YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 1:13-18

ရှင်ယာကုပ် 1:13-18 Judson Bible (JBMLE)

အ​ပြစ်​သွေး​ဆောင်​ခြင်း​ကို ခံ​ရ​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​သည် ငါ့​ကို​သွေး​ဆောင်​တော်​မူ​သည်​ဟု မ​ပြော​စေ​နှင့်။ မ​ကောင်း​သော​အ​ရာ​သည် ဘု​ရား​သ​ခင်​ကို မ​သွေး​ဆောင်​နိုင်​ရာ။ ကိုယ်​တော်​သည်​လည်း အ​ဘယ်​သူ​ကို​မျှ အ​ပြစ်​သို့ သွေး​ဆောင်​တော်​မ​မူ။- မိ​မိ​တပ်​မက်​သော​စိတ် ဆွဲ​ငင်​ဖြား​ယောင်း​ခြင်း​ကို ခံ​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​သွေး​ဆောင်​ခြင်း​သို့ ရောက်​တတ်၏။- တပ်​မက်​သော​စိတ်​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ဒု​စ​ရိုက်​ကို​ဖွား​တတ်၏။ ဒု​စ​ရိုက်​သည်​လည်း ပြည့်​စုံ​လျှင် သေ​ခြင်း​ကို ဖွား​တတ်၏။- ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ အ​လွဲ​မ​ယူ​ကြ​နှင့်။- ကောင်းမြတ်​စုံ​လင်​သော ဆု​ကျေး​ဇူး​ရှိ​သ​မျှ​တို့​သည် အ​လင်း​တို့၏ အ​ဘ​ထံ​တော်​က သက်​ရောက်​သည်​ဖြစ်၍၊ အ​ထက်​အ​ရပ်​မှ လာ​ကြ၏။ ထို​အ​ဘသည် ရွေ့​လျော့​တိမ်း​ယိမ်း​ခြင်း​မ​ရှိ၊ ပြောင်း​လဲ​ခြင်း​အ​ရိပ်​နှင့် ကင်း​လွတ်​တော်​မူ၏။- နိ​မ္မိ​တ​သ​တ္တ​ဝါ​တို့​တွင် ငါ​တို့​သည် အ​ဦး​သီး​သော​အ​သီး​ကဲ့​သို့ ဖြစ်​စေ​ခြင်း​ငှာ၊ သ​မ္မာ​တ​ရား​စ​ကား​အား​ဖြင့် မိ​မိ​အ​လို​တော်​အ​တိုင်း ငါ​တို့​ကို ဖြစ်​ဖွား​စေ​တော်​မူ၏။

ရှင်ယာကုပ် 1:13-18 Common Language Bible (BCL)

စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ရ​သူ​သည်`ငါ့​အား ဘု​ရား​သ​ခင်​စုံ​စမ်း​သွေး​ဆောင်​လျက်​နေ​သည်' ဟု​မ​ဆို​စေ​နှင့်။ မ​ကောင်း​မှု​သည်​ဘု​ရား​သ​ခင် အား​မ​သွေး​ဆောင်​နိုင်​ရာ။ ထို့​ပြင်​ကိုယ်​တော် တိုင်​အ​ဘယ်​သူ့​ကို​မျှ​စုံ​စမ်း​သွေး​ဆောင်​တော် မ​မူ။- လူ​သည်​စုံ​စမ်း​သွေး​ဆောင်​ခြင်း​ခံ​ရ​သည်​ဆို သည်​မှာ မိ​မိ​၏​ဆိုး​ညစ်​သော​လို​အင်​ဆန္ဒ​ဆွဲ ဆောင်​ရာ​သို့​လိုက်​ပါ​ခြင်း​ပင်​ဖြစ်​၏။- ထို​လို​အင်​ဆန္ဒ​သည်​သန္ဓေ​ယူ​ကာ​အ​ပြစ် ဒု​စ​ရိုက်​ကို​ဖွား​မြင်​၏။ အ​ပြစ်​ဒု​စ​ရိုက် သည်​ကြီး​ပြင်း​လာ​သော​အ​ခါ​သေ​ခြင်း ကို​ဖွား​မြင်​လေ​၏။ ချစ်​သော​ညီ​အစ်​ကို​တို့၊ အ​ယူ​မ​လွဲ​ကြ​နှင့်။- ကောင်း​မြတ်​စုံ​လင်​သော​ဆု​ကျေး​ဇူး​မှန်​သ​မျှ သည်​ကောင်း​ကင်​မှ​လည်း​ကောင်း၊ ကောင်း​ကင် အ​လင်း​တန်​ဆာ​များ​ကို​ဖန်​ဆင်း​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း သက်​ဆင်း​၍​လာ​ပေ​သည်။ ကိုယ်​တော်​သည် ပြောင်း​လဲ​တော်​မ​မူ။ လှည့်​ခြင်း​အား​ဖြင့် အ​မှောင်​ကို​ကျ​စေ​တော်​မ​မူ။- ကိုယ်​တော်​သည်​ဖန်​ဆင်း​တော်​မူ​သော​သတ္တ​ဝါ များ​တွင်​အ​ဦး​ဆုံး​နေ​ရာ​၌​ရှိ​ကြ​စေ​ရန် သမ္မာ တ​ရား​တော်​အား​ဖြင့်​မိ​မိ​၏​အ​လို​တော်​နှင့် အ​ညီ​ငါ​တို့​အား​ဖြစ်​ပွား​စေ​တော်​မူ​၏။

ရှင်ယာကုပ် 1:13-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဖြားယောင်း​သွေးဆောင်​ခြင်း​ကို​ခံရ​သည့်​အခါ “ဘုရားသခင်​သည် ငါ့​ကို​ဖြားယောင်း​သွေးဆောင်​သည်”​ဟု မည်သူမျှ မ​ပြော​နှင့်။ အကြောင်းမူကား မကောင်းမှု​သည် ဘုရားသခင်​ကို မ​သွေးဆောင်​နိုင်​ရာ။ ကိုယ်တော်​သည်​လည်း မည်သူ့​ကို​မျှ ဖြားယောင်း​သွေးဆောင်​တော်​မ​မူ။ လူ​သည် မိမိ​တပ်မက်​ခြင်း​၏​ဆွဲငင်​ရာ​သို့​လိုက်​ပါ​လျက် လှည့်ဖြား​ဆွဲဆောင်​ခြင်း​ခံရ​ကာ ဖြားယောင်း​သွေးဆောင်​ရာ​သို့ ရောက်​တတ်​၏။ ထိုအခါ တပ်မက်​ခြင်း​သည် သန္ဓေ​တည်​၍ အပြစ်​ကို​ဖွားမြင်​ပြီး အပြစ်​သည် ကြီးပြင်း​ရင့်မာ​သောအခါ သေ​ခြင်း​ကို​ဖြစ်ပွား​စေ​၏။ ငါ​ချစ်​သော​ညီအစ်ကို​တို့၊ အယူ​မ​လွဲ​ကြ​နှင့်။ ကောင်းမြတ်​သော​လက်ဆောင်​ရှိသမျှ​နှင့် စုံလင်​သော​ဆု​ကျေးဇူး​ရှိသမျှ​တို့​သည် အထက်​အရပ်​မှ​လာ​၍ အလင်း​တို့​၏​အဖ​ထံ​တော်​မှ​ဆင်းသက်​၏။ ထို​အဖ​ထံ​တော်​၌ ပြောင်းလဲ​ခြင်း​၊ သို့မဟုတ် ရွေ့လျား​တတ်​သည့်​အရိပ်​ဟူ၍​မ​ရှိ။ ကိုယ်တော်​သည် မိမိ​ဖန်ဆင်း​တော်မူ​သော​အရာ​တို့​တွင် ငါ​တို့​ကို အသီးဦး​သဖွယ်​ဖြစ်​စေရန် အလို​တော်​ရှိ​သည့်​အတိုင်း သမ္မာတရား​၏​နှုတ်ကပတ်တော်​အားဖြင့် ငါ​တို့​ကို​ဖြစ်ပွား​စေ​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။