တရားသူကြီး 4:1-3
တရားသူကြီး 4:1-3 Judson Bible (JBMLE)
ဧဟုဒသေသောနောက်၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ တစ်ဖန် ဒုစရိုက်ကိုပြုသောကြောင့်၊ ထာဝရဘုရားသည် ဟာဇော်မြို့၌ မင်းပြုသော ခါနာန်ရှင်ဘုရင် ယာဘိန်၌ ရောင်းတော်မူ၏။ သူခန့်ထားသော ဗိုလ်ချုပ်မင်းကား၊ ဂေါအိမ်ပြည် ဟာရောရှက်မြို့၌ နေသောသိသရတည်း။ ထိုမင်း၌ သံရထားကိုးရာရှိ၏။ ဣသရေလအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး အလွန်ညှဉ်းဆဲသောကြောင့်၊ သူတို့သည် ထာဝရဘုရားကို အော်ဟစ်ကြ၏။
တရားသူကြီး 4:1-3 Common Language Bible (BCL)
ဧဟုဒသေလွန်ပြီးနောက်ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား အားတစ်ဖန်ပြစ်မှားကြပြန်၏။- သို့ဖြစ်၍ထာဝရဘုရားသည်ဟာဇာမြို့ ၌မင်းပြုသူခါနာန်ဘုရင်ရာဘိန်အား သူတို့ ကိုတိုက်ခိုက်အောင်မြင်စေတော်မူ၏။ ထိုမင်း ၏စစ်သူကြီးမှာလူမျိုးခြားတို့နေရာ၊ ဟာ ရောရှက်မြို့သားသိသရဖြစ်၏။- ရာဘိန်မင်းထံတွင်သံရထားကိုးရာရှိ၏။ သူ သည်ဣသရေလအမျိုးသားတို့အားအနှစ် နှစ်ဆယ်တိုင်တိုင် အကြမ်းဖက်၍ရက်စက်စွာ အုပ်စိုးလေသည်။ ထိုအခါဣသရေလအမျိုး သားတို့သည် ထာဝရဘုရားထံတော်သို့ ကူမတော်မူရန်ဟစ်အော်ကြကုန်၏။
တရားသူကြီး 4:1-3 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဧဟုဒ သေဆုံးသွားပြီးနောက် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုပြုကြပြန်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို ဟာဇော်မြို့၌စိုးစံသော ခါနာန်ဘုရင်ယာဘိန်မင်းကြီးလက်သို့ ရောင်းလိုက်လေ၏။ ထိုဘုရင်၏စစ်သူကြီးမှာ ဟာရောရှက်ဟာဂေါအိမ်မြို့၌နေထိုင်သော သိသရဖြစ်၏။ ထိုဘုရင်၌ သံစစ်ရထားအစီး ကိုးရာရှိ၏။ သူသည် အစ္စရေးအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး ရက်ရက်စက်စက်ညှဉ်းဆဲသောကြောင့် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားထံ အော်ဟစ်ကြလေ၏။