YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 13:3-7

ရှင်ယောဟန် 13:3-7 Judson Bible (JBMLE)

ခ​မည်း​တော်​သည် အ​လုံး​စုံ​တို့​ကို သူ၏​လက်​သို့ အပ်​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​သည်​ဘု​ရား​သ​ခင့်​ထံ​တော်​မှ ထွက်​လာ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ကြွ​သွား​မည်​ကို​လည်း​ကောင်း ယေ​ရှု​သည်​သိ​တော်​မူ​သည်​နှင့်၊- စား​ပွဲ​မှ​ထ၍ ဝတ်​လုံ​တော်​ကို​ချွတ်​ပြီး​လျှင်၊ ပ​ဝါ​ကို​ယူ၍ ခါး​ကို​စည်း​တော်​မူ၏။- ထို​နောက်​မှ ရေ​ကို​အင်​တုံ၌​လောင်း၍ တ​ပည့်​တော်​တို့၏ ခြေ​ကို​ဆေး​ပြီး​မှ ခါး၌​စည်း​ထား​သော​ပ​ဝါ​နှင့် သုတ်​တော်​မူ၏။ ရှိ​မုန်​ပေ​တ​ရု​ဆီ​သို့ ရောက်​တော်​မူ​သော​အ​ခါ ထို​တ​ပည့်​တော်​က၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ခြေ​ကို​ဆေး​တော်​မူ​မည်​လော​ဟု မေး​လျှောက်၏။- ယေ​ရှု​က​လည်း၊ သင်​သည် ငါ​ပြု​သော​အ​မှု​ကို ယ​ခု​နား​မ​လည်​သေး။ နောက်​မှ​သိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 13:3-7 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​မိ​မိ​အား​ခ​မည်း​တော်​က အာ​ဏာ​ကုန်​လွှဲ​အပ်​ထား​သည်​ကို​လည်း​ကောင်း၊ မိ​မိ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြွ​လာ ၍ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ပြန်​တော့​မည်​ကို လည်း​ကောင်း​သိ​တော်​မူ​၏။- သို့​ဖြစ်​၍​စား​ပွဲ​မှ​ထ​၍​ဝတ်​လုံ​တော်​ကို ချွတ်​တော်​မူ​ပြီး​လျှင်​ပ​ဝါ​ကို​ယူ​၍​ခါး ကို​စည်း​တော်​မူ​၏။- ထို​နောက်​ဇ​လုံ​တွင်​ရေ​ထည့်​၍​တ​ပည့်​တော်​တို့ ၏​ခြေ​ကို​ဆေး​ပြီး​လျှင် ခါး​တွင်​စည်း​ထား​သော ပ​ဝါ​နှင့်​သုတ်​တော်​မူ​၏။- ရှိ​မုန်​ပေ​တ​ရု​ထံ​သို့​ရောက်​တော်​မူ​လျှင် ပေ​တ​ရု​က ``သ​ခင်၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ် ၏​ခြေ​ကို​ဆေး​တော်​မူ​မည်​လော'' ဟု​မေး လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ​ပြု​သော​အ​မှု​ကို​ယ​ခု သင်​မ​သိ။ နောင်​အ​ခါ​မှ​သိ​ရ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။

ရှင်ယောဟန် 13:3-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် အရာ​ခပ်သိမ်း​တို့​ကို မိမိ​လက်​သို့ ခမည်းတော်​ပေးအပ်​တော်မူ​သည်​ကို​လည်းကောင်း၊ မိမိ​သည် ဘုရားသခင်​ထံမှ​ကြွလာ​ပြီး ဘုရားသခင်​ထံသို့​ပြန်​သွား​တော့မည်​ကို​လည်းကောင်း သိ​တော်မူ​သဖြင့် ညစာ​စားပွဲ​မှ​ထ​၍ ဝတ်ရုံ​တော်​ကို​ချွတ်​ပြီးလျှင် ပဝါ​ကို​ယူ​လျက် မိမိ​ခါး​၌​စည်း​တော်မူ​၏။ ထို့နောက် ဇလုံ​၌​ရေ​ထည့်​၍ တပည့်​တော်​တို့​၏​ခြေ​ကို​ဆေး​ပြီးမှ ခါး​၌​စည်း​ထား​သော​ပဝါ​ဖြင့် သုတ်​တော်မူ​၏။ ဤသို့ဖြင့် ရှိမုန်​ပေတရု​ထံ​ရောက်​တော်မူ​သောအခါ ပေတရု​က “သခင်​ဘုရား၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ခြေ​ကို ဆေး​တော်မူ​မည်​လော”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သင်​သည် ငါ​ပြု​နေ​သော​အရာ​ကို ယခု​နား​မ​လည်​သော်လည်း နောင်​အခါ​သဘောပေါက်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​လျှင်

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။