YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 1:26-33

ရှင်ယောဟန် 1:26-33 Judson Bible (JBMLE)

ယော​ဟန်​က​လည်း၊ ငါ​သည် ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး၏။ သင်​တို့​အ​လယ်၌ သင်​တို့​မ​သိ​သော သူ​တစ်​ယောက်​ရှိ၏။- ထို​သူ​သည် ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ့​ထက်​သာ၍​ကြီး​မြတ်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်​ဟု ပြန်​ပြော၏။- ယော​ဟန်​သည် ဗ​တ္တိ​ဇံ​ကို​ပေး​ရာ​အ​ရပ်၊ ယော်​ဒန်​မြစ်​တစ်​ဖက် ဗေ​သ​နိ​ရွာ၌ ဤ​အ​မှု​အ​ရာ​ဖြစ်​သ​တည်း။ နက်​ဖြန်​နေ့၌ ယေ​ရှု​ကြွ​လာ​တော်​မူ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ ဤ​လော​က၏​အ​ပြစ်​ကို ဆောင်​သွား​သော ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို​ကြည့်​လော့။- ငါ​မ​ရှိ​မီ​ရှိ​နှင့်​သည်​ဖြစ်၍၊ ငါ့​ထက်​သာ၍ ကြီး​မြတ်​သော​သူ​သည် ငါ့​နောက်​ကြွ​လာ​သည်​ဟု ငါ​ဆို​ရာ၌၊ ထို​သူ​ကို​ဆို​လို၏။- အ​စ​က ထို​သူ​ကို​ငါ​မ​သိ။ သို့​သော်​လည်း ထို​သူ​ကို ဣ​သ​ရေ​လ​လူ​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ ငါ​သည် ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး​လျက်​လာ၏။- ထို​မှ​တစ်​ပါး ဝိ​ညာဉ်​တော်​သည်​ကောင်း​ကင်​မှ ချိုး​ငှက်​ကဲ့​သို့ ဆင်း​သက်၍ ထို​သူ၏​အ​ပေါ်၌ နား​တော်​မူ​သည်​ကို ငါ​မြင်​ရ​ပြီ။- အ​စ​က ထို​သူ​ကို​ငါ​မ​သိ။ ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး​စေ​ခြင်း​ငှာ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​က၊ အ​ကြင်​သူ၏​အ​ပေါ်၌ ဝိ​ညာဉ်​တော်​ဆင်း​သက်၍ နား​တော်​မူ​သည်​ကို သင်​သည်​မြင်​လျှင်၊ ထို​သူ​ကား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ပေး​သော​သူ​ပေ​တည်း​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ။

ရှင်ယောဟန် 1:26-33 Common Language Bible (BCL)

ယော​ဟန်​က ``ငါ​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ ကို​ပေး​၏။ သင်​တို့​တွင်​သင်​တို့​မ​သိ​သော အ​ရှင်​ရှိ​၏။- ထို​အ​ရှင်​သည်​ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ သည်​သူ​၏​ဖိ​နပ်​ကြိုး​ကို​မျှ​မ​ဖြည်​ထိုက်'' ဟု ဆို​၏။ ယော​ဟန်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ရာ​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ကမ်း​ရှိ​ဗေ​သ​နိ​ရွာ​တွင်​ဤ​အ​မှု အ​ရာ​ဖြစ်​ပျက်​သ​တည်း။ နောက်​တစ်​နေ့​၌​မိ​မိ​၏​ထံ​သို့​သ​ခင်​ယေ​ရှု ကြွ​လာ​သည်​ကို​မြင်​လျှင် ယော​ဟန်​က ``လော​က သား​တို့​၏​အ​ပြစ်​ကို​ယူ​ဆောင်​သွား​တော်​မူ သော​ဘု​ရား​သ​ခင်​၏​သိုး​သူ​ငယ်​တော်​ကို ကြည့်​ကြ​လော့။- `ငါ​မ​မွေး​မီ​က​ပင်​ရှိ​နေ​နှင့်​သ​ဖြင့် ငါ့​ထက် ကြီး​မြတ်​သော​သူ​သည်​ငါ​၏​နောက်​တွင်​ကြွ လာ​လိမ့်​မည်' ဟု​ယ​ခင်​အ​ခါ​က​ငါ​ဖော်​ပြ ခဲ့​သူ​ကား​ထို​သူ​ပင်​တည်း။- ကိုယ်​တော်​သည်​မည်​သူ​ဖြစ်​သည်​ကို​ယ​ခင် အ​ခါ​က​ငါ​မ​သိ။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သူ့​ကို​သိ​ရှိ​နိုင်​ကြ​စေ​ရန် ငါ သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂလာ​ကို​ပေး​ခြင်း​ဖြစ်​၏'' ဟု​ဆို​၏။ ထို​နောက်​ယော​ဟန်​က ``ဝိ​ညာဉ်​တော်​သည် ကောင်း​ကင်​မှ​ချိုး​ငှက်​အ​သွင်​ဖြင့်​ဆင်း​သက်​၍ ကိုယ်​တော်​၏​အ​ပေါ်​မှာ​နား​သည်​ကို​ငါ​မြင် ရ​၏။- ကိုယ်​တော်​သည်​မည်​သူ​ဖြစ်​သည်​ကို ယ​ခင်​က ငါ​မ​သိ။ သို့​သော်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ဘု​ရား​သ​ခင် က `ဝိ​ညာဉ်​တော်​သည်​ဆင်း​သက်​၍​တစ်​စုံ တစ်​ယောက်​သော​သူ​၏​အ​ပေါ်​မှာ​နား​တော်​မူ သည်​ကို​သင်​မြင်​ရ​လိမ့်​မည်' ဟု​ငါ့​အား မိန့်​တော်​မူ​ခဲ့​၏။

ရှင်ယောဟန် 1:26-33 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယောဟန်​က​လည်း “ငါ​သည် ရေ​၌​ဗတ္တိဇံ​ပေး​၏။ သင်​တို့​အလယ်​၌ သင်​တို့​မ​သိ​သော​အရှင်​တစ်​ပါး​ရပ်​လျက်​ရှိ​၏။ ထို​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​သော​အရှင်​ဖြစ်​၏။ ထို​အရှင်​၏​ခြေနင်း​တော်​ကြိုး​ကို​ဖြေ​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်တန်”​ဟု ပြန်​ပြော​၏။ ဤ​အခြင်းအရာ​တို့​သည် ယောဟန်​ဗတ္တိဇံ​ပေး​နေ​သော ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း၊ ဗေသနိ​ရွာ​တွင်​ဖြစ်ပျက်​ခဲ့​၏။ နောက်တစ်နေ့​၌ ယောဟန်​သည် မိမိ​ထံသို့ ယေရှု​ကြွလာ​တော်မူ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ ဤ​လောက​၏​အပြစ်​ကို​ယူဆောင်​သွား​သော ဘုရားသခင်​၏​သိုးသငယ်​တော်​ပေ​တည်း။ ‘ငါ့​ထက်​အလျင်​ဦးစွာ​ရှိ​နှင့်​သည်​ဖြစ်၍ ငါ့​ထက်​ကြီးမြတ်​သော​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​မည်’​ဟု ငါ​ဆို​ခဲ့​သည်​မှာ ထို​အရှင်​၏​အကြောင်း​ပင်​ဖြစ်​သည်။ ငါ​သည်​လည်း အစ​က သူ့​ကို​မ​သိ။ သို့ရာတွင် အစ္စရေး​လူမျိုး​ရှေ့၌ သူ့​ကို​ထင်ရှား​စေရန် ငါ​သည်​လာ​၍ ရေ​၌​ဗတ္တိဇံ​ပေး​လျက်​နေ​သည်”​ဟု ဆို​၏။ တစ်ဖန် ယောဟန်​သည် သက်သေခံ​သည်​ကား “ဝိညာဉ်​တော်​သည် ချိုးငှက်​ကဲ့သို့ ကောင်းကင်​မှ​ဆင်းသက်​၍ သူ့​အပေါ်၌​တည်​တော်မူ​သည်​ကို ငါ​မြင်​ရ​ပြီ။ ငါ​သည်​လည်း အစ​က သူ့​ကို​မ​သိ။ သို့ရာတွင် ရေ​၌​ဗတ္တိဇံ​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​က ‘တစ်စုံတစ်ဦး​အပေါ်သို့ ဝိညာဉ်​တော်​ဆင်းသက်​၍ သူ့​အပေါ်၌​တည်​တော်မူ​သည်​ကို သင်​မြင်​လျှင် ထို​သူ​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ ဗတ္တိဇံ​ပေး​သော​သူ​ဖြစ်​၏’​ဟု ငါ့​အား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း