YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 1:40-45

ရှင်ယောဟန် 1:40-45 Judson Bible (JBMLE)

ယော​ဟန်၏​စ​ကား​ကို​ကြား၍ နောက်​တော်​သို့ လိုက်​သော​သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကား ရှိ​မုန်​ပေ​တ​ရု​ညီ အ​န္ဒြေ​ပေ​တည်း။- ထို​သူ​သည် မိ​မိ​အစ်​ကို​ရှိ​မုန်​ကို ရှေ့​ဦး​စွာ​တွေ့​လျှင်၊ ငါ​တို့​သည် မေ​ရှိ​ယ​ကို​တွေ့​ကြ​ပြီ​ဟု ပြော​ဆို​လျက်၊- သူ့​ကို ယေ​ရှု​ထံ​သို့ ပို့​ဆောင်​လေ၏။ မေ​ရှိ​ယ​အ​နက်​ကား ခ​ရစ်​တော်​ဟု​ဆို​လို​သ​တည်း။ ယေ​ရှု​သည် ထို​သူ​ကို​ကြည့်​ရှု၍၊ သင်​သည် ယော​န၏​သား​ရှိ​မုန်​ဖြစ်၏။ ကေ​ဖ​အ​မည်​သစ်​ကို ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏၊ ကေ​ဖ​အ​နက်​ကား ပေ​တ​ရု​ဟု ဆို​လို​သ​တည်း။ နက်​ဖြန်​နေ့၌ ဂါ​လိ​လဲ​ပြည်​သို့​ကြွ​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင် ဖိ​လိ​ပ္ပု​ကို​တွေ့၍၊ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။- ဖိ​လိ​ပ္ပု​ကား၊ အ​န္ဒြေ​နှင့်​ပေ​တ​ရု​မွေး​ဖွား​ရာ ဗက်​ဇဲ​ဒ​မြို့​မှ လာ​သော​သူ​ဖြစ်​သ​တည်း။- ဖိ​လိ​ပ္ပု​သည် နာ​သ​နေ​လ​ကို​တွေ့​လျှင်၊ မော​ရှေ​သည် ပ​ည​တ္တိ​ကျမ်း၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့​သည် သူ​တို့​ကျမ်း၌​လည်း​ကောင်း အ​ကြောင်း​ပြု၍ ရေး​ထား​သော​သူ၊ နာ​ဇ​ရက်​မြို့​သား​ဖြစ်​သော ယော​သပ်၏​သား​ယေ​ရှု​ကို ငါ​တို့​သည် တွေ့​ကြ​ပြီ​ဟု​ဆို၏။

ရှင်ယောဟန် 1:40-45 Common Language Bible (BCL)

ယော​ဟန်​၏​စ​ကား​ကို​ကြား​၍ ကိုယ်​တော်​၏ နောက်​တော်​သို့​လိုက်​သွား​သူ​နှစ်​ယောက်​အ​နက် တစ်​ယောက်​မှာ​ရှိ​မုန်​ပေ​တ​ရု​၏​ညီ​အန္ဒြေ ဖြစ်​၏။- သူ​သည်​အစ်​ကို​ဖြစ်​သူ​ရှိ​မုန်​ကို​ချက်​ချင်း​ရှာ ၍ ``မေ​ရှိ​ယ​အ​ရှင်​ကို​ငါ​တို့​တွေ့​ပြီ'' ဟု​ဆို​၏။ (မေ​ရှိ​ယ​အ​နက်​မှာ ခ​ရစ်​တော်​ဖြစ်​သ​တည်း။)- ထို​နောက်​သူ​သည်​ရှိ​မုန်​အား​သ​ခင်​ယေ​ရှု ထံ​တော်​သို့​ခေါ်​ဆောင်​သွား​လေ​သည်။ သ​ခင်​ယေ​ရှု​သည်​ရှိ​မုန်​ကို​ကြည့်​၍ ``သင်​သည် ယော​ဟန်​၏​သား​ရှိ​မုန်​ဖြစ်​၏။ ကေ​ဖ​နာ​မည် သစ်​ကို​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (ကေ​ဖ ကား​ပေ​တ​ရု​ဟူ​သော​အ​မည်​နှင့်​ထပ်​တူ ဖြစ်​၍ ကျောက်​ဟု​အ​နက်​ရှိ​၏။) နောက်​တစ်​နေ့​၌​ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည် သို့​ကြွ​တော်​မူ​ရန် စိတ်​ပိုင်း​ဖြတ်​တော်​မူ​၏။ ဖိ​လိပ္ပု ကို​တွေ့​လျှင် ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော် မူ​၏။- (ဖိ​လိပ္ပု​သည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ်​၏။ ဗက်​ဇဲ​ဒ မြို့​ကား​အန္ဒြေ​နှင့်​ပေ​တ​ရု​တို့​နေ​ထိုင်​ရာ​မြို့ တည်း။)- ဖိ​လိပ္ပု​သည်​နာ​သ​နေ​လ​ကို​တွေ့​သ​ဖြင့် ``မော​ရှေ ၏​ပ​ညတ်​ကျမ်း​တွင်​လည်း​ကောင်း၊ ပ​ရော​ဖက်​ကျမ်း များ​တွင်​လည်း​ကောင်း​ရေး​သား​ဖော်​ပြ​ထား​သူ ကို​ငါ​တို့​တွေ့​ပြီ။ ထို​သူ​သည်​ယောသပ်​၏​သား၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြစ်​၏'' ဟု​ဆို​၏။

ရှင်ယောဟန် 1:40-45 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယောဟန်​၏​စကား​ကို​ကြား​၍ နောက်​တော်​သို့​လိုက်​သွား​သော​သူ​နှစ်​ဦး​ထဲမှ​တစ်​ဦး​သည် ရှိမုန်​ပေတရု​၏​ညီ​အန္ဒြေ​ဖြစ်​၏။ အန္ဒြေ​သည် မိမိ​အစ်ကို​ရှိမုန်​ကို ဦးစွာ​တွေ့​၍ “ငါ​တို့​သည် မေရှိယ​ကို​တွေ့​ကြ​ပြီ”​ဟု ဆို​လျက် သူ့​ကို ယေရှု​ထံသို့​ခေါ်ဆောင်​လာ​၏။ (မေရှိယ​၏​အဓိပ္ပာယ်​မှာ ဘိသိက်​ခံရ​သူ​ဟူ၍​ဖြစ်​၏။) ယေရှု​သည် ရှိမုန်​ကို​စူးစိုက်​ကြည့်​၍“သင်​သည် ယောဟန်​၏​သား​ရှိမုန်​ဖြစ်​၏။ သင်​သည် ကေဖ​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ (ကေဖ​၏​အဓိပ္ပာယ်​မှာ ကျောက်​ဟူ၍​ဖြစ်​၏။) နောက်တစ်နေ့​တွင် ယေရှု​သည် ဂါလိလဲ​နယ်​သို့​ထွက်ခွာ​ရန် အလို​တော်​ရှိ​၏။ ထိုအခါ ဖိလိပ္ပု​ကို​တွေ့​လျှင်“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။ ဖိလိပ္ပု​သည် အန္ဒြေ​နှင့်​ပေတရု​တို့​၏​ဇာတိ​မြို့​ဖြစ်​သော ဗက်ဇဲဒ​မြို့​မှ​လာ​သော​သူ​ဖြစ်​၏။ ဖိလိပ္ပု​သည် နာသနေလ​ကို​တွေ့​လျှင် “မောရှေ​သည် ပညတ်​တရား​ကျမ်း​၌​လည်းကောင်း၊ ပရောဖက်​တို့​သည်​လည်း သူတို့ကျမ်း​၌​လည်းကောင်း ရေးသား​ဖော်ပြ​ထား​သော​သူ၊ ယောသပ်​၏​သား၊ နာဇရက်​မြို့​မှ​ယေရှု​ကို ငါ​တို့​တွေ့​ကြ​ပြီ”​ဟု ဆို​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။