​ငါ​ပြော​သည်​ကို​ယုံ​ကြ​လော့။ မ​ယုံ​လျှင် ငါ​ပြု​သော​အ​မှု​များ​ကို​ထောက်​၍​ယုံ​ကြ လော့။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ့​ကို​ယုံ​ကြည်​သူ​သည်​ငါ​ပြု​သော​အ​မှု တို့​ကို​ပြု​လိမ့်​မည်။ ထို​ထက်​ကြီး​မြတ်​သည့် အ​မှု​များ​ကို​ပင်​ပြု​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​ငါ​သည်​ခ​မည်း​တော်​ထံ​တော်​သို့ သွား​မည်​ဖြစ်​သော​ကြောင့်​တည်း။- သား​တော်​အား​ဖြင့်​ခ​မည်း​တော်​ဘုန်း​အ​သ​ရေ ထွန်း​တောက်​စေ​အံ့​သော​ငှာ​ငါ့​နာ​မ​ကို​အ​မှီ ပြု​၍ သင်​တို့​တောင်း​လျှောက်​သ​မျှ​အ​တိုင်း ငါ​ပြု​မည်။- ငါ့​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​မည်​သည့် ဆု​ကို​မ​ဆို​ငါ့​ကို​တောင်း​လျှင် တောင်း​သည့် အ​တိုင်း​ငါ​ပြု​မည်။ ``သင်​တို့​သည်​ငါ့​ကို​ချစ်​လျှင်​ငါ့​ပ​ညတ် တို့​ကို​စောင့်​ထိန်း​လိမ့်​မည်။- ငါ​သည်​ခ​မည်း​တော်​အား​တောင်း​လျှောက် သ​ဖြင့်​သင်​တို့​နှင့်​အ​တူ​အ​စဉ်​အ​မြဲ​ရှိ​၍ သင်​တို့​အား​မ​စ​တော်​မူ​သော​အ​ခြား အ​ရှင်​တစ်​ပါး​ကို​ပေး​တော်​မူ​လိမ့်​မည်။- ထို​အ​ရှင်​သည်​ဘု​ရား​သ​ခင်​အ​ကြောင်း​ဆိုင် ရာ​သမ္မာ​တ​ရား​ကို​ဖော်​ပြ​သော​ဝိ​ညာဉ်​တော် ဖြစ်​၏။ လော​က​သား​တို့​သည်​ထို​ဝိ​ညာဉ်​တော် ကို​မြင်​လည်း​မ​မြင်၊ သိ​လည်း​မ​သိ​သ​ဖြင့် မ​ခံ​မ​ယူ​နိုင်။ ထို​ဝိ​ညာဉ်​တော်​သည်​သင်​တို့ နှင့်​အ​တူ​တည်​နေ​တော်​မူ​၍ သင်​တို့​စိတ်​နှ​လုံး တွင်​ကျိန်း​ဝပ်​တော်​မူ​သ​ဖြင့်​ထို​အ​ရှင်​ကို သင်​တို့​သိ​ကြ​၏။ ``ငါ​သည်​သင်​တို့​အား​ခို​ကိုး​ရာ​မဲ့​ဖြစ်​စေ မည်​မ​ဟုတ်။ သင်​တို့​ထံ​သို့​ငါ​လာ​ဦး​မည်။- ကာ​လ​အ​နည်း​ငယ်​ကြာ​လျှင်​ဤ​လော​က သား​တို့​သည် ငါ့​ကို​မြင်​ကြ​ရ​တော့​မည်​မ​ဟုတ် သော်​လည်း သင်​တို့​မူ​ကား​မြင်​ကြ​ရ​လိမ့်​မည်။ ငါ သည်​အ​သက်​ရှင်​သော​ကြောင့်​သင်​တို့​သည်​လည်း အ​သက်​ရှင်​ကြ​လိမ့်​မည်။- ငါ​သည်​ခ​မည်း​တော်​၌​တည်​နေ​သည်​ကို​လည်း ကောင်း၊ သင်​တို့​သည်​ငါ​၌​တည်​နေ​၍​ငါ​သည် လည်း​သင်​တို့​၌​တည်​နေ​သည်​ကို​လည်း​ကောင်း ထို​နေ့​ရက်​၌​သင်​တို့​သိ​ကြ​လိမ့်​မည်။'' ``ငါ့​ပ​ညတ်​များ​ကို​ခံ​ယူ​၍​စောင့်​ထိန်း​သော သူ​သည်​ငါ့​ကို​ချစ်​သော​သူ​ဖြစ်​၏။ ငါ့​ကို​ချစ် သော​သူ​ကို ခ​မည်း​တော်​သည်​ချစ်​တော်​မူ​မည်။ ငါ​သည်​လည်း​သူ့​ကို​ချစ်​၍ မိ​မိ​ကိုယ်​ကို​သူ့ အား​ပေါ်​လွင်​ထင်​ရှား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။ (ရှ​ကာ​ရုတ်​မ​ဟုတ်​သူ) အ​ခြား​ယု​ဒ​က``သ​ခင်၊ လော​က​သား​တို့​အား​မိ​မိ​ကိုယ်​ကို​ပေါ်​လွင် ထင်​ရှား​စေ​တော်​မ​မူ​ဘဲ အ​ကျွန်ုပ်​တို့​အား အ​ဘယ်​သို့​ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​မည် နည်း'' ဟု​မေး​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​ကို​ချစ်​သော​သူ​သည် ငါ့​သွန်​သင်​ချက်​ကို​ခံ​ယူ​လိမ့်​မည်။ သို့​ဖြစ်​၍ ငါ့​ခ​မည်း​တော်​သည်​ထို​သူ​ကို​ချစ်​တော်​မူ လိမ့်​မည်။ ငါ့​ခမည်း​တော်​နှင့်​ငါ​သည်​လည်း​သူ့ ထံ​သို့​လာ​၍​သူ​နှင့်​အ​တူ​ကျိန်း​ဝပ်​မည်။- ငါ့​ကို​မ​ချစ်​သော​သူ​သည်​ငါ့​သွန်​သင်​ချက် ကို​မ​ခံ​မ​ယူ​တတ်။ သင်​တို့​ကြား​ရ​သော​သွန် သင်​ချက်​သည်​ငါ့​သွန်​သင်​ချက်​မ​ဟုတ်။ ငါ့ ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​၏​သွန် သင်​ချက်​ဖြစ်​၏။ ``သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​ဤ​အ​ရာ များ​ကို​ငါ​ဖော်​ပြ​ပြီ။- သို့​ရာ​တွင်​ခ​မည်း​တော်​သည်​ငါ့​နာ​မ​ကြောင့် စေ​လွှတ်​တော်​မူ​မည့်​မ​စ​တော်​မူ​သော​အ​ရှင် တည်း​ဟူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သွန်​သင် ပေး​တော်​မူ​၍ ငါ​ပြော​ခဲ့​သ​မျှ​သော​အ​ရာ​တို့ ကို​သင်​တို့​အား​ပြန်​လည်​သ​တိ​ရ​စေ​တော် မူ​လိမ့်​မည်။ ``ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ထား​ခဲ့​၏။ ငါ​၏​ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ပေး​၏။ လော​က​သား​တို့​ပေး​သ​ကဲ့​သို့​မ​ဟုတ်။ သင်​တို့ စိတ်​မ​ပူ​ပန်​ကြ​နှင့်။ မ​ကြောက်​ကြ​နှင့်။- `ငါ​ယ​ခု​သွား​သော်​လည်း​သင်​တို့​ထံ​ကို ပြန်​လာ​ဦး​မည်' ဟု​ပြော​သည်​ကို​သင်​တို့ ကြား​ခဲ့​ကြ​ပြီ။ ခ​မည်း​တော်​သည်​ငါ့​ထက် ကြီး​မြတ်​တော်​မူ​၏။ သို့​ဖြစ်​၍​သင်​တို့​ငါ့ ကို​ချစ်​လျှင်​ခ​မည်း​တော်​ထံ​သို့​ငါ​သွား သည်​ကို​ဝမ်း​မြောက်​ကြ​လိမ့်​မည်။- ထို​အ​မှု​အ​ရာ​ဖြစ်​ပျက်​သော​အ​ခါ​၌​သင် တို့​ယုံ​ကြည်​ကြ​စေ​ရန် ယ​ခု​က​ပင်​ကြို​တင် ၍​သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။- လော​က​ကို​အ​စိုး​ရ​သူ​သည်​ရောက်​ရှိ​လာ တော့​မည်။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​နှင့်​စ​ကား ကြာ​ကြာ​ပြော​နိုင်​တော့​မည်​မ​ဟုတ်။ သူ​သည် ငါ့​ကို​မည်​သို့​မျှ​မ​ပြု​နိုင်။- သို့​ရာ​တွင်​ငါ​သည်​ခ​မည်း​တော်​ကို​ချစ်​ကြောင်း ကမ္ဘာ​က​သိ​ရန်​လို​ပေ​သည်။ သို့​ဖြစ်​၍​ငါ​သည် ခ​မည်း​တော်​ငါ့​အား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို ငါ​လိုက်​နာ​ဆောင်​ရွက်​၏။ ထ​၍​ဤ​နေ​ရာ​မှ​သွား​ကြ​ကုန်​အံ့'' ဟု မိန့်​တော်​မူ​၏။

ရှင်ယောဟန် 14:1-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​စိတ်​ပူပန်​ခြင်း​မ​ရှိ​ကြ​နှင့်။ ဘုရားသခင်​ကို​ယုံကြည်​ကြ​လော့။ ငါ့​ကို​လည်း​ယုံကြည်​ကြ​လော့။ ငါ့​ခမည်းတော်​၏​အိမ်​တော်​၌ နေ​စရာ​များစွာ​ရှိ​၏။ မ​ရှိ​ပါက မ​ရှိ​ကြောင်း သင်​တို့​အား ငါ​ပြော​ခဲ့​ပေ​လိမ့်မည်။ သင်​တို့​အတွက် နေရာ​ပြင်ဆင်​ရန် ငါ​သွား​မည်။ ထိုသို့​သွား​၍ သင်​တို့​အတွက်​နေရာ​ပြင်ဆင်​ပြီးလျှင် ငါ​ရှိ​ရာ​အရပ်​၌ သင်​တို့​လည်း​ရှိ​စေရန် တစ်ဖန်​ပြန်လာ​၍ သင်​တို့​ကို ငါ့​ထံသို့ ခေါ်ယူ​သိမ်းဆည်း​မည်။ ငါ​သွား​ရာ​အရပ်​သို့​ရောက်​သော​လမ်း​ကို သင်​တို့​သိ​ကြ​၏”​ဟု မိန့်​တော်မူ​၏။ သောမ​က “သခင်​ဘုရား၊ ကိုယ်တော်​သည် မည်သည့်​အရပ်​သို့ ကြွ​တော်မူ​မည်​ကို အကျွန်ုပ်​တို့​မ​သိ​သည်​ဖြစ်၍ ထို​လမ်း​ကို မည်သို့​သိ​နိုင်​ပါ​မည်နည်း”​ဟု လျှောက်​လျှင် ယေရှု​က“ငါ​သည် လမ်း၊ သမ္မာတရား​နှင့် အသက်​ဖြစ်​၏။ ငါ့​ကို​အမှီ​မ​ပြု​လျှင် မည်သူမျှ ခမည်းတော်​ထံသို့​မ​ရောက်​နိုင်​ရာ။ သင်​တို့​သည် ငါ့​ကို​သိ​ခဲ့​လျှင် ငါ့​ခမည်းတော်​ကို​လည်း သိ​ခဲ့​ကြ​ပေ​လိမ့်မည်။ ယခု​မှစ၍ သင်​တို့​သည် ခမည်းတော်​ကို​သိ​လျက် မြင်​ရ​ကြ​လေ​ပြီ”​ဟု မိန့်​တော်မူ​၏။ ဖိလိပ္ပု​က “သခင်​ဘုရား၊ ခမည်းတော်​ကို အကျွန်ုပ်​တို့​အား​ပြ​တော်မူ​ပါ။ ထိုသို့​ပြ​တော်မူ​လျှင် အကျွန်ုပ်​တို့​အတွက် လုံလောက်​ပါ​ပြီ”​ဟု လျှောက်​လေ​၏။ ယေရှု​က“ဖိလိပ္ပု၊ ငါ​သည် သင်​တို့​နှင့်အတူ ဤမျှလောက်​ကြာမြင့်​စွာ​ရှိ​လျက်​နှင့်​ပင် သင်​သည် ငါ့​ကို​မ​သိ​ခဲ့​သလော။ ငါ့​ကို​မြင်​သော​သူ​သည် ခမည်းတော်​ကို​မြင်​လေ​ပြီ။ သို့ဖြစ်လျှင် ‘ခမည်းတော်​ကို အကျွန်ုပ်​တို့​အား​ပြ​တော်မူ​ပါ’​ဟု သင်​မည်သို့​ဆို​နိုင်​သနည်း။ ငါ​သည် ခမည်းတော်​၌​ရှိ​၍ ခမည်းတော်​သည် ငါ​၌​ရှိ​တော်မူ​သည်​ကို သင်​မ​ယုံ​သလော။ သင်​တို့​အား ငါ​ပြောဆို​သော​စကား​တို့​ကို ငါ့​ဆန္ဒ​အလျောက်​ငါ​ပြောဆို​သည်​မ​ဟုတ်။ ငါ​၌​တည်​နေ​တော်မူ​သော​ခမည်းတော်​သည် သူ​၏​အမှု​တော်​များ​ကို​ပြု​တော်မူ​ခြင်း​သာ​ဖြစ်​၏။ ငါ​သည် ခမည်းတော်​၌​ရှိ​၍ ခမည်းတော်​သည် ငါ​၌​ရှိ​ကြောင်း​ကို ယုံ​ကြ​လော့။ မ​ယုံ​နိုင်​လျှင် ငါ​ပြု​သော​အမှု​များ​ကို​ထောက်၍ ယုံ​ကြ​လော့။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ့​ကို​ယုံကြည်​သော​သူ​သည် ငါ​ပြု​သော​အမှု​တို့​ကို​ပြု​လိမ့်မည်။ ထို​ထက် ပို၍​ကြီးမြတ်​သော​အမှု​တို့​ကို​လည်း ပြု​လိမ့်မည်။ အကြောင်းမူကား ငါ​သည် ခမည်းတော်​ထံသို့​သွား​မည်​ဖြစ်​၏။ ခမည်းတော်​သည် သား​တော်​အားဖြင့် ဘုန်း​တော်​ထင်ရှား​မည့်​အကြောင်း ငါ​၏​နာမ​၌ သင်​တို့​တောင်းလျှောက်​သမျှ​ကို ငါ​ပြု​မည်။ သင်​တို့​သည် ငါ​၏​နာမ​၌ တစ်စုံတစ်ခု​ကို​တောင်းလျှောက်​လျှင် ငါ​သည် ထို​အရာ​ကို​ပြု​မည်။ သင်​တို့​သည် ငါ့​ကို​ချစ်​လျှင် ငါ​၏​ပညတ်​ချက်​များ​ကို စောင့်ထိန်း​ကြ​လိမ့်မည်။ ငါ​သည်​လည်း ခမည်းတော်​ကို​တောင်းလျှောက်​သဖြင့် ခမည်းတော်​သည် အခြား​သော​ကူညီ​မစ​သူ​တစ်​ပါး​ကို သင်​တို့​နှင့်အတူ ကာလ​အစဉ်အဆက်​ရှိ​စေရန် သင်​တို့​အား​ပေး​တော်မူ​မည်။ ထို​အရှင်​မှာ သမ္မာတရား​၏​ဝိညာဉ်​တော်​ဖြစ်​၏။ ဤ​လောက​သည် ထို​အရှင်​ကို မြင်​လည်း​မ​မြင်၊ သိ​လည်း​မ​သိ​သောကြောင့် ထို​အရှင်​ကို​မ​ခံယူ​မ​ရရှိ​နိုင်။ သို့သော် ထို​အရှင်​သည် သင်​တို့​နှင့်အတူ​တည်​နေ​၍ သင်​တို့​၌​ရှိ​နေ​မည်​ဖြစ်​သောကြောင့် သင်​တို့​သည် ထို​အရှင်​ကို​သိ​ကြ​၏။ ငါ​သည် သင်​တို့​ကို မိဘမဲ့​အဖြစ် ပစ်ထား​မည်​မ​ဟုတ်။ သင်​တို့​ထံသို့ ငါ​ပြန်လာ​ဦး​မည်။ နောက်ထပ် ခဏ​ကြာ​လျှင် ဤ​လောက​သည် ငါ့​ကို​မြင်​ရ​တော့မည်​မ​ဟုတ်။ သင်​တို့​မူကား ငါ့​ကို​မြင်​ရ​ကြ​လိမ့်မည်။ ငါ​သည်​အသက်ရှင်​သောကြောင့် သင်​တို့​သည်​လည်း အသက်ရှင်​ရ​ကြ​လိမ့်မည်။ ထို​နေ့​တွင် ငါ့​ခမည်းတော်​၌ ငါ​ရှိ​သည်​ကို​လည်းကောင်း၊ သင်​တို့​သည် ငါ​၌​ရှိ​၍ ငါ​သည် သင်​တို့​၌​ရှိ​သည်​ကို​လည်းကောင်း သင်​တို့​သိ​ကြ​လိမ့်မည်။ ငါ​၏​ပညတ်​ချက်​များ​ကို​ရရှိ​၍ ၎င်း​တို့​ကို​စောင့်ထိန်း​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်​၏။ ငါ့​ကို​ချစ်​သော​သူ​အား ငါ့​ခမည်းတော်​သည် ချစ်​တော်မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်​၍ သူ့​ထံ၌ မိမိကိုယ်ကို​ထင်ရှား​စေ​မည်”​ဟု မိန့်​တော်မူ​၏။ ယုဒ​ဣရှကာရုတ်​မ​ဟုတ်​သော​ယုဒ​က “သခင်​ဘုရား၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထံ မိမိကိုယ်ကို​ထင်ရှား​စေရန်​ကြံရွယ်​တော်မူ​သော်လည်း လောကီသား​တို့​ထံ မ​ထင်ရှား​စေ​သည်​မှာ မည်သို့​နည်း”​ဟု မေးလျှောက်​၏။ ယေရှု​က​လည်း“မည်သူမဆို ငါ့​ကို​ချစ်​လျှင် ငါ့​စကား​ကို လိုက်နာ​စောင့်ထိန်း​လိမ့်မည်။ ငါ့​ခမည်းတော်​သည်​လည်း ထို​သူ​ကို​ချစ်​တော်မူ​သဖြင့် ငါ​တို့​သည် သူ့​ထံသို့​လာ​၍ သူ​နှင့်အတူ​နေထိုင်​မည်။ ငါ့​ကို​မ​ချစ်​သော​သူ​သည် ငါ့​စကား​ကို​လိုက်နာ​စောင့်ထိန်း​ခြင်း​မ​ရှိ။ သင်​တို့​ကြား​ရ​သော​စကား​သည် ငါ​၏​စကား​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော ခမည်းတော်​၏​စကား​ဖြစ်​၏။ သင်​တို့​နှင့်အတူ​ရှိ​နေ​စဉ် ဤ​အရာ​များ​ကို ငါ​ဟောပြော​ခဲ့​ပြီ။ သို့သော် ငါ့​နာမ​၌ ခမည်းတော်​စေလွှတ်​တော်မူ​မည့် ကူညီ​မစ​သူ​တည်းဟူသော သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား​သွန်သင်​တော်မူ​၍ ငါ​ပြောဆို​ခဲ့​သမျှ​သော​အရာ​တို့​ကို သင်​တို့​အား ပြန်လည်​သတိရ​စေ​တော်မူ​လိမ့်မည်။ ငါ​သည် ငြိမ်သက်​ခြင်း​ကို သင်​တို့​၌​ထားခဲ့​၏။ ငါ​၏​ငြိမ်သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး​၏။ ဤ​လောက​ပေး​သည့်​အတိုင်း သင်​တို့​အား ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့​စိတ်​ပူပန်​ခြင်း​မ​ရှိ​ကြ​နှင့်။ ကြောက်ရွံ့​ခြင်း​လည်း​မ​ရှိ​ကြ​နှင့်။ ငါ​သည် သွား​သော်လည်း သင်​တို့​ထံသို့​ပြန်လာ​ဦး​မည်​ဟု ငါ​ပြော​ခဲ့​သည်​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​သည် ငါ့​ကို​ချစ်​ကြ​လျှင် ခမည်းတော်​ထံသို့ ငါ​သွား​သည့်​အတွက် ဝမ်းမြောက်​ကြ​လိမ့်မည်။ အကြောင်းမူကား ခမည်းတော်​သည် ငါ့​ထက် ကြီးမြတ်​တော်မူ​၏။ ထို​အခြင်းအရာ​ဖြစ်ပျက်​လာ​သောအခါ သင်​တို့​ယုံကြည်​ကြ​စေရန် မ​ဖြစ်ပျက်​မီ​က​ပင် သင်​တို့​ကို ယခု ငါ​ပြော​ထား​၏။ ငါ​သည် သင်​တို့​နှင့် များစွာ​ပြော​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ဤ​လောက​ကို​အုပ်ချုပ်​သူ​သည် ရောက်လာ​တော့မည်။ သူ​သည် ငါ့​အပေါ်၌ မည်သည့်​အခွင့်​အာဏာ​မျှ​မ​ရှိ။ သို့ရာတွင် ငါ​သည် ခမည်းတော်​ကို​ချစ်​ကြောင်း ဤ​လောက​အား​သိ​စေရန် ငါ့​ကို ခမည်းတော်​မိန့်မှာ​တော်မူ​သည့်​အတိုင်း ငါ​ပြု​၏။ ထ​ကြ​လော့။ ဤ​အရပ်​မှ​သွား​ကြ​ကုန်စို့။