YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 1:4-8

ယေရမိ 1:4-8 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍ မိန့်​တော်​မူ​သည်​ကား၊ သင့်​ကို အ​မိ​ဝမ်း​ထဲ၌ ငါ​မ​ဖန်​ဆင်း​မီ သင့်​ကို​ငါ​သိ​ပြီ။ မ​ဖွား​မီ​က​ပင် သင့်​ကို ငါ​သန့်​ရှင်း​စေ၍၊ လူ​အ​မျိုး​မျိုး​တို့​အ​ဖို့၊ ပ​ရော​ဖက်​အ​ရာ၌ ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​၏။ ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် မ​ဟော​မ​ပြော​တတ်​ပါ။ သူ​ငယ်​ဖြစ်​ပါ၏​ဟု လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ကျွန်ုပ်​သည်​သူ​ငယ်​ဖြစ်​ပါ၏​ဟု မ​ပြော​နှင့်။ အ​ကြင်​သူ​ရှိ​ရာ​သို့ သင့်​ကို​ငါ​စေ​လွှတ်၏။ ထို​သူ​ရှိ​ရာ​သို့ သင်​သွား​ရ​မည်။ အ​ကြင်​စ​ကား​ကို ငါ​မှာ​ထား၏။ ထို​စ​ကား​ကို သင်​ဆင့်​ဆို​ရ​မည်။ သူ​တို့​ကို မ​ကြောက်​နှင့်။ သင့်​ကို​ကယ်​နုတ်​ခြင်း​ငှာ သင်​နှင့်​အ​တူ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​ပြီး​မှ၊

ယေရမိ 1:4-8 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​အား​ဇီ​ဝ အ​သက်​ကို​မ​ပေး​မီ​ရွေး​ချယ်​၍​သင်​မ​မွေး ဖွား​မီ​က​ပင် သီး​သန့်​သတ်​မှတ်​ကာ​လူ​မျိုး တ​ကာ​တို့​၏​ပ​ရော​ဖက်​အ​ဖြစ်​ခန့်​ထား ခဲ့​၏'' ဟု​ငါ့​ကို​မိန့်​တော်​မူ​သော​အ​ခါ၊ ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး သည်​အ​သက်​အ​ရွယ်​ငယ်​လွန်း​သည်​ဖြစ်​၍ အ​ဘယ်​သို့​ဟော​ပြော​ရ​မည်​ကို​မ​သိ​ပါ'' ဟု​လျှောက်​ထား​၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​က``သင်​သည် အ​သက်​အ​ရွယ်​ငယ်​လွန်း​သည်​ဟု​မ​ဆို​နှင့်။ ငါ​စေ​လွှတ်​သည့်​သူ​ထံ​သို့​သင်​သွား​၍ ငါ မိန့်​မှာ​တော်​မူ​သ​မျှ​ကို​ပြန်​ကြား​လော့။- ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင့်​အား​ကွယ် ကာ​တော်​မူ​မည်။ သို့​ဖြစ်​၍​သင်​သည်​ထို​သူ တို့​ကို​မ​ကြောက်​နှင့်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု ငါ့​ကို​မိန့်​တော်​မူ​၏။

ယေရမိ 1:4-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့ ရောက်လာ​၍ “​သင့်​ကို အမိ​ဝမ်း​ထဲမှာ ပုံ​မ​သွင်း​မီ​ကပင် သင့်​ကို​ငါ​သိ​၏​။ သင်​မ​မွေး​မီ​ကပင် သင့်​ကို​ငါ​သန့်ရှင်း​စေ​ပြီ​။ လူမျိုးတကာ​တို့​အတွက် ပရောဖက်​အဖြစ် ငါ​ခန့်ထား​ပြီ​”​ဟု မိန့်ဆို​သော် ငါ​က​လည်း “​အို​၊ ဘုရားရှင်​ထာဝရဘုရား အကျွန်ုပ်​သည် သူငယ်​သာ​ဖြစ်၍ မ​ပြော​မ​ဆို​တတ်​ပါ​”​ဟု ပြန်လျှောက်​၏​။ သို့သော် ထာဝရဘုရား​က ငါ့​အား “ ‘အကျွန်ုပ်​သည် သူငယ်​သာ​ဖြစ်​ပါ​သည်’​ဟု မ​ဆို​နှင့်​။ သင့်​ကို​ငါ​စေလွှတ်​သော လူ​အပေါင်း​တို့​ထံသို့ သင်​သွား​ရ​မည်​။ ငါ​မိန့်မှာ​သော​စကား​အလုံးစုံ​တို့​ကို သင်​ပြောကြား​ရ​မည်​။ သူ​တို့​ကို မ​ကြောက်​နှင့်​။ ငါ​သည် သင့်​ကို​ကယ်နုတ်​ရန် သင်​နှင့်အတူ​ရှိ​၏​”​ဟု မိန့်​တော်မူ​ပြီးလျှင်