YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 11:55-57

ရှင်ယောဟန် 11:55-57 Judson Bible (JBMLE)

ယု​ဒ​ပ​သ​ခါ​ပွဲ​ခံ​ခါ​နီး​တွင် လူ​များ​တို့​သည် မိ​မိ​တို့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ ပွဲ​မ​ခံ​မီ အ​ရပ်​ရပ်​တို့​မှ ယေ​ရု​ရှ​လင်​မြို့​သို့ လာ​ကြ၏။- ထို​သူ​တို့​သည် ယေ​ရှု​ကို​ရှာ​ဖွေ၍၊ အ​ချင်း​တို့၊ အ​ဘယ်​သို့​ထင်​ကြ​သ​နည်း။ သူ​သည် ပွဲ​သို့​မ​လာ​သ​လော​ဟု ဗိ​မာန်​တော်၌​ရပ်​လျက် အ​ချင်း​ချင်း​မေး​မြန်း​ကြ၏။- ထို​အ​ခါ အ​ဘယ်​သူ​သည် ယေ​ရှု​ရှိ​ရာ​အ​ရပ်​ကို​သိ​လျှင် သူ့​ကို​ဖမ်း​ဆီး​စေ​ခြင်း​ငှာ ပြ​ညွှန်​ရ​မည်​ဟု ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် မှာ​ခဲ့​ကြ​ပြီ။

ရှင်ယောဟန် 11:55-57 Common Language Bible (BCL)

ယု​ဒ​အ​မျိုး​သား​တို့​၏​ပ​သ​ခါ​ပွဲ​တော်​အ​ခါ နီး​ကပ်​လာ​ပြီ​ဖြစ်​၍ ကျေး​လက်​တော​ရွာ​များ မှ​လူ​အ​များ​ပင်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရန် ပွဲ​တော်​မ​စ​မီ​ယေ​ရု​ရှ​လင်​မြို့​သို့​တက်​လာ ကြ​၏။- ထို​သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို​ရှာ​လျက်​နေ ကြ​၏။ သူ​တို့​သည်​ဗိ​မာန်​တော်​တွင်​စု​ရုံး​မိ ကြ​သော​အ​ခါ ``သူ​သည်​ဤ​ပွဲ​တော်​သို့​လာ ပါ​မည်​လော။ မ​လာ​မည်​မှာ​သေ​ချာ​၏။ သင် တို့​အ​ဘယ်​သို့​ထင်​ကြ​သ​နည်း'' ဟု​အ​ချင်း ချင်း​မေး​မြန်း​ပြော​ဆို​ကြ​၏။- ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ​များ က​မည်​သူ​မ​ဆို​သ​ခင်​ယေ​ရှု​ရှိ​ရာ​အ​ရပ် ကို​သိ​လျှင် သူ့​ကို​ဖမ်း​ဆီး​နိုင်​ရန်​အ​ကြောင်း ကြား​ရ​မည်​ဟု​အ​မိန့်​ထုတ်​ပြန်​ထား​ပြီး ဖြစ်​သ​တည်း။

ရှင်ယောဟန် 11:55-57 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဂျူး​လူမျိုး​တို့​၏​ပသခါ​ပွဲတော်​နီးကပ်​လာ​ပြီ​ဖြစ်​၍ များစွာ​သော​သူ​တို့​သည် မိမိတို့ကိုယ်ကို​သန့်ရှင်း​စင်ကြယ်​စေ​ရန် ပသခါ​ပွဲတော်​မတိုင်မီ ကျေးလက်​ဒေသ​မှ ဂျေရုဆလင်​မြို့​သို့ တက်​လာ​ကြ​၏။ သူ​တို့​သည် ယေရှု​ကို​ရှာ​ရင်း ဗိမာန်​တော်​ထဲ၌​ရပ်​လျက် “သင်​တို့​မည်သို့​ထင်​ကြ​သနည်း။ သူ​သည် ဤ​ပွဲတော်​သို့ လုံးဝ​မ​လာ​ဘဲ​နေ​မည်​လော”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​မူကား ကိုယ်တော်​ကို​ဖမ်းဆီး​နိုင်​ရန်​အတွက် မည်သူမဆို ယေရှု​ရှိ​ရာ​အရပ်​ကို​သိ​လျှင် သတင်း​ပေး​ရ​မည်​ဟု အမိန့်​ထုတ်​ထား​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။