YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 14:1-14

ရှင်ယောဟန် 14:1-14 Judson Bible (JBMLE)

တစ်​ဖန်​တုံ​ယေ​ရှု​က၊ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း မ​ရှိ​စေ​နှင့်။ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။ ငါ့​ကို​လည်း ယုံ​ကြည်​ကြ​လော့။- ငါ့​အ​ဘ၏​အိမ်​တော်၌ နေ​စ​ရာ​အ​ခန်း​အ​များ​ရှိ၏။ သို့​မ​ဟုတ်​လျှင် မ​ဟုတ်​ကြောင်း​ကို သင်​တို့​အား ငါ​မ​ပြော​ဘဲ​မ​နေ။ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ခြင်း​ငှာ ငါ​သွား​ရ၏။- ငါ​သည်​သွား၍ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ပြီး​မှ တစ်​ဖန်​လာ​ပြန်၍၊ ငါ​ရှိ​ရာ​အ​ရပ်၌ သင်​တို့​ရှိ​စေ​ခြင်း​ငှာ သင်​တို့​ကို ငါ့​ထံ​သို့ သိမ်း​ဆည်း​မည်။- ငါ​သည် အ​ဘယ်​အ​ရပ်​သို့ သွား​သည်​ကို​လည်း​ကောင်း၊ လမ်း​ခ​ရီး​ကို​လည်း​ကောင်း၊ သင်​တို့​သိ​ကြ၏​ဟု မိန့်​တော်​မူ၏။- သော​မ​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​အ​ရပ်​သို့ သွား​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ မ​သိ​သည်​ဖြစ်၍၊ လမ်း​ခ​ရီး​ကို​အ​ဘယ်​သို့ သိ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ။- သင်​တို့​သည် ငါ့​ကို​သိ​လျှင် ငါ့​ခ​မည်း​တော်​ကို မ​သိ​ဘဲ​မ​နေ​ကြ။ ယ​ခု​မှ​စ၍ ခ​မည်း​တော်​ကို​သိ​မြင်​ကြ၏​ဟု မိန့်​တော်​မူ၏။ ဖိ​လိ​ပ္ပု​က​လည်း၊ သ​ခင်၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​ပါ။ ထို​သို့​ပြ​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့ အ​လို​ပြည့်​စုံ​ပါ​မည်​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ ဖိ​လိ​ပ္ပု၊ ဤ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​ပြီး​မှ သင်​သည် ငါ့​ကို မ​သိ​သေး​သ​လော။ ငါ့​ကို​မြင်​သော​သူ​သည် ခ​မည်း​တော်​ကို​မြင်၏။ သို့​ဖြစ်​လျှင်၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​ပါ​ဟု သင်​သည်​အ​ဘယ်​သို့ ဆို​ရ​သ​နည်း။- ငါ​သည် ခ​မည်း​တော်၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​သည် ငါ၌​ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း မ​ယုံ​သ​လော။ ငါ​ဟော​ပြော​သော​စ​ကား​ကို ကိုယ်​အ​လို​အ​လျောက် ငါ​ဟော​ပြော​သည်​မ​ဟုတ်။ ငါ​ပြု​သော​အ​မှု​တို့​ကို​ကား၊ ငါ၌ တည်​နေ​တော်​မူ​သော ခ​မည်း​တော်​သည် ပြု​တော်​မူ၏။- ငါ​သည် ခ​မည်း​တော်၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​သည် ငါ၌​ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း ယုံ​ကြ​လော။ ငါ့​စ​ကား​ကို မ​ယုံ​လျှင်၊ ငါ့​အ​မှု​တို့​ကို​ထောက်၍ ယုံ​ကြ​လော့။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ​ပြု​သော​အ​မှု​တို့​ကို ပြု​လိမ့်​မည်။ ထို​အ​မှု​တို့​ထက်​သာ၍ ကြီး​သော​အ​မှု​တို့​ကို​လည်း ပြု​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား၍၊- သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု​လျက် ဆု​တောင်း​သ​မျှ​အ​တိုင်း ငါ​ပြု​မည်။ အ​ကြောင်း​မူ​ကာ၊ ခ​မည်း​တော်​သည် သား​တော်​အား​ဖြင့် ဘုန်း​ထင်​ရှား​တော်​မူ​ခြင်း ရှိ​မည်​အ​ကြောင်း​တည်း။- သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ တစ်​စုံ​တစ်​ခု​သော​ဆု​ကို​တောင်း​လျှင်၊ တောင်း​သည်​အ​တိုင်း ငါ​ပြု​မည်။

ရှင်ယောဟန် 14:1-14 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​က ``သင်​တို့​စိတ်​မ​ပူ​ပန်​ကြ နှင့်။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကြ​လော့။ ငါ့ ကို​လည်း​ယုံ​ကြည်​လော့။- ငါ့​ခ​မည်း​တော်​၏​အိမ်​တော်​တွင်​အ​ခန်း​များ​စွာ ရှိ​၏။ သို့​မ​ရှိ​ပါ​မူ​ငါ​သည်​သင်​တို့​အ​တွက် နေ​ရာ​ကို​သွား​၍​ပြင်​ဆင်​မည်​ဟု​ပြော​ဆို ပါ​မည်​လော။- ယင်း​သို့​သွား​၍​ပြင်​ဆင်​ပြီး​မှ​သင်​တို့​ထံ​သို့ ငါ​ပြန်​လာ​၍ ငါ​ရှိ​ရာ​အ​ရပ်​တွင်​သင်​တို့​ရှိ နိုင်​ကြ​စေ​ရန် သင်​တို့​ကို​ငါ့​ထံ​သို့​ခေါ်​ဆောင် မည်။- ငါ​သွား​ရာ​အ​ရပ်​သို့​ရောက်​စေ​မည့်​ခ​ရီး လမ်း​ကို​သင်​တို့​သိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ သော​မ​က ``သ​ခင်၊ အ​ရှင်​အ​ဘယ်​အ​ရပ်​သို့ သွား​မည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ။ အ​ဘယ် သို့​လျှင်​ခ​ရီး​လမ်း​ကို​အ​ကျွန်ုပ်​တို့​သိ​နိုင် ကြ​ပါ​မည်​နည်း'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​ခ​ရီး​လမ်း​ဖြစ်​၏။ သမ္မာ​တ​ရား​လည်း​ဖြစ်​၏။ အ​သက်​လည်း​ဖြစ်​၏။ ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ​အ​ဘယ်​သူ​မျှ​ခ​မည်း တော်​ထံ​သို့​မ​ရောက်​နိုင်။- ယ​ခု​သင်​တို့​သည်​ငါ့​ကို​သိ​ကြ​ပြီ​ဖြစ်​၍ ငါ့​ခ​မည်း​တော်​ကို​လည်း​သိ​ကြ​လိမ့်​မည်။ ယ​ခု မှ​စ​၍​ခ​မည်း​တော်​ကို​သင်​တို့​သိ​ကျွမ်း​၍​ဖူး မြင်​ရ​ကြ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဖိ​လိပ္ပု​က ``အ​ရှင်​ဘု​ရား၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား​ပြ​တော်​မူ​ပါ။ သို့​ပြ​တော် မူ​လျှင်​အ​ကျွန်ုပ်​တို့​အ​လို​ပြည့်​ပါ​ပြီ'' ဟု လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ဖိ​လိပ္ပု၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ဤ​မျှ​ကြာ​အောင်​နေ​ခဲ့​ပြီး​ဖြစ်​ပါ လျက်​ငါ့​ကို​သင်​မ​သိ​ပါ​သ​လော။ ငါ့​ကို တွေ့​မြင်​ရ​သူ​သည်​ခ​မည်း​တော်​ကို​ဖူး​မြင် ရ​၏။ ခ​မည်း​တော်​အား​အ​ကျွန်ုပ်​တို့​ကို​ပြ တော်​မူ​ပါ​ဟု​အ​ဘယ်​ကြောင့်​ဆို​သ​နည်း။- ငါ​သည်​ခ​မည်း​တော်​၌​တည်​ရှိ​နေ​၍​ခ​မည်း တော်​သည်​လည်း ငါ​၌​တည်​ရှိ​နေ​တော်​မူ​သည် ကို​သင်​မ​ယုံ​သ​လော။ သင်​တို့​အား​ငါ​ပြော သော​စ​ကား​သည်​ငါ့​ကိုယ်​ပိုင်​စ​ကား​မ​ဟုတ်။ ငါ​ပြု​သော​အ​မှု​တို့​သည်​ခ​မည်း​တော်​ပြု တော်​မူ​သော​အ​မှု​များ​ပင်​ဖြစ်​၏။- ငါ​သည်​ခ​မည်း​တော်​၌​တည်​နေ​၍​ခ​မည်း တော်​သည်​လည်း ငါ​၌​တည်​နေ​တော်​မူ​သည် ဟု​ငါ​ပြော​သည်​ကို​ယုံ​ကြ​လော့။ မ​ယုံ​လျှင် ငါ​ပြု​သော​အ​မှု​များ​ကို​ထောက်​၍​ယုံ​ကြ လော့။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ့​ကို​ယုံ​ကြည်​သူ​သည်​ငါ​ပြု​သော​အ​မှု တို့​ကို​ပြု​လိမ့်​မည်။ ထို​ထက်​ကြီး​မြတ်​သည့် အ​မှု​များ​ကို​ပင်​ပြု​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​ငါ​သည်​ခ​မည်း​တော်​ထံ​တော်​သို့ သွား​မည်​ဖြစ်​သော​ကြောင့်​တည်း။- သား​တော်​အား​ဖြင့်​ခ​မည်း​တော်​ဘုန်း​အ​သ​ရေ ထွန်း​တောက်​စေ​အံ့​သော​ငှာ​ငါ့​နာ​မ​ကို​အ​မှီ ပြု​၍ သင်​တို့​တောင်း​လျှောက်​သ​မျှ​အ​တိုင်း ငါ​ပြု​မည်။- ငါ့​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​မည်​သည့် ဆု​ကို​မ​ဆို​ငါ့​ကို​တောင်း​လျှင် တောင်း​သည့် အ​တိုင်း​ငါ​ပြု​မည်။

ရှင်ယောဟန် 14:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​စိတ်​ပူပန်​ခြင်း​မ​ရှိ​ကြ​နှင့်။ ဘုရားသခင်​ကို​ယုံကြည်​ကြ​လော့။ ငါ့​ကို​လည်း​ယုံကြည်​ကြ​လော့။ ငါ့​ခမည်းတော်​၏​အိမ်​တော်​၌ နေ​စရာ​များစွာ​ရှိ​၏။ မ​ရှိ​ပါက မ​ရှိ​ကြောင်း သင်​တို့​အား ငါ​ပြော​ခဲ့​ပေ​လိမ့်မည်။ သင်​တို့​အတွက် နေရာ​ပြင်ဆင်​ရန် ငါ​သွား​မည်။ ထိုသို့​သွား​၍ သင်​တို့​အတွက်​နေရာ​ပြင်ဆင်​ပြီးလျှင် ငါ​ရှိ​ရာ​အရပ်​၌ သင်​တို့​လည်း​ရှိ​စေရန် တစ်ဖန်​ပြန်လာ​၍ သင်​တို့​ကို ငါ့​ထံသို့ ခေါ်ယူ​သိမ်းဆည်း​မည်။ ငါ​သွား​ရာ​အရပ်​သို့​ရောက်​သော​လမ်း​ကို သင်​တို့​သိ​ကြ​၏”​ဟု မိန့်​တော်မူ​၏။ သောမ​က “သခင်​ဘုရား၊ ကိုယ်တော်​သည် မည်သည့်​အရပ်​သို့ ကြွ​တော်မူ​မည်​ကို အကျွန်ုပ်​တို့​မ​သိ​သည်​ဖြစ်၍ ထို​လမ်း​ကို မည်သို့​သိ​နိုင်​ပါ​မည်နည်း”​ဟု လျှောက်​လျှင် ယေရှု​က“ငါ​သည် လမ်း၊ သမ္မာတရား​နှင့် အသက်​ဖြစ်​၏။ ငါ့​ကို​အမှီ​မ​ပြု​လျှင် မည်သူမျှ ခမည်းတော်​ထံသို့​မ​ရောက်​နိုင်​ရာ။ သင်​တို့​သည် ငါ့​ကို​သိ​ခဲ့​လျှင် ငါ့​ခမည်းတော်​ကို​လည်း သိ​ခဲ့​ကြ​ပေ​လိမ့်မည်။ ယခု​မှစ၍ သင်​တို့​သည် ခမည်းတော်​ကို​သိ​လျက် မြင်​ရ​ကြ​လေ​ပြီ”​ဟု မိန့်​တော်မူ​၏။ ဖိလိပ္ပု​က “သခင်​ဘုရား၊ ခမည်းတော်​ကို အကျွန်ုပ်​တို့​အား​ပြ​တော်မူ​ပါ။ ထိုသို့​ပြ​တော်မူ​လျှင် အကျွန်ုပ်​တို့​အတွက် လုံလောက်​ပါ​ပြီ”​ဟု လျှောက်​လေ​၏။ ယေရှု​က“ဖိလိပ္ပု၊ ငါ​သည် သင်​တို့​နှင့်အတူ ဤမျှလောက်​ကြာမြင့်​စွာ​ရှိ​လျက်​နှင့်​ပင် သင်​သည် ငါ့​ကို​မ​သိ​ခဲ့​သလော။ ငါ့​ကို​မြင်​သော​သူ​သည် ခမည်းတော်​ကို​မြင်​လေ​ပြီ။ သို့ဖြစ်လျှင် ‘ခမည်းတော်​ကို အကျွန်ုပ်​တို့​အား​ပြ​တော်မူ​ပါ’​ဟု သင်​မည်သို့​ဆို​နိုင်​သနည်း။ ငါ​သည် ခမည်းတော်​၌​ရှိ​၍ ခမည်းတော်​သည် ငါ​၌​ရှိ​တော်မူ​သည်​ကို သင်​မ​ယုံ​သလော။ သင်​တို့​အား ငါ​ပြောဆို​သော​စကား​တို့​ကို ငါ့​ဆန္ဒ​အလျောက်​ငါ​ပြောဆို​သည်​မ​ဟုတ်။ ငါ​၌​တည်​နေ​တော်မူ​သော​ခမည်းတော်​သည် သူ​၏​အမှု​တော်​များ​ကို​ပြု​တော်မူ​ခြင်း​သာ​ဖြစ်​၏။ ငါ​သည် ခမည်းတော်​၌​ရှိ​၍ ခမည်းတော်​သည် ငါ​၌​ရှိ​ကြောင်း​ကို ယုံ​ကြ​လော့။ မ​ယုံ​နိုင်​လျှင် ငါ​ပြု​သော​အမှု​များ​ကို​ထောက်၍ ယုံ​ကြ​လော့။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ့​ကို​ယုံကြည်​သော​သူ​သည် ငါ​ပြု​သော​အမှု​တို့​ကို​ပြု​လိမ့်မည်။ ထို​ထက် ပို၍​ကြီးမြတ်​သော​အမှု​တို့​ကို​လည်း ပြု​လိမ့်မည်။ အကြောင်းမူကား ငါ​သည် ခမည်းတော်​ထံသို့​သွား​မည်​ဖြစ်​၏။ ခမည်းတော်​သည် သား​တော်​အားဖြင့် ဘုန်း​တော်​ထင်ရှား​မည့်​အကြောင်း ငါ​၏​နာမ​၌ သင်​တို့​တောင်းလျှောက်​သမျှ​ကို ငါ​ပြု​မည်။ သင်​တို့​သည် ငါ​၏​နာမ​၌ တစ်စုံတစ်ခု​ကို​တောင်းလျှောက်​လျှင် ငါ​သည် ထို​အရာ​ကို​ပြု​မည်။