YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 1:3-8

ရှင်ယာကုပ် 1:2-8 Judson Bible (JBMLE)

ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​အ​ရာ​သည် သည်း​ခံ​ခြင်း​ကို ပွား​စေ​တတ်​သည်​ဟု သိ​မှတ်​လျက်၊ အ​ထူး​ထူး​အ​ပြား​ပြား စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း သက်​သက်​ဖြစ်​သည်​ဟု မှတ်​ကြ​လော့။- သင်​တို့​သည် အ​လျှင်း​မ​ချို့​တဲ့​ဘဲ စေ့​စပ်​စုံ​လင်​မည်​အ​ကြောင်း၊ သည်း​ခံ​ခြင်း​စိတ်​သည် အ​ကုန်​အ​စင် ပြု​ပြင်​ပါ​စေ။ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။- သို့​ရာ​တွင် တွေး​တော​ခြင်း​မ​ရှိ​ဘဲ ယုံ​ကြည်​သော​စိတ်​နှင့် တောင်း​ရ​မည်။ တွေး​တော​ခြင်း​ရှိ​သော သူ​သည်​ကား၊ လေ​ခတ်၍​လှုပ်​ရှား​တတ်​သော လှိုင်း​တံ​ပိုး​နှင့်​တူ၏။- ထို​သို့​သော​သူ​သည် စိတ်​နှစ်​ခွ​ရှိ​သော​သူ၊ ပြု​လေ​သ​မျှ​တို့၌ မ​တည်​ကြည်​သော​သူ​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​မှ တစ်​စုံ​တစ်​ခု​ကို ရ​မည်​ဟု မ​ထင်​မ​မှတ်​စေ​နှင့်။

ရှင်ယာကုပ် 1:3-8 Common Language Bible (BCL)

အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ယုံ​ကြည် ခြင်း​ကို​စစ်​ကြော​စုံ​စမ်း​မှု​သည်​ခံ​နိုင်​ရည် ကို​ဖြစ်​ပွား​စေ​ကြောင်း​သင်​တို့​သိ​ကြ​သော ကြောင့်​ဖြစ်​၏။- သင်​တို့​သည်​မည်​သည့်​အ​ရာ​မျှ​ချို့​တဲ့​မှု​မ​ရှိ ဘဲ​ပြည့်​ဝ​စုံ​လင်​ကြ​စေ​ရန်​အ​ဆုံး​တိုင်​အောင် ခံ​နိုင်​ရည်​ရှိ​ရ​ကြ​မည်။- သင်​တို့​အ​နက်​တစ်​စုံ​တစ်​ယောက်​သည်​ဉာဏ် ပ​ညာ​ချို့​တဲ့​ပါ​လျှင် ဘု​ရား​သ​ခင်​ထံ​တောင်း လျှောက်​စေ။ ဘု​ရား​သ​ခင်​သည်​သူ့​အား​ဉာဏ် ပ​ညာ​ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်​လူ​ခပ်​သိမ်း​တို့ အား​ရက်​ရော​စွာ​ကျေး​ဇူး​ပြု​တော်​မူ​တတ် သော​ကြောင့်​ဖြစ်​၏။- သို့​ရာ​တွင်​သင်​တို့​သည်​ယုံ​မှား​သံ​သ​ယ​မ​ရှိ ဘဲ​ယုံ​ကြည်​သော​စိတ်​နှင့်​တောင်း​လျှောက်​ကြ​ရ မည်။ ယုံ​မှား​သံ​သ​ယ​ရှိ​သော​သူ​သည်​လေ တိုက်​၍​လှုပ်​ရှား​နေ​သော​ပင်​လယ်​လှိုင်း​နှင့်​တူ​၏။- ဤ​ကဲ့​သို့​သော​သူ​သည်​စိတ်​နှစ်​ခွ​ရှိ​သူ၊ ပြု လေ​သ​မျှ​တို့​၌​တည်​ကြည်​မှု​မ​ရှိ​သူ​ဖြစ် သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ တစ်​စုံ​တစ်​ရာ​ကို​ရ​ရှိ​လိမ့်​မည်​ဟု​မ​မှတ် စေ​နှင့်။

ရှင်ယာကုပ် 1:3-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား သင်​တို့​၏​ယုံကြည်​ခြင်း​ကို​စစ်ကြော​စုံစမ်း​ခြင်း​သည် သည်းခံ​ခြင်း​ကို​ဖြစ်ပေါ်​စေ​ကြောင်း သင်​တို့​သိ​ကြ​၏။ သင်​တို့​သည် မည်သည့်​ချို့တဲ့​မှု​မျှ​မ​ရှိ​ဘဲ ရင့်ကျက်​၍​ပြည့်စုံ​သော​သူ​ဖြစ်​ကြ​မည့်​အကြောင်း ထို​သည်းခံ​ခြင်း​စုံလင်​သည့်​တိုင်အောင် ပြုစု​ကြ​လော့။ သင်​တို့​ထဲတွင် ဉာဏ်ပညာ​လိုအပ်​သော​သူ​ရှိ​လျှင် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ ခပ်သိမ်း​သော​သူ​တို့​အား ရက်ရော​စွာ​ပေး​တော်မူ​သော​ဘုရားသခင်​ထံ တောင်းလျှောက်​စေ။ တောင်း​လျှင်​ရ​လိမ့်မည်။ သို့သော် သံသယ​စိတ်​မ​ရှိ​ဘဲ ယုံကြည်​သော​စိတ်​နှင့် တောင်းလျှောက်​ရ​မည်။ အကြောင်းမူကား သံသယ​စိတ်​ရှိ​သော​သူ​သည် လေတိုက်​၍​ထကြွ​လှုပ်ရှား​တတ်​သော ပင်လယ်​လှိုင်းတံပိုး​နှင့်​တူ​၏။ ထို​သူ​သည် ထာဝရ​ဘုရား​ထံ​တော်​မှ တစ်စုံတစ်ခု​ကို​ရ​လိမ့်မည်​ဟု မ​ထင်မှတ်​စေ​နှင့်။ ထိုသို့​သော​သူ​သည် စိတ်နှစ်ခွ​ရှိ​၍ မိမိ​ပြု​လေ​သမျှ​တို့​၌ တည်ကြည်​မှု​မ​ရှိ​သော​သူ​ဖြစ်​၏။