ရှင်ယာကုပ် 1:12-17
ရှင်ယာကုပ် 1:12-17 Judson Bible (JBMLE)
စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။- အပြစ်သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူသည်ဟု မပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့ သွေးဆောင်တော်မမူ။- မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။- တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကိုဖွားတတ်၏။ ဒုစရိုက်သည်လည်း ပြည့်စုံလျှင် သေခြင်းကို ဖွားတတ်၏။- ငါချစ်သောညီအစ်ကိုတို့၊ အလွဲမယူကြနှင့်။- ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ ထိုအဘသည် ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။
ရှင်ယာကုပ် 1:12-17 Common Language Bible (BCL)
စုံစမ်းနှောင့်ယှက်ခြင်းကိုကြံ့ကြံ့ခံနိုင်သော သူသည်မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူသည်ယင်းသို့ခံနိုင်သည်ရှိသော် ဘုရား သခင်ကိုချစ်သောသူတို့အားကိုယ်တော်ကတိ ထားတော်မူသည့်အသက်တည်းဟူသောဆု ကိုရရှိမည်ဖြစ်သောကြောင့်တည်း။- စုံစမ်းသွေးဆောင်ခြင်းကိုခံရသူသည်`ငါ့အား ဘုရားသခင်စုံစမ်းသွေးဆောင်လျက်နေသည်' ဟုမဆိုစေနှင့်။ မကောင်းမှုသည်ဘုရားသခင် အားမသွေးဆောင်နိုင်ရာ။ ထို့ပြင်ကိုယ်တော် တိုင်အဘယ်သူ့ကိုမျှစုံစမ်းသွေးဆောင်တော် မမူ။- လူသည်စုံစမ်းသွေးဆောင်ခြင်းခံရသည်ဆို သည်မှာ မိမိ၏ဆိုးညစ်သောလိုအင်ဆန္ဒဆွဲ ဆောင်ရာသို့လိုက်ပါခြင်းပင်ဖြစ်၏။- ထိုလိုအင်ဆန္ဒသည်သန္ဓေယူကာအပြစ် ဒုစရိုက်ကိုဖွားမြင်၏။ အပြစ်ဒုစရိုက် သည်ကြီးပြင်းလာသောအခါသေခြင်း ကိုဖွားမြင်လေ၏။ ချစ်သောညီအစ်ကိုတို့၊ အယူမလွဲကြနှင့်။- ကောင်းမြတ်စုံလင်သောဆုကျေးဇူးမှန်သမျှ သည်ကောင်းကင်မှလည်းကောင်း၊ ကောင်းကင် အလင်းတန်ဆာများကိုဖန်ဆင်းတော်မူ သောဘုရားသခင်၏ထံတော်မှလည်းကောင်း သက်ဆင်း၍လာပေသည်။ ကိုယ်တော်သည် ပြောင်းလဲတော်မမူ။ လှည့်ခြင်းအားဖြင့် အမှောင်ကိုကျစေတော်မမူ။
ရှင်ယာကုပ် 1:12-17 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စုံစမ်းစစ်ဆေးခြင်းကိုအောင်မြင်သောအခါ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။ ဖြားယောင်းသွေးဆောင်ခြင်းကိုခံရသည့်အခါ “ဘုရားသခင်သည် ငါ့ကိုဖြားယောင်းသွေးဆောင်သည်”ဟု မည်သူမျှ မပြောနှင့်။ အကြောင်းမူကား မကောင်းမှုသည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း မည်သူ့ကိုမျှ ဖြားယောင်းသွေးဆောင်တော်မမူ။ လူသည် မိမိတပ်မက်ခြင်း၏ဆွဲငင်ရာသို့လိုက်ပါလျက် လှည့်ဖြားဆွဲဆောင်ခြင်းခံရကာ ဖြားယောင်းသွေးဆောင်ရာသို့ ရောက်တတ်၏။ ထိုအခါ တပ်မက်ခြင်းသည် သန္ဓေတည်၍ အပြစ်ကိုဖွားမြင်ပြီး အပြစ်သည် ကြီးပြင်းရင့်မာသောအခါ သေခြင်းကိုဖြစ်ပွားစေ၏။ ငါချစ်သောညီအစ်ကိုတို့၊ အယူမလွဲကြနှင့်။ ကောင်းမြတ်သောလက်ဆောင်ရှိသမျှနှင့် စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အထက်အရပ်မှလာ၍ အလင်းတို့၏အဖထံတော်မှဆင်းသက်၏။ ထိုအဖထံတော်၌ ပြောင်းလဲခြင်း၊ သို့မဟုတ် ရွေ့လျားတတ်သည့်အရိပ်ဟူ၍မရှိ။