YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 4:1-24

တရားသူကြီး 4:1-24 Judson Bible (JBMLE)

ဧ​ဟု​ဒ​သေ​သော​နောက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တစ်​ဖန် ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဟာ​ဇော်​မြို့၌ မင်း​ပြု​သော ခါ​နာန်​ရှင်​ဘု​ရင် ယာ​ဘိန်၌ ရောင်း​တော်​မူ၏။ သူ​ခန့်​ထား​သော ဗိုလ်​ချုပ်​မင်း​ကား၊ ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့၌ နေ​သော​သိ​သ​ရ​တည်း။ ထို​မင်း၌ သံ​ရ​ထား​ကိုး​ရာ​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​နှစ်​နှစ်​ဆယ်​ပတ်​လုံး အ​လွန်​ညှဉ်း​ဆဲ​သော​ကြောင့်၊ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ၏။ ထို​ကာ​လ​အ​ခါ လ​ပိ​ဒုတ်​မယား ပ​ရော​ဖက်​မ​ဒေ​ဗော​ရ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး၏။ သူ​သည် ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ရာ​မ​မြို့​နှင့် ဗေ​သ​လ​မြို့​စပ်​ကြား၊ ဒေ​ဗော​ရ စွန်​ပ​လွံ​ပင်​အောက်​မှာ​နေ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​ပ​ရော​ဖက်​မ၏ စီ​ရင်​ခြင်း​ကို​ခံ​အံ့​သော​ငှာ ရောက်​လာ​တတ်​ကြ၏။ တစ်​ဖန် ဒေ​ဗော​ရ​သည် လူ​ကို​စေ​လွှတ်၍၊ နဿ​လိ​ခ​ရိုင် ကေ​ဒေ​ရှ​မြို့​မှာ​နေ​သော အ​ဘိ​နောင်၏​သား ဗာ​ရက်​ကို ခေါ်​ပြီး​လျှင်၊ သင်​သည် နဿ​လိ​အ​မျိုး၊ ဇာ​ဗု​လုန်​အ​မျိုး​ထဲ​က လူ​တစ်​သောင်း​ကို​သွေး​ဆောင်၍ တာ​ဗော်​တောင်​သို့ သွား​လော့။ ငါ​သည်​လည်း ယာ​ဘိန်​မင်း၏​ဗိုလ်​ချုပ် သိ​သ​ရ​နှင့် ရ​ထား​ဗိုလ်​ပါ​များ​ကို သင်​ရှိ​ရာ​ကိ​ရှုန်​မြစ်​သို့ သွေး​ဆောင်၍ သင့်​လက်၌​အပ်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​ဟု ဆင့်​ဆို​လေ၏။ ဗာ​ရက်​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​ကြွ​လျှင် အ​ကျွန်ုပ်​သွား​ပါ​မည်။ ကြွ​တော်​မ​မူ​လျှင်​မူ​ကား မ​သွား​ပါ​ဟု လျှောက်​သော်၊ ဒေ​ဗော​ရ​က၊ ငါ​သည် သင်​နှင့်​အ​တူ အ​မှန်​သွား​မည်။ သို့​သော်​လည်း သင်​သွား​ရာ​လမ်း၌ ဂုဏ်​အ​သ​ရေ​ကို မ​ရ​ရာ။ ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​ကို မိန်း​မ၌ ရောင်း​တော်​မူ​မည်​ဟု​ဆို​ပြီး​မှ ထ၍ ဗာ​ရက်​နှင့်​အ​တူ ကေ​ဒေ​ရှ​မြို့​သို့ သွား​လေ၏။ ဗာ​ရက်​သည် နဿ​လိ​အ​မျိုး​သား၊ ဇာ​ဗု​လုန်​အ​မျိုး​သား​တို့​ကို ကေ​ဒေ​ရှ​မြို့​သို့​ခေါ်၍ လိုက်​သော​သူ တစ်​သောင်း​နှင့်​တ​ကွ ဒေ​ဗော​ရ​ပါ​လျက် တက်​လေ၏။ မော​ရှေ၏​ယော​က္ခ​မ ဟော​ဗတ်၏​သား​မြေး​အ​ဝင်၊ ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ​သည်၊ ကေ​နိ​လူ​တို့​နှင့်​ခွာ၍ ကေ​ဒေ​ရှ​မြို့​အ​နား၊ ဇာ​နိမ်​သ​ပိတ်​ပင်​ခြေ​ရင်း၌ တဲ​ကို​ဆောက်​လျက် နေ​နှင့်​သ​တည်း။ အ​ဘိ​နောင်၏​သား ဗာ​ရက်​သည် တာ​ဗော်​တောင်​ပေါ်​သို့ တက်​ကြောင်း​ကို သိ​သ​ရ​အား ကြား​ပြော​လျှင်၊ သိ​သ​ရ​သည် မိ​မိ​ရ​ထား​ရှိ​သ​မျှ​တည်း​ဟူ​သော သံ​ရ​ထား​ကိုး​ရာ​နှင့် ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​မှ​စ၍ ကိ​ရှုန်​မြစ်​တိုင်​အောင် မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၏။ ဒေ​ဗော​ရ​က​လည်း ထ​လော့။ ယ​နေ့​ကား ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​ကို သင့်​လက်၌ အပ်​တော်​မူ​သော​နေ့ ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ ကြွ​တော်​မူ​ပြီ မ​ဟုတ်​လော​ဟု ဆို​လေ​သော်၊ ဗာ​ရက်​သည် လူ​တစ်​သောင်း​နှင့်​တ​ကွ တာ​ဗော်​တောင်​ပေါ်​က ဆင်း​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​မှ​စ၍ သူ၏​ရ​ထား​များ​နှင့် ဗိုလ်​ပါ​စစ်​သည်​များ အ​ပေါင်း​တို့​ကို ဗာ​ရက်​ရှေ့​မှာ ဓား​ဖြင့် ရှုံး​စေ​တော်​မူ​သော​ကြောင့်၊ သိ​သ​ရ​သည် မိ​မိ​ရ​ထား​မှ​ဆင်း၍ ခြေ​ဖြင့်​ပြေး​လေ၏။ ဗာ​ရက်​သည် ရ​ထား​များ၊ ဗိုလ်​ပါ​စစ်​သည်​များ​ကို ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​တိုင်​အောင် လိုက်၍၊ သိ​သ​ရ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မျှ မ​ကျန်​ကြွင်း ဓား​နှင့် သေ​ကြ​ကုန်၏။ သိ​သ​ရ​သည် ကေ​နိ​အ​မျိုး​သား ဟေ​ဗာ၏​မ​ယား ယေ​လ၏​တဲ​သို့ ခြေ​ဖြင့်​ပြေး၏။ ထို​ကာ​လ၌ ဟာ​ဇော်​ရှင်​ဘု​ရင်​ယာ​ဘိန်​သည် ဟေ​ဗာ​အ​မျိုး​သား​ချင်း ကေ​နိ​လူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လျက် ရှိ​သ​တည်း။ ယေ​လ​သည် သိ​သ​ရ​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ထွက်၍၊ သ​ခင်​ဝင်​ပါ၊ ကျွန်​မ​ဆီ​သို့ ဝင်​ပါ။ စိုး​ရိမ်​တော်​မ​မူ​ပါ​နှင့်​ဟု ခေါ်​သည်​အ​တိုင်း၊ သူ​သည် ယေ​လ​နေ​ရာ​တဲ​ထဲ​သို့​ဝင်၍ ယေ​လ​သည် သူ့​ကို စောင်​နှင့်​ခြုံ​လေ၏။ သူ​က​လည်း၊ ငါ​ရေ​ငတ်​သည်၊ ရေ​အ​နည်း​ငယ်​ကို​ပေး​ပါ​ဟု တောင်း​လျှင်၊ မိန်း​မ​သည် နွား​နို့​ဘူး​ကို​ဖွင့်၍ သောက်​စေ​ပြီး​မှ တစ်​ဖန် ခြုံ​လေ၏။ သူ​က​လည်း၊ တဲ​တံ​ခါး​ဝ၌ နေ​ပါ။ လူ​တစ်​စုံ​တစ်​ယောက်​က ယောက်ျား​ရှိ​သ​လော​ဟု လာ၍​မေး​လျှင် မ​ရှိ​ကြောင်း​ကို ပြော​လော့​ဟု မှာ​ထား​လေ၏။ ထို​အ​ခါ ဟေ​ဗာ​မ​ယား​ယေ​လ​သည် သိ​သ​ရ​မော​လျက် အိပ်​ပျော်​စဉ်​တွင်၊ တဲ​တံ​သင်​တစ်​ချောင်း​နှင့် လက်​ရိုက်​ကို​ကိုင်​လျက် သူ့​ထံ​သို့ တိတ်​ဆိတ်​စွာ​သွား၍ တံ​သင်​ကို မြေ၌​စွဲ​စေ​သည်​တိုင်​အောင် သူ၏​နား​ပန်း​ထဲ​သို့ ရိုက်​သွင်း​သ​ဖြင့် သိ​သ​ရ​သည် သေ၏။ ဗာ​ရက်​သည် သိ​သ​ရ​ကို လိုက်​ရှာ​သော​အ​ခါ၊ ယေ​လ​ထွက်၍ ကျွန်​မ​ဆီ​သို့ ဝင်​ပါ။ ရှာ​သော​သူ​ကို ပြ​ပါ​မည်​ဟု ကြို​ဆို​လျှင်၊ ဗာ​ရက်​သည် တဲ​ထဲ​သို့​ဝင်၍ သိ​သ​ရ​သေ​လျက်၊ နား​ပန်း၌ တံ​သင်​စူး​လျက်​ရှိ​သည်​ကို မြင်​လေ၏။ ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် ခါ​နာန်​ရှင်​ဘု​ရင်​ယာ​ဘိန်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ နှိမ့်​ချ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ထို​ရှင်​ဘု​ရင်​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် အ​စဉ်​အောင်​လျက်​နေ​ကြ၏။

တရားသူကြီး 4:1-24 Common Language Bible (BCL)

ဧ​ဟု​ဒ​သေ​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား အား​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။- သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဟာ​ဇာ​မြို့ ၌​မင်း​ပြု​သူ​ခါ​နာန်​ဘု​ရင်​ရာ​ဘိန်​အား သူ​တို့ ကို​တိုက်​ခိုက်​အောင်​မြင်​စေ​တော်​မူ​၏။ ထို​မင်း ၏​စစ်​သူ​ကြီး​မှာ​လူ​မျိုး​ခြား​တို့​နေ​ရာ၊ ဟာ ရော​ရှက်​မြို့​သား​သိ​သ​ရ​ဖြစ်​၏။- ရာ​ဘိန်​မင်း​ထံ​တွင်​သံ​ရ​ထား​ကိုး​ရာ​ရှိ​၏။ သူ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​နှစ် နှစ်​ဆယ်​တိုင်​တိုင် အ​ကြမ်း​ဖက်​၍​ရက်​စက်​စွာ အုပ်​စိုး​လေ​သည်။ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ကူ​မ​တော်​မူ​ရန်​ဟစ်​အော်​ကြ​ကုန်​၏။ ထို​အ​ခါ​လ​ဝိ​ဒုတ်​၏​ဇ​နီး​ဒေ​ဗော​ရ​သည် ပ​ရော​ဖက်​မ​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​တ​ရား​သူ​ကြီး​တစ်​ဦး​အ​ဖြစ် အ​မှု​ထမ်း​လျက်​နေ​၏။- သူ​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​တွင်​ရာ​မ မြို့​နှင့် ဗေ​သ​လ​မြို့​စပ်​ကြား​ရှိ​စွန်​ပ​လွံ​ပင် အောက်​၌​ထိုင်​၍​နေ​လေ့​ရှိ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​လည်း​အ​ဆုံး​အ​ဖြတ် ကို​ခံ​ယူ​ရန် ထို​အ​ရပ်​သို့​သွား​ရောက်​လေ့ ရှိ​ကြ​၏။- တစ်​နေ့​သ​၌​သူ​သည်​န​ဿ​လိ​နယ်​မြေ၊ ကေ ဒေ​ရှ​မြို့​မှ​အ​ဘိ​နောင်​၏​သား​ဗာ​ရက်​ကို ခေါ်​ပြီး​လျှင်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​သည်​န​ဿ​လိ အ​နွယ်​နှင့် ဇာ​ဗု​လုန်​အ​နွယ်​မှ​လူ​ပေါင်း​တစ် သောင်း​ကို​ခေါ်​ယူ​ကာ​တာ​ဗော်​တောင်​သို့ သွား​ရ​မည်။- သင့်​ကို​တိုက်​ခိုက်​စေ​ရန်​ရာ​ဘိန်​မင်း​၏​စစ်​သူ ကြီး​သိ​သ​ရ​ကို​ကိ​ရှုန်​မြစ်​သို့​ငါ​ခေါ်​ဆောင် ခဲ့​မည်။ သူ​၏​ထံ​တွင်​ရ​ထား​များ​နှင့်​စစ်​သည် ဗိုလ်​ပါ​များ​ပါ​ရှိ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည် သင့်​အား​သူ့​ကို​နိုင်​နင်း​အောင်​မြင်​စေ​မည်' ဟု သင့်​အား​မိန့်​တော်​မူ​လေ​ပြီ'' ဟု​ပြော​၏။ ထို​အ​ခါ​ဗာရက်​က``အ​ကယ်​၍​အ​ကျွန်ုပ်​နှင့် အ​တူ အ​ရှင်​လိုက်​မည်​ဆို​လျှင်​အ​ကျွန်ုပ်​သွား ပါ​မည်။ အ​ရှင်​မ​လိုက်​လို​ပါ​က​အ​ကျွန်ုပ် လည်း​မ​သွား​လို​ပါ'' ဟု​ဆို​၏။ ဒေ​ဗော​ရ​က​လည်း``ကောင်း​ပြီ၊ သင်​နှင့်​အ​တူ ငါ​လိုက်​ပါ​အံ့။ သို့​ရာ​တွင်​သင်​သည်​ထို​အောင် ပွဲ​နှင့်​ဆိုင်​သော​ဂုဏ်​အ​သ​ရေ​ကို​ရ​ရှိ​လိမ့် မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ ဘု​ရား​သည်​သိ​သ​ရ​ကို​အ​မျိုး​သ​မီး​လက် သို့​ပေး​အပ်​တော်​မူ​လိမ့်​မည်​ဖြစ်​သော​ကြောင့် တည်း'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဒေ​ဗော​ရ​သည် ဗာ​ရက်​နှင့်​အ​တူ​ကိ​ရှန်​မြစ်​သို့​ထွက်​ခွာ သွား​၏။- ဗာ​ရက်​သည်​န​ဿ​လိ​အ​နွယ်​ဝင်​နှင့်​ဇာ​ဗု​လုန် အ​နွယ်​ဝင်​တို့​ကို ကေ​ဒေ​ရှ​မြို့​သို့​ခေါ်​ယူ​ရာ သူ​၏​နောက်​သို့​လူ​ပေါင်း​တစ်​သောင်း​လိုက်​ကြ ၏။ ဒေ​ဗော​ရ​သည်​လည်း​သူ​နှင့်​အ​တူ​လိုက် လေ​သည်။ ဤ​အ​တော​အ​တွင်း​၌​ကေ​နိ​အ​မျိုး​သား ဟေ​ဗာ​သည် ကာ​ဒေ​ရှ​မြို့​အ​နီး​ဗာ​နိမ်​အ​ရပ် ရှိ​သ​ပိတ်​ပင်​ခြေ​ရင်း​၌​မိ​မိ​၏​တဲ​ကို​တည် ဆောက်​၏။ သူ​သည်​မော​ရှေ​၏​ယောက်​ဖ၊ ဟော​ဗက် ၏​သား​မြေး​များ​ဖြစ်​သူ​အ​ခြား​ကေ​နိ​အ​နွယ် ဝင်​တို့​ထံ​မှ​ပြောင်း​ရွှေ့​လာ​သူ​ဖြစ်​သ​တည်း။ တာ​ဗော်​တောင်​သို့​ဗာ​ရက်​တက်​သွား​သည့် အ​ကြောင်း​ကို သိ​သ​ရ​ကြား​သိ​သော​အ​ခါ၊- သူ​သည်​သံ​ရ​ထား​ကိုး​ရာ​နှင့်​မိ​မိ​၏​လူ အ​ပေါင်း​တို့​ကို​စု​ရုံး​စေ​ပြီး​လျှင် လူ​မျိုး ခြား​တို့​နေ​ရာ​ဟာ​ရော​ရှက်​မြို့​မှ​ကိ​ရှုန် မြစ်​သို့​စေ​လွှတ်​လိုက်​လေ​သည်။ ထို​အ​ခါ​ဒေ​ဗော​ရ​က​ဗာ​ရက်​အား``သင်​သွား လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ရှေ့​ဆောင် လျက်​နေ​တော်​မူ​ပြီ။ ယ​နေ့​၌​ပင်​ကိုယ်​တော် သည်​သင့်​အား​သိ​သ​ရ​အ​ပေါ်​တွင်​အောင်​ပွဲ ခံ​စေ​တော်​မူ​လေ​ပြီ'' ဟု​ပြော​၏။ သို့​ဖြစ်​၍ ဗာ​ရက်​သည်​မိ​မိ​၏​လူ​တစ်​သောင်း​နှင့်​အ​တူ တာ​ဗော်​တောင်​မှ​ဆင်း​ပြီး​နောက်၊- ရန်​သူ​ကို​တိုက်​ခိုက်​ရာ​ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​၏​သံ​ရ​ထား​များ​နှင့်​တပ်​သား​တို့ ကို​က​စဥ့်​က​ရဲ​ဖြစ်​စေ​တော်​မူ​သ​ဖြင့် သိ​သ​ရ သည်​မိ​မိ​ရ​ထား​မှ​ဆင်း​၍​ခြေ​လျင်​ထွက် ပြေး​လေ​၏။- ဗာ​ရက်​သည်​လည်း​သူ​၏​ရ​ထား​များ​နှင့်​တပ် သား​တို့​ကို လူ​မျိုး​ခြား​တို့​နေ​ရာ​ဟာ​ရော​ရှက် မြို့​သို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​ရာ သိ​သ​ရ ၏​တပ်​သား​တို့​သည်​တစ်​ယောက်​မျှ​မ​ကျန် သေ​ဆုံး​ကြ​ကုန်​၏။ သိ​သ​ရ​သည်​ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ ၏​ဇ​နီး​ယေ​လ​၏​တဲ​သို့​ထွက်​ပြေး​သွား​လေ သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဟာ​ဇော်​ဘု​ရင် ယာ​ဘိန်​နှင့်​ဟေ​ဗာ​၏​မိ​သား​စု​သင့်​မြတ် မှု​ရှိ​သော​ကြောင့်​ဖြစ်​၏။- ယေ​လ​သည်​ထွက်​၍​သိ​သ​ရ​အား``ကြွ​တော် မူ​ပါ။ ကျွန်​တော်​မ​တဲ​ထဲ​သို့​ဝင်​တော်​မူ​ပါ။ ကြောက်​လန့်​တော်​မ​မူ​ပါ​နှင့်'' ဟု​ဖိတ်​ခေါ် လေ​သည်။ သို့​ဖြစ်​၍​စစ်​သူ​ကြီး​သည်​တဲ​ထဲ သို့​ဝင်​လေ​သော်​ယေလ​သည်​သူ့​အား​ကန့်​လန့် ကာ​တစ်​ခု​၏​နောက်​တွင်​ကွယ်​ဝှက်​၍​ထား​၏။- သူ​က​လည်း``ငါ​ရေ​ငတ်​သည်၊ ရေ​တစ်​ပေါက် လောက်​သောက်​ပါ​ရ​စေ'' ဟု​ယေ​လ​အား​ပြော လျှင်​ယေ​လ​သည်​နွား​နို့​ထည့်​ထား​သော သား​ရေ​ဘူး​ကို​ဖွင့်​၍ နို့​တစ်​ခွက်​ကို​ပေး​ပြီး နောက်​သူ့​အား​ပြန်​၍​ဝှက်​ထား​လေ​သည်။- ထို​နောက်​သိ​သ​ရ​က``သင်​သည်​တဲ​တံ​ခါး​ဝ ၌​စောင့်​နေ​ပါ​လော့။ အ​ကယ်​၍​တဲ​ထဲ​တွင်​လူ တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော​ဟု​မေး​မြန်း လာ​သူ​ရှိ​ပါ​က`မ​ရှိ​ပါ' ဟု​ပြန်​ပြော​ပါ လေ'' ဟု​ယေ​လ​အား​မှာ​ထား​လိုက်​၏။ သိ​သ​ရ​သည်​အ​လွန်​မော​ပန်း​သ​ဖြင့်​အိပ် ပျော်​သွား​လေ​သည်။ ထို​အ​ခါ​ယေ​လ​သည်​တူ တစ်​လက်​နှင့်​တဲ​ရှင်​ငုတ်​ချွန်​တစ်​ချောင်း​ကို​ယူ​၍ သူ့​ထံ​သို့​တိတ်​ဆိတ်​စွာ​သွား​ပြီး​လျှင်​ငုတ် ချွန်​ကို​မြေ​၌​စွဲ​သည်​တိုင်​အောင်​သူ​၏​နား ထင်​သို့​ရိုက်​သွင်း​လိုက်​လေ​သည်။- သိ​သ​ရ​အား​ရှာ​ဖွေ​ရန်​ဗာ​ရက်​ရောက်​ရှိ​လာ သော​အ​ခါ ယေ​လ​သည်​ထွက်​၍​ခ​ရီး​ဦး​ကြို ပြု​လျက်``တဲ​ထဲ​သို့​ဝင်​ပါ။ သင်​ရှာ​ဖွေ​နေ​သူ အား​ကျွန်​မ​ပြ​ပါ​မည်'' ဟု​ပြော​၏။ ဗာ​ရက် သည်​ယေ​လ​နှင့်​အ​တူ​တဲ​ထဲ​သို့​ဝင်​လိုက် သော​အ​ခါ​နား​ထင်​တွင်​တဲ​ရှင်​ငုတ်​ချွန်​စိုက် ၍​သေ​နေ​သူ​သိ​သ​ရ​ကို​တွေ့​မြင်​ရ​တော့​၏။ ထို​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ခါ​နာန်​ဘု​ရင် ယာ​ဘိန်​၏​အ​ပေါ်​၌ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သ​တည်း။- သူ​တို့​သည်​ထို​ဘုရင်​အား​ဆုံး​ရှုံး​ပျက်​စီး​သွား သည့်​တိုင်​အောင်​တိုး​၍​တိုး​၍​ပြင်း​ပြင်း​ထန် ထန်​တိုက်​ခိုက်​ကြ​၏။

တရားသူကြီး 4:1-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဧဟုဒ သေဆုံး​သွား​ပြီးနောက် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ပြု​ကြ​ပြန်​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို ဟာဇော်​မြို့​၌​စိုးစံ​သော ခါနာန်​ဘုရင်​ယာဘိန်​မင်းကြီး​လက်​သို့ ရောင်းလိုက်​လေ​၏​။ ထို​ဘုရင်​၏​စစ်သူကြီး​မှာ ဟာရောရှက်​ဟာဂေါအိမ်​မြို့​၌​နေထိုင်​သော သိသရ​ဖြစ်​၏​။ ထို​ဘုရင်​၌ သံ​စစ်ရထား​အစီး ကိုး​ရာ​ရှိ​၏​။ သူ​သည် အစ္စရေး​အမျိုးသား​တို့​ကို အနှစ်​နှစ်ဆယ်​ပတ်လုံး ရက်ရက်စက်စက်​ညှဉ်းဆဲ​သောကြောင့် အစ္စရေး​အမျိုးသား​တို့​က ထာဝရဘုရား​ထံ အော်ဟစ်​ကြ​လေ​၏​။ ထို​ကာလ​၌ လပိဒုတ်​၏​မယား ပရောဖက်မ​ဒေဗောရ​သည် အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​ရ​၏​။ သူ​သည် ရာမ​မြို့​နှင့် ဗေသလ​မြို့​အကြား​၊ ဧဖရိမ်​တောင်​ပေါ်ရှိ ဒေဗောရ​စွန်ပလွံပင်​အောက်​၌ နေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် စီရင်ဆုံးဖြတ်ချက်​ခံယူ​ရန် သူ့​ထံသို့​လာ​ကြ​၏​။ ဒေဗောရ​သည် နဿလိ​နယ်​၊ ကေဒေရှ​မြို့​ရှိ အဘိနောင်​၏​သား ဗာရက်​ကို လူ​လွှတ်​ခေါ်​စေ​၍ “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​နဿလိ​အမျိုး​၊ ဇာဗုလုန်​အမျိုး​တို့​ထဲမှ လူ​တစ်သောင်း​ကို သင်​နှင့်အတူ တာဗော်​တောင်​သို့ ခေါ်ဆောင်​သွား​လော့​။ ငါ​သည်​လည်း ယာဘိန်​မင်းကြီး​၏​စစ်သူကြီး​သိသရ​နှင့် သူ​၏​စစ်ရထား​အလုံးအရင်း​ကို ကိရှုန်​မြစ်​သို့ လှည့်ပတ်​ခေါ်​ခဲ့​ပြီး သင့်​လက်​သို့​အပ်​မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု သူ့​အား​ဆို​၏​။ ဗာရက်​က​လည်း “​အရှင် အကျွန်ုပ်​နှင့်အတူ လိုက်​မည်​ဆိုလျှင် အကျွန်ုပ်​သွား​မည်​။ အရှင် မ​လိုက်​လျှင် အကျွန်ုပ် မ​သွား​ပါ​”​ဟု ပြန်ပြော​၏​။ ဒေဗောရ​က​လည်း “​သင်​နှင့်အတူ ငါ​သွား​မည်​။ သို့သော် ထာဝရဘုရား​သည် သိသရ​ကို မိန်းမ​လက်​သို့​အပ်​တော်မူ​မည်​ဖြစ်၍ ဤ​အမှု​တွင် သင် ဂုဏ်ပြု​ခံရ​မည်​မ​ဟုတ်​”​ဟု ဗာရက်​အား​ဆို​ပြီးလျှင် သူ​နှင့်အတူ ကေဒေရှ​အရပ်​သို့ ထ​သွား​လေ​၏​။ ဗာရက်​သည် နဿလိ​အမျိုး​နှင့် ဇာဗုလုန်​အမျိုး လူ​တစ်သောင်း​ကို ခေါ်​၍ ကေဒေရှ​အရပ်​သို့ ချီတက်​သွား​၏​။ ဒေဗောရ​လည်း သူ​တို့​နှင့်အတူ လိုက်သွား​၏​။ ထိုစဉ်က ကေနိ​လူမျိုး​၊ ဟေဗာ​သည် မောရှေ​ယောက္ခမ​ဟောဗပ်​၏​သားမြေး​များ​ဖြစ်​သည့် ကေနိ​လူမျိုး​တို့​မှ ခွဲထွက်​၍ ကေဒေရှ​မြို့​အနီး​၊ ဇာနန္နိမ်​အရပ်​ရှိ ဝက်သစ်ချပင်​အောက်​တွင် တဲထိုး​နေ​၏​။ အဘိနောင်​၏​သား​ဗာရက်​သည် တာဗော်​တောင်​ပေါ်သို့ တက်သွား​သည်​ကို သိသရ​ကြား​သောအခါ သိသရ​သည် သူ​၏​စစ်ရထား​အားလုံး​၊ သံ​စစ်ရထား​ကိုး​ရာ​နှင့် မိမိ​လူ​အပေါင်း​တို့​ကို စုစည်း​ပြီးလျှင် ဟာရောရှက်​ဟာဂေါအိမ်​မြို့​မှ ကိရှုန်​မြစ်​သို့ ချီတက်​ကြ​၏​။ ဒေဗောရ​က ဗာရက်​အား “​ဤ​နေ့​ကား သိသရ​ကို သင့်​လက်​သို့ ထာဝရဘုရား အပ်​တော်မူ​သော​နေ့ ဖြစ်​၏​။ ထာဝရဘုရား​သည် သင့်​ရှေ့​မှ​ချီ​တော်မူ​သည်​မ​ဟုတ်​လော​”​ဟု ဆို​သော် ဗာရက်​သည် လူ​တစ်သောင်း​နှင့်အတူ တာဗော်​တောင်​မှ​ဆင်းသွား​ကြ​၏​။ ထာဝရဘုရား​သည် သိသရ​မှစ၍ စစ်ရထား​၊ စစ်သည်​ရှိသမျှ​တို့​ကို ဗာရက်​၏​ဓား​သွား​ဖြင့် မရှုမလှ​ရှုံးနိမ့်​စေ​တော်မူ​သောကြောင့် သိသရ​သည် သူ​၏​စစ်ရထား​ပေါ်​မှ​ဆင်း​ပြီး ခြေကျင်​ဖြင့် ထွက်ပြေး​လေ​၏​။ ဗာရက်​သည် ဟာရောရှက်​ဟာဂေါအိမ်​မြို့​တိုင်အောင် သိသရ​၏​စစ်ရထား​၊ စစ်သည်​တို့​နောက်သို့​လိုက်​၍ စစ်သည်​တို့​ကို တစ်ယောက်မကျန်​ဓား​ဖြင့် သတ်​ပစ်​၏​။ ဟာဇော်​ဘုရင်​ယာဘိန်​မင်းကြီး​နှင့် ကေနိ​လူမျိုး ဟေဗာ​၏​မိသားစု​တို့​သင့်မြတ်​ကြ​သောကြောင့် သိသရ​သည် ကေနိ​လူမျိုး ဟေဗာ​၏​မယား ယေလ​၏​တဲ​သို့ ခြေကျင်​ဖြင့် ထွက်ပြေး​လေ​၏​။ ယေလ​သည် သိသရ​ကို​ထွက်​ကြို​၍ “​သခင်​၊ လာ​ပါ​၊ ကျွန်မ​ထံ ဝင်လာ​ပါ​။ မ​ကြောက်​ပါ​နှင့်​”​ဟု ဆို​သဖြင့် သိသရ​သည် တဲ​ထဲသို့​ဝင်​၍ ယေလ​က သူ့​ကို​စောင်​အောက်​၌ ဝှက်​ထား​၏​။ သူ​က​လည်း “​ငါ​ရေငတ်​၏​။ ရေ​အနည်းငယ်​တိုက်​ပါ​”​ဟု ဆို​သဖြင့် ယေလ​က သားရေနို့ဘူး​ကို ဖွင့်​၍​သူ့​အား​တိုက်​ပြီးနောက် သူ့​ကို​ပြန်​၍​ဝှက်​ထား​၏​။ သူ​က ယေလ​အား “​တဲ​တံခါးဝ​၌ စောင့်​နေ​လော့​။ တစ်စုံတစ်ယောက်​က လာ​၍ ‘​ဤ​နေရာ​မှာ ယောက်ျား​တစ်ယောက်ယောက် ရှိ​သလော​’​ဟု မေး​လျှင် ‘​မ​ရှိ​ပါ​’​ဟူ၍ ဖြေ​လော့​”​ဟု မှာထား​၏​။ ထို့နောက် သိသရ​သည် မောပန်း​လွန်း​သဖြင့် အိပ်ပျော်​နေစဉ် ဟေဗာ​၏​မယား​ယေလ​သည် တဲ​ငုတ်တိုင်​နှင့် တူ​ကို​ယူ​ပြီး သိသရ​ရှိ​ရာ​သို့ တိတ်တဆိတ်​လာ​ကာ ငုတ်တိုင်​ကို သူ့​နားထင်​တွင်​ရိုက်သွင်း​ရာ မြေကြီး​တိုင်​ထုတ်ချင်းပေါက်​၍ သိသရ​သေ​လေ​၏​။ သိသရ​ကို လိုက်ရှာ​နေ​သော ဗာရက်​ရောက်လာ​သောအခါ ယေလ​က သူ့​ကို​ထွက်​ကြို​၍ “​လာ​ပါ​။ အရှင်​ရှာဖွေ​နေ​သော​သူ​ကို အကျွန်ုပ် ပြ​ပါ​မည်​”​ဟု ဆို​သဖြင့် သူ​သည် တဲ​ထဲသို့​လိုက်ဝင်​သွား​ရာ သိသရ​သည် နားထင်​၌​ငုတ်တိုင်​စူးဝင်​၍​လဲ​သေ​နေ​သည်​ကို တွေ့​ရ​လေ​၏​။ ထို​နေ့​၌ ဘုရားသခင်​သည် ခါနာန်​ဘုရင်​ယာဘိန်​မင်းကြီး​ကို အစ္စရေး​အမျိုးသား​တို့​ထံ ရှုံးနိမ့်​စေ​တော်မူ​၏​။ ခါနာန်​ဘုရင်​ယာဘိန်​မင်းကြီး ကျဆုံး​သွား​သည့်​တိုင်အောင် အစ္စရေး​အမျိုးသား​တို့​သည် ထို​ခါနာန်​ဘုရင်​ယာဘိန်​မင်းကြီး​ကို အပြင်းအထန်​လိုက်လံတိုက်ခိုက်​ကြ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။