YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 11:5-9

ရှင်ယောဟန် 11:5-9 Judson Bible (JBMLE)

ယေ​ရှု​သည် မာ​သ​ကို​လည်း​ကောင်း၊ သူ၏​ညီ​မ​နှင့် လာ​ဇ​ရု​ကို​လည်း​ကောင်း ချစ်​တော်​မူ၏။- လာ​ဇ​ရု နာ​သည်​ကို​ကြား​တော်​မူ​လျှင်၊ ကြွ​တော်​မ​မူ​ဘဲ ထို​အ​ရပ်၌ နှစ်​ရက်​နေ​တော်​မူ၏။ ထို​နောက်​မှ တ​ပည့်​တော်​တို့​အား၊ ယု​ဒ​ပြည်​သို့ တစ်​ဖန်​သွား​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​လျှင်၊- တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ ယု​ဒ​လူ​တို့​သည် ယ​ခု​ပင် ကိုယ်​တော်​ကို​ခဲ​နှင့်​ပစ်​ခြင်း​ငှာ ရှာ​ကြံ​လျက်​ပင် ထို​အ​ရပ်​သို့ တစ်​ဖန် ကြွ​တော်​မူ​ဦး​မည်​လော​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ တစ်​နေ့​တွင် တစ်​ဆယ့်​နှစ်​နာ​ရီ ရှိ​သည်​မ​ဟုတ်​လော။ လူ​သည် နေ့​အ​ချိန်၌​သာ သွား​လာ​လျှင်၊ နေ​ရောင်​အ​လင်း​ကို မြင်​ရ​သော​ကြောင့် ထိ​မိ၍ မ​လဲ​တတ်။

ရှင်ယောဟန် 11:5-9 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​မာ​သ​နှင့်​ညီ​မ​မာ​ရိ​ကို လည်း​ကောင်း၊ လာ​ဇ​ရု​ကို​လည်း​ကောင်း​ချစ် တော်​မူ​၏။- လာ​ဇ​ရု​ဖျား​နာ​နေ​ကြောင်း​ကို​ကြား​တော်​မူ လျှင် ကိုယ်​တော်​သည်​မိ​မိ​ရောက်​ရှိ​ရာ​အ​ရပ် တွင်​နှစ်​ရက်​တိုင်​တိုင်​ဆက်​၍​နေ​တော်​မူ​၏။- ထို​နောက်​ကိုယ်​တော်​က ``ယု​ဒ​ပြည်​သို့​ငါ​တို့ တစ်​ဖန်​သွား​ကြ​ကုန်​အံ့'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``အ​ရှင်​ဘု​ရား၊ လူ​တို့​သည် ကိုယ်​တော်​အား​မ​ကြာ​မီ​က​ပင်​ခဲ​နှင့်​ပေါက် ရန်​ကြိုး​စား​ကြ​ပါ​၏။ ထို​အ​ရပ်​သို့​တစ်​ဖန် ကြွ​တော်​မူ​ဦး​မည်​လော'' ဟု​မေး​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``တစ်​နေ့​တွင်​တစ်​ဆယ့်​နှစ်​နာ​ရီ​ရှိ သည်​မ​ဟုတ်​လော။ နေ့​အ​ချိန်​၌​သွား​လာ​သူ သည်​နေ​၏​အ​လင်း​ရောင်​ကို​မြင်​ရ​သ​ဖြင့် ခ​လုတ်​မ​ထိ​ဘဲ​ကောင်း​စွာ​သွား​လာ​နိုင်​၏။

ရှင်ယောဟန် 11:5-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် မာသ၊ သူ​၏​ညီမ​နှင့် လာဇရု​တို့​ကို ချစ်​တော်မူ​၏။ သို့ဖြစ်၍ လာဇရု​နာမကျန်း​ဖြစ်​သည်​ကို ကြား​တော်မူ​သောအခါ မိမိ​နေ​သော​အရပ်​၌ နှစ်​ရက် ထပ်၍​နေ​တော်မူ​၏။ ထို့နောက် တပည့်​တော်​တို့​အား“ယုဒ​နယ်​သို့ နောက်တစ်ဖန်​သွား​ကြ​စို့”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က “ရဗ္ဗိ၊ ဂျူး​လူမျိုး​တို့​သည် မကြာသေးမီ​က​ပင် ကိုယ်တော်​ကို​ခဲ​နှင့်​ပေါက်​သတ်​ရန် ရှာကြံ​နေ​ကြ​ပါလျက်နှင့် ထို​အရပ်​သို့ နောက်တစ်ဖန်​ကြွ​တော်မူ​မည်​လော”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“နေ့​အချိန်​သည် တစ်ဆယ့်နှစ်​နာရီ​ရှိ​သည်​မ​ဟုတ်​လော။ မည်သူမဆို နေ့​အချိန်​၌​သွားလာ​လျှင် ဤ​လောက​၏​အလင်း​ကို​မြင်​ရ​သောကြောင့် ခလုတ်​မ​တိုက်​မိ​တတ်။