YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 4:14-16

တရားသူကြီး 4:14-16 Judson Bible (JBMLE)

ဒေ​ဗော​ရ​က​လည်း ထ​လော့။ ယ​နေ့​ကား ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​ကို သင့်​လက်၌ အပ်​တော်​မူ​သော​နေ့ ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ ကြွ​တော်​မူ​ပြီ မ​ဟုတ်​လော​ဟု ဆို​လေ​သော်၊ ဗာ​ရက်​သည် လူ​တစ်​သောင်း​နှင့်​တ​ကွ တာ​ဗော်​တောင်​ပေါ်​က ဆင်း​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​မှ​စ၍ သူ၏​ရ​ထား​များ​နှင့် ဗိုလ်​ပါ​စစ်​သည်​များ အ​ပေါင်း​တို့​ကို ဗာ​ရက်​ရှေ့​မှာ ဓား​ဖြင့် ရှုံး​စေ​တော်​မူ​သော​ကြောင့်၊ သိ​သ​ရ​သည် မိ​မိ​ရ​ထား​မှ​ဆင်း၍ ခြေ​ဖြင့်​ပြေး​လေ၏။ ဗာ​ရက်​သည် ရ​ထား​များ၊ ဗိုလ်​ပါ​စစ်​သည်​များ​ကို ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​တိုင်​အောင် လိုက်၍၊ သိ​သ​ရ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မျှ မ​ကျန်​ကြွင်း ဓား​နှင့် သေ​ကြ​ကုန်၏။

တရားသူကြီး 4:14-16 Common Language Bible (BCL)

ထို​အ​ခါ​ဒေ​ဗော​ရ​က​ဗာ​ရက်​အား``သင်​သွား လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ရှေ့​ဆောင် လျက်​နေ​တော်​မူ​ပြီ။ ယ​နေ့​၌​ပင်​ကိုယ်​တော် သည်​သင့်​အား​သိ​သ​ရ​အ​ပေါ်​တွင်​အောင်​ပွဲ ခံ​စေ​တော်​မူ​လေ​ပြီ'' ဟု​ပြော​၏။ သို့​ဖြစ်​၍ ဗာ​ရက်​သည်​မိ​မိ​၏​လူ​တစ်​သောင်း​နှင့်​အ​တူ တာ​ဗော်​တောင်​မှ​ဆင်း​ပြီး​နောက်၊- ရန်​သူ​ကို​တိုက်​ခိုက်​ရာ​ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​၏​သံ​ရ​ထား​များ​နှင့်​တပ်​သား​တို့ ကို​က​စဥ့်​က​ရဲ​ဖြစ်​စေ​တော်​မူ​သ​ဖြင့် သိ​သ​ရ သည်​မိ​မိ​ရ​ထား​မှ​ဆင်း​၍​ခြေ​လျင်​ထွက် ပြေး​လေ​၏။- ဗာ​ရက်​သည်​လည်း​သူ​၏​ရ​ထား​များ​နှင့်​တပ် သား​တို့​ကို လူ​မျိုး​ခြား​တို့​နေ​ရာ​ဟာ​ရော​ရှက် မြို့​သို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​ရာ သိ​သ​ရ ၏​တပ်​သား​တို့​သည်​တစ်​ယောက်​မျှ​မ​ကျန် သေ​ဆုံး​ကြ​ကုန်​၏။

တရားသူကြီး 4:14-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဒေဗောရ​က ဗာရက်​အား “​ဤ​နေ့​ကား သိသရ​ကို သင့်​လက်​သို့ ထာဝရဘုရား အပ်​တော်မူ​သော​နေ့ ဖြစ်​၏​။ ထာဝရဘုရား​သည် သင့်​ရှေ့​မှ​ချီ​တော်မူ​သည်​မ​ဟုတ်​လော​”​ဟု ဆို​သော် ဗာရက်​သည် လူ​တစ်သောင်း​နှင့်အတူ တာဗော်​တောင်​မှ​ဆင်းသွား​ကြ​၏​။ ထာဝရဘုရား​သည် သိသရ​မှစ၍ စစ်ရထား​၊ စစ်သည်​ရှိသမျှ​တို့​ကို ဗာရက်​၏​ဓား​သွား​ဖြင့် မရှုမလှ​ရှုံးနိမ့်​စေ​တော်မူ​သောကြောင့် သိသရ​သည် သူ​၏​စစ်ရထား​ပေါ်​မှ​ဆင်း​ပြီး ခြေကျင်​ဖြင့် ထွက်ပြေး​လေ​၏​။ ဗာရက်​သည် ဟာရောရှက်​ဟာဂေါအိမ်​မြို့​တိုင်အောင် သိသရ​၏​စစ်ရထား​၊ စစ်သည်​တို့​နောက်သို့​လိုက်​၍ စစ်သည်​တို့​ကို တစ်ယောက်မကျန်​ဓား​ဖြင့် သတ်​ပစ်​၏​။