ရှင်ယောဟန် 12:44-50
ရှင်ယောဟန် 12:44-50 Judson Bible (JBMLE)
ယေရှုကလည်း၊ ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာ ယုံကြည်သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်၏။- ငါ့ကို ကြည့်မြင်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ကြည့်မြင်၏။- ငါ့ကို ယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှာ ငါသည်အလင်းဖြစ်လျက် ဤလောကသို့ ကြွလာပြီ။- ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသားတို့ကို အပြစ်စီရင်အံ့သောငှာ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှာ ငါလာ၏။- ငါ့ကိုပယ်၍ ငါ့စကားကို နားမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသောစကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။- အကြောင်းမူကား၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသည်မဟုတ်၊ ငါ့ကို စေလွှတ်သောခမည်းတော်သည် အဘယ်သို့ ငါဆုံးမဟောပြောရမည်ကို ပညတ်ပေးတော်မူပြီ။ ခမည်းတော်၏ပညတ်တော်သည် ထာဝရအသက်ဖြစ်သည်ကို ငါသိ၏။- ထိုကြောင့် ဟောပြောသမျှတို့ကို ခမည်းတော်မှာထားတော်မူသည်အတိုင်း ငါဟောပြောသည်ဟု ကြွေးကြော်၍မိန့်တော်မူ၏။
ရှင်ယောဟန် 12:44-50 Common Language Bible (BCL)
သခင်ယေရှုကဤသို့ကြွေးကြော်တော်မူသည်။ ``ငါ့ကိုယုံကြည်သူသည်ငါ့ကိုသာမဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလည်း ယုံကြည်၏။- ငါ့ကိုတွေ့မြင်သူသည်ငါ့ကိုသာတွေ့မြင် သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသော အရှင်ကိုလည်းတွေ့မြင်၏။- ငါ့ကိုယုံကြည်သူမှန်သမျှသည်အမှောင် တွင်မနေရစေခြင်းငှာ ငါသည်အလင်း အဖြစ်လောကသို့ကြွလာပြီ။- ငါဟောပြောသောစကားကိုကြား၍မခံမယူ သူကိုငါသည်တရားမစီရင်။ လောကသားတို့ ကိုတရားစီရင်ရန်ငါလာသည်မဟုတ်။ လောက သားတို့ကိုကယ်တင်ရန်ငါလာသတည်း။- ငါ့ကိုပစ်ပယ်၍ငါဟောပြောသောစကားကို မခံမယူသောသူကိုတရားစီရင်မည့်သူ ရှိ၏။ ငါဟောပြောသောစကားသည်ပင်လျှင် ထိုသူကိုနောက်ဆုံးသောနေ့၌ တရားသူ ကြီးအဖြစ်ဖြင့်တရားစီရင်လိမ့်မည်။- အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်ပိုင်အခွင့် အာဏာအရဟောပြောခြင်းမဟုတ်။ ငါ့ကို စေလွှတ်တော်မူသောခမည်းတော်၏အမိန့် တော်အရဟောပြောခြင်းဖြစ်၏။- ခမည်းတော်၏အမိန့်တော်သည်ထာဝရအသက် ရစေသည်ကိုငါသိ၏။ သို့ဖြစ်၍ခမည်းတော်ပြော စေလိုသည်အတိုင်းငါဟောပြောသတည်း။''
ရှင်ယောဟန် 12:44-50 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တစ်ဖန် ယေရှုက“ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုယုံကြည်သည်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုယုံကြည်၏။ ငါ့ကိုမြင်သောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုမြင်၏။ ငါ့ကိုယုံကြည်သောသူတိုင်း မှောင်မိုက်ထဲ၌မနေရစေရန် ငါသည် အလင်းအဖြစ် ဤလောကသို့ကြွလာပြီ။ တစ်စုံတစ်ယောက်သည် ငါ့စကားတို့ကိုကြားလျက် မစောင့်ထိန်းလျှင်လည်း ငါသည် ထိုသူကိုပြစ်ဒဏ်မစီရင်။ အကြောင်းမူကား ဤလောကကို ပြစ်ဒဏ်စီရင်ရန် ငါလာသည်မဟုတ်။ ဤလောကကို ကယ်တင်ရန် ငါလာ၏။ ငါ့ကိုငြင်းပယ်၍ ငါ့စကားတို့ကိုလက်မခံသောသူအား ပြစ်ဒဏ်စီရင်သောသူရှိ၏။ ငါဟောပြောခဲ့သည့်တရားစကားကပင် နောက်ဆုံးသောနေ့၌ ထိုသူကိုပြစ်ဒဏ်စီရင်လိမ့်မည်။ အကြောင်းမူကား ငါသည် ကိုယ့်ဆန္ဒအလျောက်ဟောပြောသည်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ကိုယ်တိုင် ငါမည်သို့မြွက်ဆို၍ မည်သို့ဟောပြောရမည်ကို ငါ့အားအမိန့်ပေးတော်မူ၏။ ခမည်းတော်၏အမိန့်တော်သည် ထာဝရအသက်ဖြစ်ကြောင်းကိုငါသိ၏။ ထို့ကြောင့် ငါဟောပြောသောအရာတို့ကို ခမည်းတော်က ငါ့အားမိန့်တော်မူသည့်အတိုင်း ငါဟောပြော၏”ဟု ကြွေးကြော်တော်မူ၏။