YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 11:38-57

ရှင်ယောဟန် 11:38-57 Judson Bible (JBMLE)

တစ်​ဖန်​ယေ​ရှု​သည် အ​လွန်​ညှိုး​ငယ်​သော​စိတ်​နှင့် သင်္ချိုင်း​တွင်း​သို့ ရောက်​တော်​မူ၏။ ထို​တွင်း​သည် မြေ​တွင်း​ဖြစ်၏။ ကျောက်​နှင့် ပိတ်​ထား၏။- ကျောက်​ကို​ရွှေ့​ကြ​လော့​ဟု ယေ​ရှု​သည်​မိန့်​တော်​မူ​လျှင်၊ သေ​လွန်​သော​သူ၏​နှ​မ မာ​သ​က၊ သ​ခင်၊ ယ​ခု​ဖြစ်​လျှင် နံ​လိမ့်​မည်။ လေး​ရက်​ရှိ​ပါ​ပြီ​ဟု လျှောက်၏။- ယေ​ရှု​က​လည်း၊ သင်​သည်​ယုံ​လျှင် ဘု​ရား​သ​ခင်၏​ဘုန်း​အာ​နု​ဘော်​တော်​ကို မြင်​ရ​လိမ့်​မည်၊ ငါ​ပြော​ပြီ မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ သေ​လွန်​သော​သူ၏​သင်္ချိုင်း​မှ ကျောက်​ကို ရွှေ့​ကြ၏။ ယေ​ရှု​သည်​လည်း အ​ထက်​သို့​ကြည့်​မျှော်​လျက်၊ အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​သော​ကြောင့် ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏။- ကိုယ်​တော်​သည် အ​ကျွန်ုပ်​စ​ကား​ကို အ​စဉ်​မ​ပြတ်​နား​ထောင်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ သို့​သော်​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ဝန်း​ရံ​လျက်​ရှိ​သော ဤ​လူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​စေ​ခြင်း​ငှာ သူ​တို့၏​အ​ကျိုး​ကို​ထောက်၍ ဤ​သို့ အ​ကျွန်ုပ်​လျှောက်​ပါ၏​ဟု မိန့်​မြွက်​တော်​မူ​ပြီး​မှ၊- လာ​ဇ​ရု ထွက်၍​လာ​လော့​ဟု ကြီး​စွာ​သော​အ​သံ​နှင့် ဟစ်​ခေါ်​တော်​မူ၏။- ထို​အ​ခါ သေ​လွန်​သော​သူ​သည် မိ​မိ​ခြေ​လက်၌ ပု​ဆိုး​နံ​ငယ်​နှင့်​ရစ်​ပတ်​လျက်၊ မျက်​နှာ​ကို​လည်း ပု​ဝါ​နှင့် စည်း​လျက်​ထွက်​လာ၏။ ယေ​ရှု​က​လည်း၊ သူ့​ကို​ဖြည်၍ လွှတ်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ မာ​ရိ​ဆီ​သို့​လာ​သော ယု​ဒ​လူ​အ​များ​တို့​သည် ယေ​ရှု​ပြု​တော်​မူ​သော​အ​မှု​ကို မြင်​လျှင်၊ ကိုယ်​တော်​ကို ယုံ​ကြည်​ကြ၏။- အ​ချို့​မူ​ကား၊ ဖာ​ရိ​ရှဲ​တို့​ထံ​သို့​သွား၍ ယေ​ရှု​ပြု​တော်​မူ​သော​အ​မှု​ကို ကြား​ပြော​ကြ၏။ ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​များ​သည် လွှတ်​အ​ရာ​ရှိ​တို့​ကို စည်း​ဝေး​စေ​ပြီး​လျှင်၊ ငါ​တို့​သည် အ​ဘယ်​သို့​ပြု​လျက် နေ​ကြ​သ​နည်း။ ထို​သူ​သည် များ​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို​ပြ၏။- သူ့​ကို ဤ​သို့​အ​လွတ်​ထား​လျှင် လူ​ခပ်​သိမ်း​တို့​သည် ယုံ​ကြည်​ကြ​လိမ့်​မည်။ ရော​မ​လူ​တို့​သည်​လည်း လာ၍ ငါ​တို့​အ​ရပ်​ဌာ​န​ကို​လည်း​ကောင်း၊ ငါ​တို့​အ​မျိုး​ကို​လည်း​ကောင်း သုတ်​သင်​ပယ်​ရှင်း​ကြ​လိမ့်​မည်​ဟု ပြော​ဆို​ကြ၏။- ထို​သူ​တို့​အ​ဝင် ထို​နှစ်​တွင် ယဇ်​ပု​ရာ​ဟိတ်​မင်း​ဖြစ်​သော က​ယာ​ဖ​အ​မည်​ရှိ​သော​သူ​က၊ သင်​တို့​အ​လျှင်း မ​သိ​ကြ။- ယု​ဒ​လူ​မျိုး​အ​ကုန်​အ​စင် ပျက်​စီး​သည်​ထက်၊ လူ​တစ်​ယောက်​သည် လူ​များ​တို့​အ​တွက်​သေ​သော် သာ၍​ကောင်း​သည်​ကို သင်​တို့​သည် မ​ဆင်​ခြင်​ပါ​တ​ကား​ဟု ပြော​ဆို၏။- ထို​စ​ကား​ကို ကိုယ်​အ​လို​အ​လျောက် ပြော​ဆို​သည်​မ​ဟုတ်။ ထို​နှစ်​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​လျက်၊ ယေ​ရှု​သည် ထို​အ​မျိုး​အ​တွက် သေ​ရ​မည်​ဟူ၍​လည်း​ကောင်း၊- ထို​အ​မျိုး​အ​တွက်​သာ​မ​က အ​ရပ်​ရပ်​တို့၌ ကွဲ​ပြား​လျက်​ရှိ​သော ဘု​ရား​သ​ခင်၏​သား​များ​ကို အ​တူ​စု​ဝေး​စေ​ခြင်း​ငှာ သေ​ရ​မည်​ဟူ၍​လည်း​ကောင်း၊ ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော၏။- ထို​နေ့​မှ​စ၍ ကိုယ်​တော်၏​အ​သက်​ကို​သတ်​ခြင်း​ငှာ တိုင်​ပင်​ကြံ​စည်​ကြ၏။- ထို​ကြောင့်၊ ယေ​ရှု​သည် နောက်​တစ်​ဖန် ယု​ဒ​လူ​တို့​တွင် ထင်​ရှား​စွာ မ​လှည့်​လည်​ဘဲ၊ ထို​အ​ရပ်​မှ​ထွက်၍ တော​နှင့်​အ​နီး ဧ​ဖ​ရိမ်​အ​မည်​ရှိ​သော​မြို့​သို့​ကြွ၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ နေ​တော်​မူ၏။ ယု​ဒ​ပ​သ​ခါ​ပွဲ​ခံ​ခါ​နီး​တွင် လူ​များ​တို့​သည် မိ​မိ​တို့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ ပွဲ​မ​ခံ​မီ အ​ရပ်​ရပ်​တို့​မှ ယေ​ရု​ရှ​လင်​မြို့​သို့ လာ​ကြ၏။- ထို​သူ​တို့​သည် ယေ​ရှု​ကို​ရှာ​ဖွေ၍၊ အ​ချင်း​တို့၊ အ​ဘယ်​သို့​ထင်​ကြ​သ​နည်း။ သူ​သည် ပွဲ​သို့​မ​လာ​သ​လော​ဟု ဗိ​မာန်​တော်၌​ရပ်​လျက် အ​ချင်း​ချင်း​မေး​မြန်း​ကြ၏။- ထို​အ​ခါ အ​ဘယ်​သူ​သည် ယေ​ရှု​ရှိ​ရာ​အ​ရပ်​ကို​သိ​လျှင် သူ့​ကို​ဖမ်း​ဆီး​စေ​ခြင်း​ငှာ ပြ​ညွှန်​ရ​မည်​ဟု ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် မှာ​ခဲ့​ကြ​ပြီ။

ရှင်ယောဟန် 11:38-57 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​တစ်​ဖန်​စိတ်​တော်​အ​လွန် လှုပ်​ရှား​လျက်​သင်္ချိုင်း​ဂူ​သို့​ကြွ​တော်​မူ​၏။ ထို ဂူ​၏​အ​ဝင်​ဝ​ကို​ကျောက်​တုံး​ဖြင့်​ပိတ်​ထား​၏။- သ​ခင်​ယေ​ရှု​က ``ကျောက်​တုံး​ကို​ရွှေ့​လိုက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ သေ​လွန်​သူ​၏​အစ်​မ၊ မာ​သ​က ``အ​ရှင် ဘု​ရား၊ ယ​ခု​အ​ခါ​ဆို​လျှင်​အ​နံ့​ထွက် နေ​ပါ​လိမ့်​မည်။ သူ​သေ​သည်​မှာ​လေး​ရက် ရှိ​ပါ​ပြီ'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သင်​ယုံ​ကြည်​လျှင်​ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​လိမ့် မည်​ဟူ​၍​ငါ​ပြော​သည်​မ​ဟုတ်​လော'' ဟု မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​လူ​တို့​သည်​ကျောက်​တုံး​ကို​ရွှေ့​လိုက် ကြ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​အ​ထက် သို့​မျှော်​ကြည့်​လျက် ``ခ​မည်း​တော်၊ ကိုယ်​တော် ရှင်​သည်​အ​ကျွန်ုပ်​၏​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကြီး​ပါ​၏။- ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​ကျွန်ုပ် ၏​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​အား ကိုယ်​တော်​ရှင်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို ဤ လူ​အ​ပေါင်း​တို့​ယုံ​ကြည်​ကြ​စေ​ရန် သူ​တို့​၏ အ​ကျိုး​ကို​ထောက်​၍​အ​ကျွန်ုပ်​ဤ​သို့​လျှောက် ပါ​၏'' ဟု​မြွက်​ဆို​တော်​မူ​၏။- ထို​နောက် ``လာ​ဇ​ရု၊ ထွက်​ခဲ့​လော့'' ဟု​ကျယ်​စွာ အ​မိန့်​ပေး​တော်​မူ​၏။- ထို​အ​ခါ​သေ​လွန်​သော​သူ​သည်​ခြေ​လက်​၌ အ​ဝတ်​ဖြင့်​ပတ်​လျက်၊ မျက်​နှာ​၌​ပ​ဝါ​ဖြင့် စည်း​လျက်​ထွက်​လာ​လေ​သည်။ သ​ခင်​ယေ​ရှု က ``သူ့​အား​ပတ်​ထား​သည့်​အ​ဝတ်​များ​ကို ဖြေ​ပေး​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​မာ​ရိ​ထံ​သို့​လာ​ကြ​သည့်​လူ အ​မြောက်​အ​မြား​ပင်​သ​ခင်​ယေ​ရှု​ပြု​တော် မူ​သော​အ​မှု​ကို​တွေ့​မြင်​ကြ​သ​ဖြင့်​ကိုယ် တော်​ကို​ယုံ​ကြည်​လာ​ကြ​၏။- သို့​ရာ​တွင်​အ​ချို့​တို့​သည်​ဖာ​ရိ​ရှဲ​များ​၏ ထံ​သို့​သွား​၍ သ​ခင်​ယေ​ရှု​ပြု​တော်​မူ​သော အ​မှု​ကို​ပြော​ကြား​ကြ​၏။- သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ဖာ​ရိ​ရှဲ​များ​သည်​ယု​ဒ​တ​ရား​လွှတ်​တော်​ဆိုင် ရာ​အ​စည်း​အ​ဝေး​ကို​ခေါ်​ဖိတ်​၍ ``ဤ​သူ​သည် များ​စွာ​သော​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​တို့ ကို​ပြ​လျက်​နေ​၏။ ငါ​တို့​အ​ဘယ်​ကြောင့်​မည် သို့​မျှ​မ​ပြု​ဘဲ​နေ​ကြ​သ​နည်း။- သူ့​ကို​ဤ​သို့​ခွင့်​ပြု​ထား​ပါ​မူ​လူ​တိုင်း​ပင် သူ့​အား​ယုံ​ကြည်​လာ​ကြ​ပါ​လိမ့်​မည်။ ထို အ​ခါ​ရော​မ​အာ​ဏာ​ပိုင်​တို့​သည်​လာ​၍​ငါ တို့​၏​ဗိ​မာန်​တော်​ကို​လည်း​ကောင်း၊ ငါ​တို့ အ​မျိုး​သား​တစ်​ရပ်​လုံး​ကို​လည်း​ကောင်း ဖျက်​ဆီး​ပစ်​ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။ ထို​သူ​တို့​တွင်​ထို​နှစ်​အ​တွက် ယဇ်​ပု​ရော​ဟိတ် မင်း​ဖြစ်​သော​က​ယာ​ဖ​ဆို​သူ​က ``သင်​တို့ သည်​ပ​ညာ​မဲ့​ကြ​ပါ​သည်​တ​ကား။- ယု​ဒ​အ​မျိုး​သား​တစ်​ရပ်​လုံး​သေ​ကျေ​ပျက် စီး​သည်​ထက် တစ်​မျိုး​သား​လုံး​အ​တွက်​လူ တစ်​ယောက်​သေ​ရ​သည်​က သင်​တို့​အ​ဖို့​ပို​၍ ကောင်း​သည်​ကို​သင်​တို့​မ​သိ​ကြ​သ​လော'' ဟု​ဆို​၏။- ယင်း​သို့​ဆို​ရာ​၌​သူ​သည် မိ​မိ​ကိုယ်​ပိုင်​ဉာဏ် ဖြင့်​ဆို​သည်​မ​ဟုတ်။ ထို​နှစ်​အ​တွက်​ယဇ်​ပု ရော​ဟိတ်​မင်း​ဖြစ်​လျက် ယု​ဒ​အ​မျိုး​သား တစ်​ရပ်​လုံး​အ​တွက်​လည်း​ကောင်း၊ ထို​မျှ​မ​က အ​ရပ်​ရပ်​တွင် ကွဲ​လွင့်​နေ​သော​ဘု​ရား​သ​ခင် ၏​လူ​စု​တော်​ဝင်​များ​ကို​တစ်​စု​တစ်​ရုံး​တည်း ဖြစ်​စေ​ရန်​လည်း​ကောင်း ကိုယ်​တော်​အ​သေ​ခံ တော်​မူ​မည့်​အ​ကြောင်း​ကြို​တင်​ဟော​ကြား ခြင်း​ဖြစ်​သ​တည်း။ ထို​နေ့​မှ​စ​၍​ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည် သ​ခင်​ယေ​ရှု​ကို​သတ်​ရန်​တိုင်​ပင်​ကြံ​စည် ကြ​၏။- သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ယု​ဒ​ပြည်​တွင် အ​ထင်​အ​ရှား​မ​သွား​မ​လာ​တော့​ချေ။ ထို အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ​၍​တော​က​န္တာ​ရ အ​နီး၊ ဧ​ဖ​ရိမ်​နာ​မည်​ရှိ​သော​မြို့​သို့​ကြွ တော်​မူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​နှင့်​အ​တူ နေ​တော်​မူ​၏။ ယု​ဒ​အ​မျိုး​သား​တို့​၏​ပ​သ​ခါ​ပွဲ​တော်​အ​ခါ နီး​ကပ်​လာ​ပြီ​ဖြစ်​၍ ကျေး​လက်​တော​ရွာ​များ မှ​လူ​အ​များ​ပင်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရန် ပွဲ​တော်​မ​စ​မီ​ယေ​ရု​ရှ​လင်​မြို့​သို့​တက်​လာ ကြ​၏။- ထို​သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို​ရှာ​လျက်​နေ ကြ​၏။ သူ​တို့​သည်​ဗိ​မာန်​တော်​တွင်​စု​ရုံး​မိ ကြ​သော​အ​ခါ ``သူ​သည်​ဤ​ပွဲ​တော်​သို့​လာ ပါ​မည်​လော။ မ​လာ​မည်​မှာ​သေ​ချာ​၏။ သင် တို့​အ​ဘယ်​သို့​ထင်​ကြ​သ​နည်း'' ဟု​အ​ချင်း ချင်း​မေး​မြန်း​ပြော​ဆို​ကြ​၏။- ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ​များ က​မည်​သူ​မ​ဆို​သ​ခင်​ယေ​ရှု​ရှိ​ရာ​အ​ရပ် ကို​သိ​လျှင် သူ့​ကို​ဖမ်း​ဆီး​နိုင်​ရန်​အ​ကြောင်း ကြား​ရ​မည်​ဟု​အ​မိန့်​ထုတ်​ပြန်​ထား​ပြီး ဖြစ်​သ​တည်း။

ရှင်ယောဟန် 11:38-57 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ယေရှု​သည် နောက်တစ်ဖန် ရင်​တွင်း​၌ ညည်းတွား​လျက် သင်္ချိုင်း​ဂူ​သို့​ကြွ​တော်မူ​၏။ ထို​သင်္ချိုင်းဂူ​သည် ကျောက်​လိုဏ်ဂူ​ဖြစ်​ပြီး အဝင်​ဝ​ကို ကျောက်တုံး​ဖြင့်​ပိတ်​ထား​၏။ ယေရှု​က“ကျောက်တုံး​ကို​ဖယ်ရှား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သေဆုံး​သော​သူ​၏​အစ်မ မာသ​က “သခင်​ဘုရား၊ လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်၍ ယခု​ဆို​လျှင် အနံ့​ထွက်​နေ​ပါ​လိမ့်မည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သင်​ယုံကြည်​လျှင် ဘုရားသခင်​၏​ဘုန်း​တော်​ကို​မြင်​ရ​လိမ့်မည်​ဟူ၍ သင့်​အား ငါ​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏။ ထို့ကြောင့် လူ​တို့​သည် ကျောက်တုံး​ကို​ဖယ်ရှား​ကြ​၏။ ထိုအခါ ယေရှု​သည် အထက်​သို့​မော်ကြည့်​လျက်“အို အဖ၊ အကျွန်ုပ်​တောင်းလျှောက်​သည်​ကို နားညောင်း​တော်မူ​ပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​ကို​ကျေးဇူးတင်​ပါ​၏။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဆုတောင်း​သံ​ကို အစဉ်​နားညောင်း​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ပါ​၏။ သို့ရာတွင် ဤသို့​တောင်းလျှောက်​ခြင်း​မှာ ဝိုင်းရံ​လျက်​ရှိ​သော​လူထု​ပရိသတ်​အတွက်​ဖြစ်​ပြီး အကျွန်ုပ်​ကို​ကိုယ်တော်​စေလွှတ်​တော်မူ​ကြောင်း သူ​တို့​ယုံကြည်​ကြ​စေရန်​အတွက်​ဖြစ်​ပါ​၏”​ဟု မြွက်ဆို​တော်မူ​၏။ ထိုသို့​မြွက်ဆို​တော်မူ​ပြီးနောက် ကျယ်လောင်​သော​အသံ​ဖြင့်“လာဇရု၊ ထွက်လာ​လော့”​ဟု ဟစ်ခေါ်​တော်မူ​၏။ ထိုအခါ သေလွန်​သော​သူ​သည် ခြေ​နှင့်​လက်​တို့​၌ ပိတ်စ​ဖြင့်​ပတ်စည်း​လျက် မျက်နှာ​ကို​လည်း ပဝါ​ဖြင့်​စည်း​ထား​သည့်​အတိုင်း ထွက်လာ​၏။ ယေရှု​က“သူ့​ကို ဖြေ​ပေး​၍ သွား​ခွင့်ပေး​ကြ​လော့”​ဟု လူ​တို့​အား မိန့်​တော်မူ​၏။ ထို့ကြောင့် မာရိ​ထံသို့​လာ​၍ ယေရှု​ပြု​တော်မူ​သော​အရာ​တို့​ကို​မြင်​ရ​သည့် များစွာ​သော​ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။ သို့သော် အချို့​တို့​သည် ဖာရိရှဲ​တို့​ထံသို့​သွား​၍ ယေရှု​ပြု​တော်မူ​သော​အရာ​တို့​ကို ပြောကြား​ကြ​၏။ ထိုအခါ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​သည် တရားလွှတ်တော်​အဖွဲ့​ကို​စုဝေး​စေ​၍ “ထို​သူ​သည် များစွာ​သော​နိမိတ်​လက္ခဏာ​တို့​ကို ပြု​နေ​သည်​ဖြစ်၍ ငါ​တို့​မည်သို့​ပြု​ကြ​မည်နည်း။ ထို​သူ​ကို ဤအတိုင်း​လွှတ်​ထား​လျှင် လူ​အားလုံး​တို့​သည် သူ့​ကို​ယုံကြည်​ကြ​လိမ့်မည်။ ထိုအခါ ရောမ​လူမျိုး​တို့​သည်​လာ​၍ ငါ​တို့​၏​အရပ်​ဌာန​နှင့်တကွ ငါ​တို့​၏​လူမျိုး​ကို​ပါ သိမ်းယူ​ကြ​လိမ့်မည်”​ဟု ပြောဆို​ကြ​၏။ သို့ရာတွင် သူ​တို့​ထဲမှ​တစ်​ဦး​ဖြစ်ပြီး ထို​နှစ်​တွင် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​သော ကယာဖ​က “သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ​မ​သိ​ကြ။ တစ်မျိုးသားလုံး​ပျက်စီး​သည်​ထက် လူ​တစ်​ဦး​က လူထု​ကိုယ်စား အသေခံ​ခြင်း​သည် သင်​တို့​အတွက် ပို၍​ကောင်း​သည်​ကို​လည်း သင်​တို့​မ​ဆင်ခြင်​ကြ​ပါ​တကား”​ဟု ဆို​၏။ သို့သော် ဤ​စကား​ကို မိမိ​ဆန္ဒ​အလျောက် သူ​ပြောဆို​သည်​မ​ဟုတ်။ သူ​သည် ထို​နှစ်​တွင် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​သည်​နှင့်အညီ ယေရှု​သည် ထို​လူမျိုး​အတွက် အသေခံ​တော်မူ​မည်​ဖြစ်​ကြောင်း​နှင့် ထို​လူမျိုး​အတွက်​သာမက ကွဲလွင့်​နေ​သော ဘုရားသခင်​၏​သားသမီး​များ​ကို တစ်စုတစ်ဝေးတည်း​ဖြစ်​စေရန်​အတွက်​ပါ အသေခံ​တော်မူ​မည်​ဖြစ်​ကြောင်း ပရောဖက်ပြု​ဟောပြော​ခြင်း​ဖြစ်​၏။ ထို့ကြောင့် သူ​တို့​သည် ထို​နေ့​မှစ၍ ကိုယ်တော်​ကို​သတ်​ရန် တိုင်ပင်​ကြံစည်​ကြ​၏။ သို့ဖြစ်၍ ယေရှု​သည် ဂျူး​လူမျိုး​တို့​ထဲတွင် ထင်ရှား​စွာ​မ​သွားလာ​တော့​ဘဲ ထို​အရပ်​မှ​ထွက်ခွာ​၍ တော​ကန္တာရ​နှင့်​နီး​သော​အရပ်​ဒေသ​၌​ရှိ​သည့် ဧဖရိမ်​ဟု​ခေါ်​သော​မြို့​သို့​ကြွ​ပြီးလျှင် တပည့်​တော်​တို့​နှင့်အတူ ထို​မြို့​၌​နေ​တော်မူ​၏။ ဂျူး​လူမျိုး​တို့​၏​ပသခါ​ပွဲတော်​နီးကပ်​လာ​ပြီ​ဖြစ်​၍ များစွာ​သော​သူ​တို့​သည် မိမိတို့ကိုယ်ကို​သန့်ရှင်း​စင်ကြယ်​စေ​ရန် ပသခါ​ပွဲတော်​မတိုင်မီ ကျေးလက်​ဒေသ​မှ ဂျေရုဆလင်​မြို့​သို့ တက်​လာ​ကြ​၏။ သူ​တို့​သည် ယေရှု​ကို​ရှာ​ရင်း ဗိမာန်​တော်​ထဲ၌​ရပ်​လျက် “သင်​တို့​မည်သို့​ထင်​ကြ​သနည်း။ သူ​သည် ဤ​ပွဲတော်​သို့ လုံးဝ​မ​လာ​ဘဲ​နေ​မည်​လော”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​မူကား ကိုယ်တော်​ကို​ဖမ်းဆီး​နိုင်​ရန်​အတွက် မည်သူမဆို ယေရှု​ရှိ​ရာ​အရပ်​ကို​သိ​လျှင် သတင်း​ပေး​ရ​မည်​ဟု အမိန့်​ထုတ်​ထား​ကြ​၏။