YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 29:10-14

ယေရမိ 29:10-14 Judson Bible (JBMLE)

တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​မြို့၌ အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ၊ သင်​တို့​ကို ငါ​အ​ကြည့်​အ​ရှု ကြွ​လာ​မည်။ ငါ​ထား​သော က​တိ​ကောင်း​ကို တည်​စေ၍၊ သင်​တို့​ကို ဤ​ပြည်​သို့ ငါ​ပို့​ဆောင်​ဦး​မည်။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​ကို​ခေါ်၍ သွား​လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​သော​အ​ခါ သင်​တို့​စ​ကား​ကို ငါ​နား​ထောင်​မည်။ ငါ့​ကို​ရှာ​သော​အ​ခါ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​နှင့် ရှာ​လျှင် တွေ့​ကြ​လိမ့်​မည်။ ငါ​သည်​လည်း၊ သင်​တို့​အ​တွေ့​ကို​ခံ​မည်။ အ​ထက်​က ငါ​နှင်​ထုတ်၍ သင်​တို့​ခံ​ရ​သော သိမ်း​သွား​ခြင်း​အ​မှု​ကို ငါ​သည်​ဖြေ​ရှင်း​ခြင်း​ငှာ၊ တိုင်း​နိုင်​ငံ​အ​ရပ်​ရပ်​တို့​မှ သင်​တို့​ကို ငါ​စု​သိမ်း​ပြီး​လျှင်၊ အ​ထက်​က ငါ​နှင်​ထုတ်၍ သင်​တို့​ရှုံး​သော​ပြည်​သို့ တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ယေရမိ 29:10-14 Common Language Bible (BCL)

``ထာ​ဝ​ရ​ဘု​ရား​က`ဗာ​ဗု​လုန်​မြို့​၏​သက်​တမ်း အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ ငါ​သည်​သင် တို့​အား​ပြန်​လည်​ကြည့်​ရှု​မည်။ ငါ​၏​က​တိ​တော် ရှိ​သည့်​အ​တိုင်း​သင်​တို့​၏​ပြည်​သို့​ပြန်​လည် ပို့​ဆောင်​မည်။- သင်​တို့​အ​တွက်​ငါ​ပြု​လုပ်​ထား​သည့်​အ​ကြံ အ​စည်​များ​ကို​ငါ​သာ​လျှင်​သိ​၏။ ထို​အ​ကြံ အ​စည်​တို့​သည်​သင်​တို့​ကောင်း​စား​မှု၊ သင်​တို့ စောင့်​မျှော်​နေ​သည့်​အ​နာ​ဂတ်​ကို​ထုတ်​ဖော်​ပေး မှု​နှင့်​ဆိုင်​သော​အ​ကြံ​အ​စည်​များ​ဖြစ်​ပေ သည်။ သင်​တို့​အား​ဘေး​အန္တ​ရာယ်​ရောက်​စေ မည့်​အ​ကြံ​အ​စည်​များ​မ​ဟုတ်။- ထို​အ​ခါ​သင်​တို့​သည်​ငါ့​အား​ဟစ်​ခေါ်​ကြ လိမ့်​မည်။ ငါ့​ထံ​သို့​လာ​၍​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​လိမ့်​မည်။ ငါ​သည်​လည်း​သင်​တို့​၏​ပန် ကြား​ချက်​ကို​နား​ညောင်း​မည်။- သင်​တို့​သည်​စိတ်​နှ​လုံး​အကြွင်း​မဲ့​နှင့်​ရှာ​မည် ဖြစ်​သ​ဖြင့် ငါ့​ကို​ရှာ​၍​တွေ့​ရှိ​ကြ​လိမ့်​မည်။- သင်​တို့​သည်​အ​မှန်​ပင်​ငါ့​ကို​တွေ့​ရှိ​ကြ​လိမ့် မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​သည်​လည်း​သင်​တို့ အား​မိ​မိ​တို့​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​ပေး မည်​ဟူ​၍​လည်း​ကောင်း​ငါ​ဆို​၏။ ငါ​သည်​သင် တို့​အား​မိ​မိ​ကွဲ​လွင့်​စေ​ခဲ့​သည့်​နိုင်​ငံ​တ​ကာ အ​ရပ်​တ​ကာ​တို့​မှ​ပြန်​လည်​စု​သိမ်း​မည်။ ထို နောက်​သင်​တို့​အား​သုံ့​ပန်း​အ​ဖြစ်​ငါ​အ​ဖမ်း ခံ​စေ​ခဲ့​ရ​သည့်​ပြည်​သို့​ပြန်​လည်​ပို့​ဆောင် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏' ဟူ​၍​လည်း​မိန့်​တော် မူ​၏။

ယေရမိ 29:10-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ထာဝရဘုရား​က ဘေဘီလုံ​မြို့​တွင် အနှစ်​ခုနစ်ဆယ်​ပြည့်​သောအခါ ငါ​သည် သင်​တို့​ကို အကြည့်အရှု​ကြွလာ​မည်​။ ဤ​ပြည်​သို့ သင်​တို့​ကို ပြန်ခေါ်​လာ​မည်​ဟူသော ငါ​၏​ကတိ​ကို ပြည့်စုံ​စေ​မည်​။ အကြောင်းမူကား ငါ​ထာဝရဘုရား​သည် သင်​တို့​အတွက်​ကြံစည်​ထား​သော အကြံအစည်​များ​ကို ငါ​သာလျှင်​သိ​၏​။ သင်​တို့​ကို ဒုက္ခ​ရောက်​စေ​မည်​မ​ဟုတ်​၊ ကောင်းစား​စေ​မည့် အကြံအစည်​ဖြစ်​၏​။ သင်​တို့​မျှော်လင့်​သော​အနာဂတ်​ကို ပေး​ရန်​အတွက်​ဖြစ်​၏​။ သင်​တို့​သည် ငါ့​ကို​ခေါ်​လိမ့်မည်​။ ငါ့​ထံသို့ လာ​၍​ဆုတောင်း​လိမ့်မည်​။ ငါ​သည်​လည်း သင်​တို့​ကို နားထောင်​မည်​။ သင်​တို့​သည် ငါ့​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သောအခါ ငါ့​ကို ရှာ​တွေ့​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​၏​။ သင်​တို့​သည် ငါ့​ကို တွေ့​လိမ့်မည်​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ဖမ်းဆီးခေါ်ဆောင်​သွား​ရာ​မှ သင်​တို့​ကို ငါ​ပြန်ခေါ်​လာ​မည်​။ လူမျိုး​တကာ​တို့​ထံမှ​လည်းကောင်း​၊ ငါ​နှင်ထုတ်​၍ ရောက်လေရာ​အရပ်ရပ်​မှ​လည်းကောင်း သင်​တို့​အား ပြန်စုဝေး​စေ​မည်​ဟု​လည်း ထာဝရဘုရား​မိန့်​တော်မူ​၏​။ သင်​တို့​ကို ဖမ်းခေါ်​သွား​၍ သင်​တို့​ရောက်​ရာ​အရပ်​မှ သင်​တို့​ကို​ပြန်ခေါ်​လာ​မည်​။