YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 9:1-7

ဟေရှာယ 9:1-7 Judson Bible (JBMLE)

သို့​သော်​လည်း၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို​ခံ​ရ​သော​ပြည်​သည် နောက်​မှ မှောင်​မိုက်​နှင့် ကင်း​လွတ်​လိမ့်​မည်။ ဇာ​ဗု​လုန်​ခ​ရိုင်​နှင့် နဿ​လိ​ခ​ရိုင်​ကို အ​ထက်​က ရှုတ်​ချ​တော်​မူ​သော်​လည်း၊ နောက်​တစ်​ဖန် အိုင်​နား​လျှောက်​သော​လမ်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၊ တစ်​ပါး​အ​မျိုး​သား​နေ​ရာ ဂါ​လိ​လဲ​ပြည်​ကို ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။ မှောင်​မိုက်​ထဲ​မှာ သွား​လာ​သော လူ​များ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို မြင်​ရ၍၊ သေ​မင်း၏​နိုင်​ငံ​အ​ရိပ်​တွင်​ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း​လျက်​ရှိ၏။ ကိုယ်​တော်​သည် အ​မျိုး​သား​တို့​ကို များ​ပြား​စေ၍၊ သူ​တို့၏​ဝမ်း​မြောက်​ခြင်း​ကို တိုး​ပွား​စေ​တော်​မူ၏။ စ​ပါး​ကို​စု​သိမ်း​ရာ​ကာ​လ၌ ဝမ်း​မြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊ လု​ယူ​သော​ဥ​စ္စာ​ကို​ဝေ​သော​သူ ဝမ်း​မြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌​သူ​တို့​သည် ဝမ်း​မြောက်​ကြ​ပါ၏။ အ​ကြောင်း​မူ​ကား၊ မိ​ဒျန်​လက်​ထက်၌ ပြု​တော်​မူ​သ​ကဲ့​သို့၊ ကိုယ်​တော်​သည် သူ​တို့​ထမ်း​ရ​သော​ထမ်း​ပိုး၊ ကျော၌​ခံ​ရ​သော တုတ်​ကို​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သော​သူ၏ လှံ​တံ​ကို​လည်း​ကောင်း ချိုး​တော်​မူ​ပြီ။ စစ်​တိုက်​သော​သူ​ရဲ၏​ခြေ​စွပ်​နှင့် အ​သွေး​လှ​သော အ​ဝတ်​တန်​ဆာ​ရှိ​သ​မျှ​တို့​သည် မီး​ရှို့​ဖို့​မီး​စာ ဖြစ်​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​အ​ဖို့ သူ​ငယ်​ကို​ဖွား​မြင်၏။ ငါ​တို့​အား သား​ကို​သ​နား​တော်​မူ၏။ ထို​သူ​သည် အုပ်​စိုး​ခြင်း​အာ​ဏာ​စက်​ရှိ​လိမ့်​မည်။ နာ​မ​တော်​မူကား အံ့​ဩ​ဖွယ်၊ တိုင်​ပင်​ဘက်၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​အ​ဘ၊ ငြိမ်​သက်​ခြင်း​အ​ရှင်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​တော်​မူ​လိမ့်​မည်။ ဒါ​ဝိဒ်​မင်း၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍၊ နိုင်​ငံ​တော်​ကို နောင်​ကာ​လ​အ​စဉ်​မ​ပြတ်၊ တ​ရား​တော်​အ​တိုင်း ဖြောင့်​မတ်​စွာ​စီ​ရင်၍ အ​မြဲ​တည်​စေ​တော်​မူ​မည်​အ​ကြောင်း၊ အာ​ဏာ​တော်​တိုး​တက်​ခြင်း​နှင့် ငြိမ်​သက်​တော်​မူ​ခြင်း​သည် နိ​စ္စ​အ​မြဲ​ရှိ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍၊ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​လိမ့်​မည်။

ဟေရှာယ 9:1-7 Common Language Bible (BCL)

မြေ​ထဲ​ပင်​လယ်​မှ​သည်​အ​ရှေ့​သို့​လား​သော် ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​နှင့်​ဂါ​လိ​လဲ ပြည်​တိုင်​အောင် ရောက်​ရှိ​သည့်​ဇာ​ဗု​လုန်​နှင့် န​ဿ​လိ​သား​ချင်း​စု​တို့​၏​နယ်​မြေ​တည်း ဟူ​သော​လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​အ​ရပ် သည် ယ​ခင်​က​အ​သ​ရေ​ပျက်​ခဲ့​သော်​လည်း နောင်​အ​ခါ​၌​အ​သ​ရေ​ရှိ​လိမ့်​မည်။ အ​မှောင်​တွင်​သွား​လာ​နေ​သူ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို​မြင်​ရကြ​၏။ သူ​တို့​သည်​သေ​မင်း​၏​အ​ရိပ်​လွှမ်း​မိုး​ရာ​ပြည်​တွင် နေ​ထိုင်​ခဲ့​ရ​သော်​လည်း၊ ယ​ခု​အ​ခါ​သူ​တို့​အပေါ်​သို့​အ​လင်း​ရောင် ကျ​ရောက်​လာ​လေ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်​သူ​တို့ အား လွန်​စွာ​အား​ရ​ရွှင်​လန်း​မှု​ကို​ပေး​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ဝမ်း​မြောက် စေ​တော်​မူ​ပါ​ပြီ။ လူ​တို့​သည်​အ​သီး​အ​နှံ​ရိတ်​သိမ်း​ချိန်​၌​လည်း​ကောင်း၊ တိုက်​ရာ​ပါ​ပစ္စည်း​များ​ကို​ခွဲ​ဝေ​ယူ​ချိန်​၌​လည်း​ကောင်း၊ ဝမ်း​မြောက်​ကြ​သ​ကဲ့​သို့ သူ​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အ​မှု​တော်​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် သူ​တို့​ထမ်း​ပိုး​နှင့် သူ​တို့​အား​ရိုက်​သည့်​တုတ်​ကို​ချိုး​ပစ် တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ရှေး​အ​ခါ​က​ကိုယ်​တော်​သည်​မိ​ဒျန်​အ​မျိုး​သား တို့​အား​နှိမ်​နင်း​တော်​မူ​ခဲ့​သည့်​နည်း​တူ၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​နှိပ်​စက်​ညှဉ်း​ဆဲ ကြ​သည့် လူ​မျိုး​အား​နှိမ်​နင်း​တော်​မူ​ပါ​ပြီ။ ချင်း​နင်း​ဝင်​ရောက်​လာ​သော​ရန်​သူ​စစ်​သည် တို့​၏ ဖိ​နပ်​များ​နှင့်​သွေး​စွန်း​လျက် ရှိ​သည့်​အ​ဝတ်​အ​စား​များ​သည်​မီး​ရှို့ ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။ ငါ​တို့​အ​ဖို့​သူ​ငယ်​ကို​ဖွားမြင်​၏။ ငါ​တို့​အား​သား​ကို​ပေး​သ​နား​တော်​မူ​ပါ​၏။ သူ​သည်​ငါ​တို့​ကို​အုပ်​စိုး​လိမ့်​မည်။ ``သူ​၏​နာ​မ​တော်​ကို​အံ့​သြ​ဖွယ်၊'' ``တိုင်​ပင်​ဘက်'' ``တန်​ခိုး​ကြီး​သော​ဘု​ရား'' ``ထာ​ဝ​ရ​အ​ဖ'' ``ငြိမ်း​ချမ်း​ရေး​အ​ရှင်'' ဟူ​၍​နာ​မည်​တွင် လိမ့်​မည်။ သူ​၏​ရာ​ဇ​အာ​ဏာ​သည်​ဆက်​လက်​တိုး တက်​လျက် သူ​၏​နိုင်​ငံ​တော်​သည်​လည်း၊အ​စဉ်​အ​မြဲ ငြိမ်း​ချမ်း​သာ​ယာ​လိမ့်​မည်။ သူ​သည်​ဒါ​ဝိဒ်​မင်း​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​ကာ ယ​ခု​မှ​စ​၍​ကပ်​ကာ​လ​ကုန်​ဆုံး​ချိန်​တိုင်​အောင် တ​ရား​တော်​နှင့်​အ​ညီ​မျှ​တ​စွာ​အုပ်​စိုး​လိမ့်​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​အား​ဖြစ်​ပျက်​စေ ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​တော်​မူ​ပြီး​ဖြစ်​သ​တည်း။

ဟေရှာယ 9:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ဒုက္ခဝေဒနာ​ခံစား​ခဲ့​ရ​သော​ပြည်​၌ အမှောင်​ဖုံး​တော့​မည်​မ​ဟုတ်​။ ယခင်​အချိန်​က ဇာဗုလုန်​နယ်​နှင့် နဿလိ​နယ်​ကို နှိမ့်ချ​ခဲ့​သော်လည်း နောင်တွင် ထို​နယ်​၏​ပင်လယ်​လမ်း​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ လူမျိုးခြား​တို့​နေရာ​ဂါလိလဲ​နယ်​တို့​ကို အသရေတင့်တယ်​စေ​တော်မူ​မည်​။ အမှောင်​ထဲ၌ လျှောက်လှမ်း​သော​လူ​တို့​သည် ကြီးမား​သော​အလင်း​ကို​မြင်​ရ​ပြီ​။ သေမင်းအရိပ်​လွှမ်းမိုး​သော​ပြည်​၌​နေထိုင်​သော​သူ​တို့​တွင် အလင်း​ထွန်းလင်း​ပြီ​။ ကိုယ်တော်​သည် လူမျိုး​တော်​ကို​တိုးပွား​စေ​၍ သူ​တို့​ကို အလွန်​ဝမ်းမြောက်​စေ​တော်မူ​ပြီ​။ သူ​တို့​သည် သီးနှံ​ရိတ်သိမ်း​ချိန်​၌ ဝမ်းမြောက်​သကဲ့သို့​၊ လုယက်ပစ္စည်း​ခွဲဝေ​ချိန်​၌ ရွှင်လန်း​သကဲ့သို့ ကိုယ်တော်​၏​ရှေ့မှောက်​တွင် ဝမ်းမြောက်​ကြ​ပါ​ပြီ​။ အကြောင်းမူကား ကိုယ်တော်​သည် မိဒျန်​လူမျိုး​လက်​မှ​ကယ်တင်​ခဲ့​စဉ်က ပြု​သကဲ့သို့ သူ​ထမ်း​ရ​သော​ထမ်းပိုး​၊ သူ့​ကျော​ကို​ရိုက်​သော​တုတ်​၊ သူ့​ကို​ညှဉ်းဆဲ​သော​ကြိမ်လုံး​တို့​ကို ချိုး​တော်မူ​ပြီ​။ စစ်မြေပြင်​၌​စီး​သော​စစ်သည်ဖိနပ်​၊ သွေး​လူး​သော​အဝတ်​ရှိသမျှ​တို့​သည် လောင်စာ​ဖြစ်​ရ​ကြ​လိမ့်မည်​။ အကြောင်းမူကား သူငယ်​သည် ငါ​တို့​အဖို့ ဖွားမြင်​တော်မူ​ပြီ​။ ငါ​တို့​အား သား​ကို​ပေး​တော်မူ​ပြီ​။ သူ​၏​ပခုံး​ပေါ်၌ အာဏာစက်​ရှိ​လိမ့်မည်​။ နာမ​တော်​ကို အံ့ဩဖွယ်​၊ တိုင်ပင်ဖက်​၊ တန်ခိုးကြီး​သော​ဘုရားသခင်​၊ ထာဝရ​အဖ​၊ ငြိမ်သက်​ခြင်း​အရှင်​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။ သူ​၏​အာဏာစက်​သည် အစဉ်​တိုးပွား​၍ ငြိမ်သက်​ခြင်း​သည် အဆုံး​မ​ရှိ​။ ဒါဝိဒ်​၏​ရာဇပလ္လင်​ပေါ်တွင်​ထိုင်​၍ နိုင်ငံ​တော်​ကို ယခု​မှစ၍ နောင်ကာလ​အစဉ် တရားမျှတ​ခြင်း ၊ ဖြောင့်မတ်​ခြင်း​တို့​ဖြင့် တည်တံ့​ခိုင်မြဲ​စေ​မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စိတ်အားထက်သန်​စွာ​ဖြင့် ဤ​အမှု​ကို ပြု​တော်မူ​လိမ့်မည်​။