ရှင်ယောဟန် 10:11-15
ရှင်ယောဟန် 10:11-15 Judson Bible (JBMLE)
ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့အလိုငှာ မိမိအသက်ကို စွန့်တတ်၏။- သိုးများကိုပိုင်သော သိုးထိန်းမဟုတ်၊ သူငှားဖြစ်သောသူမူကား၊ တောခွေးလာသည်ကိုမြင်လျှင်၊ သိုးတို့ကို ပစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း၊ သိုးတို့ကို လုယက်၍ ကွဲလွင့်စေ၏။- သူငှားသည် သူငှားဖြစ်၍ သိုးတို့၏အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ်၏။- ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။- ငါသည် ကိုယ်အသက်ကို သိုးတို့အဖို့အလိုငှာ စွန့်၏။
ရှင်ယောဟန် 10:11-15 Common Language Bible (BCL)
``ငါသည်သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်း သည်သိုးများအတွက် အသက်ကိုစွန့်တတ်၏။- သူငှားသည်သိုးထိန်းမဟုတ်။ သိုးရှင်လည်းမဟုတ် သဖြင့် ဝံပုလွေလာသည်ကိုမြင်လျှင် သိုးတို့ကို စွန့်၍ထွက်ပြေးတတ်၏။ သို့ဖြစ်၍ဝံပုလွေသည် သိုးတို့ကိုကိုက်ဖမ်း၍ကစဥ့်ကရဲဖြစ်စေ တတ်၏။- သူငှားသည်သူငှားဖြစ်သည့်အလျောက် သိုးတို့ ကိုဂရုမစိုက်ဘဲထွက်ပြေးတတ်၏။- ငါသည်သိုးထိန်းကောင်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည်လည်းခမည်းတော် ကိုသိသကဲ့သို့ ငါသည်သိုးတို့ကိုသိ၍သိုး တို့သည်လည်းငါ့ကိုသိကြ၏။ ငါသည်သိုးများ အတွက်အသက်ကိုစွန့်၏။
ရှင်ယောဟန် 10:11-15 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါသည် ကောင်းမြတ်သောသိုးထိန်းဖြစ်၏။ ကောင်းမြတ်သောသိုးထိန်းသည် သိုးတို့အတွက် မိမိအသက်ကိုစွန့်တတ်၏။ သိုးထိန်းမဟုတ်၊ သိုးတို့၏ပိုင်ရှင်လည်းမဟုတ်သော လူငှားမူကား ဝံပုလွေလာသည်ကိုမြင်လျှင် သိုးတို့ကိုပစ်ထား၍ ထွက်ပြေးတတ်၏။ ထိုအခါ ဝံပုလွေသည် သိုးတို့ကိုလုယူဖမ်းဆွဲ၍ တစ်ကွဲတစ်ပြားဖြစ်စေ၏။ ထိုသို့ဖြစ်ရခြင်းမှာ လူငှားသည် လူငှားဖြစ်သည့်အလျောက် သိုးတို့၏အရေးကိစ္စကို ဂရုမစိုက်သောကြောင့်ဖြစ်၏။ ငါသည် ကောင်းမြတ်သောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည် ခမည်းတော်ကိုသိသကဲ့သို့ ငါ့သိုးတို့ကို ငါသိ၍ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။ ငါသည် သိုးတို့အတွက် ငါ့အသက်ကိုစွန့်၏။