YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 1:16-22

ရှင်ယာကုပ် 1:16-22 Judson Bible (JBMLE)

ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ အ​လွဲ​မ​ယူ​ကြ​နှင့်။- ကောင်းမြတ်​စုံ​လင်​သော ဆု​ကျေး​ဇူး​ရှိ​သ​မျှ​တို့​သည် အ​လင်း​တို့၏ အ​ဘ​ထံ​တော်​က သက်​ရောက်​သည်​ဖြစ်၍၊ အ​ထက်​အ​ရပ်​မှ လာ​ကြ၏။ ထို​အ​ဘသည် ရွေ့​လျော့​တိမ်း​ယိမ်း​ခြင်း​မ​ရှိ၊ ပြောင်း​လဲ​ခြင်း​အ​ရိပ်​နှင့် ကင်း​လွတ်​တော်​မူ၏။- နိ​မ္မိ​တ​သ​တ္တ​ဝါ​တို့​တွင် ငါ​တို့​သည် အ​ဦး​သီး​သော​အ​သီး​ကဲ့​သို့ ဖြစ်​စေ​ခြင်း​ငှာ၊ သ​မ္မာ​တ​ရား​စ​ကား​အား​ဖြင့် မိ​မိ​အ​လို​တော်​အ​တိုင်း ငါ​တို့​ကို ဖြစ်​ဖွား​စေ​တော်​မူ၏။ သို့​ဖြစ်၍၊ ငါ​ချစ်​သော ညီ​အစ်​ကို​တို့၊ ခပ်​သိမ်း​သော​သူ​တို့​သည် နား​ကြား​ခြင်း​ငှာ လျင်​မြန်​ကြ​စေ။ စ​ကား​ပြော​ခြင်း​ငှာ​လည်း​ကောင်း၊ အ​မျက်​ထွက်​ခြင်း​ငှာ​လည်း​ကောင်း နှေး​ကြ​စေ။- လူ၏​ဒေါ​သ​အ​မျက်​သည် ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​ပြု​စု​တတ်။- ထို​ကြောင့်၊ ခပ်​သိမ်း​သော​ညစ်​ညူး​ခြင်း၊ မ​နာ​လို​သော​စိတ် လွန်​ကျူး​ခြင်း​ကို ပယ်​ရှား၍၊ သင်​တို့​စိတ်​ဝိ​ညာဉ်​ကို ကယ်​တင်​နိုင်​သော၊ အ​ထဲ၌ စိုက်​ပျိုး​သော​နှုတ်​က​ပတ်​တ​ရား​ကို နူး​ညံ့​သိမ်​မွေ့​သော စိတ်​နှင့် ခံ​ယူ​ကြ​လော့။- ကိုယ်​ကို​ကိုယ်​လှည့်​ဖြား၍၊ နှုတ်​က​ပတ်​တ​ရား​ကို နာ​ရုံ​မျှ​သာ​ပြု​သော​သူ မ​ဟုတ်၊ တ​ရား​ကို​ကျင့်​သော​သူ ဖြစ်​ကြ​လော့။

ရှင်ယာကုပ် 1:16-22 Common Language Bible (BCL)

ချစ်​သော​ညီ​အစ်​ကို​တို့၊ အ​ယူ​မ​လွဲ​ကြ​နှင့်။- ကောင်း​မြတ်​စုံ​လင်​သော​ဆု​ကျေး​ဇူး​မှန်​သ​မျှ သည်​ကောင်း​ကင်​မှ​လည်း​ကောင်း၊ ကောင်း​ကင် အ​လင်း​တန်​ဆာ​များ​ကို​ဖန်​ဆင်း​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း သက်​ဆင်း​၍​လာ​ပေ​သည်။ ကိုယ်​တော်​သည် ပြောင်း​လဲ​တော်​မ​မူ။ လှည့်​ခြင်း​အား​ဖြင့် အ​မှောင်​ကို​ကျ​စေ​တော်​မ​မူ။- ကိုယ်​တော်​သည်​ဖန်​ဆင်း​တော်​မူ​သော​သတ္တ​ဝါ များ​တွင်​အ​ဦး​ဆုံး​နေ​ရာ​၌​ရှိ​ကြ​စေ​ရန် သမ္မာ တ​ရား​တော်​အား​ဖြင့်​မိ​မိ​၏​အ​လို​တော်​နှင့် အ​ညီ​ငါ​တို့​အား​ဖြစ်​ပွား​စေ​တော်​မူ​၏။ ချစ်​သော​ညီ​အစ်​ကို​တို့၊ ဤ​အ​ချက်​ကို​မှတ် သား​ထား​ကြ​လော့။ သင်​တို့​အား​လုံး​သည် ကြား​နာ​မှု​တွင်​လျင်​မြန်​ကြ​စေ။ ပြော​ဆို မှု​နှင့်​အ​မျက်​ထွက်​မှု​တွင်​မူ​နှေး​ကြ​စေ။- လူ​၏​အ​မျက်​ဒေါ​သ​သည်​ဘု​ရား​သ​ခင်​၏ ဖြောင့်​မတ်​သော​အ​ကြံ​အ​စည်​တော်​ကို​မ​ပြု စု​တတ်။- သို့​ဖြစ်​၍​သင်​တို့​သည်​ညစ်​ညမ်း​သည့်​အ​လေ့ အ​ထ​နှင့်​ဆိုး​ယုတ်​သည့်​အ​ကျင့်​မှန်​သ​မျှ​တို့ ကို​ပယ်​ရှား​ကြ​လော့။ သင်​တို့​၏​စိတ်​အ​တွင်း ၌​ဘု​ရား​သ​ခင်​သွင်း​ပေး​တော်​မူ​သော​တ​ရား တော်​သည် သင်​တို့​ကို​ကယ်​တင်​နိုင်​၏။ တ​ရား တော်​ကို​သိမ်​မွေ့​စွာ​ခံ​ယူ​ကြ​လော့။ တ​ရား​တော်​ကို​ကြား​နာ​ရုံ​မျှ​သာ​ကြား​နာ ခြင်း​အား​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​မ​လှည့်​စား ကြ​နှင့်။ တ​ရား​တော်​ကို​လက်​တွေ့​ကျင့်​သုံး ကြ​လော့။

ရှင်ယာကုပ် 1:16-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​ချစ်​သော​ညီအစ်ကို​တို့၊ အယူ​မ​လွဲ​ကြ​နှင့်။ ကောင်းမြတ်​သော​လက်ဆောင်​ရှိသမျှ​နှင့် စုံလင်​သော​ဆု​ကျေးဇူး​ရှိသမျှ​တို့​သည် အထက်​အရပ်​မှ​လာ​၍ အလင်း​တို့​၏​အဖ​ထံ​တော်​မှ​ဆင်းသက်​၏။ ထို​အဖ​ထံ​တော်​၌ ပြောင်းလဲ​ခြင်း​၊ သို့မဟုတ် ရွေ့လျား​တတ်​သည့်​အရိပ်​ဟူ၍​မ​ရှိ။ ကိုယ်တော်​သည် မိမိ​ဖန်ဆင်း​တော်မူ​သော​အရာ​တို့​တွင် ငါ​တို့​ကို အသီးဦး​သဖွယ်​ဖြစ်​စေရန် အလို​တော်​ရှိ​သည့်​အတိုင်း သမ္မာတရား​၏​နှုတ်ကပတ်တော်​အားဖြင့် ငါ​တို့​ကို​ဖြစ်ပွား​စေ​တော်မူ​၏။ ငါ​ချစ်​သော​ညီအစ်ကို​တို့၊ ဤ​အချက်​ကို သိမှတ်​ကြ​လော့။ လူ​တိုင်း​သည် ကြားနာ​ခြင်း​အရာ​၌ လျင်မြန်​၍ စကား​ပြော​ခြင်း​နှင့်​အမျက်ထွက်​ခြင်း​အရာ​တို့​၌ နှေးကွေး​ကြ​စေ။ အကြောင်းမူကား လူ​၏​အမျက်​ဒေါသ​သည် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​တရား​ကို မ​ဖြစ်ထွန်း​စေ​နိုင်​ပေ။ ထို့ကြောင့် ညစ်ညူး​ခြင်း​ရှိသမျှ​နှင့် ပြည့်လျှံ​ကဲလွန်​သော​မကောင်းမှု​တို့​ကို ဖယ်ရှား​၍ သင်​တို့​အထဲ၌ ထည့်သွင်း​ထား​သော​နှုတ်ကပတ်တော်​ကို နူးညံ့​သိမ်မွေ့​သော​စိတ်​ဖြင့်​ခံယူ​ကြ​လော့။ ထို​နှုတ်ကပတ်တော်​သည် သင်​တို့​၏​စိတ်​ဝိညာဉ်​ကို ကယ်တင်​နိုင်​၏။ နှုတ်ကပတ်တော်​ကို လိုက်နာ​ကျင့်သုံး​သော​သူ​များ​ဖြစ်​ကြ​လော့။ မိမိတို့ကိုယ်ကို​လှည့်စား​၍ ကြားနာ​သူ​သက်သက်​မ​ဖြစ်​ကြ​နှင့်။