YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 6:1-4

ဟေရှာယ 6:1-4 Judson Bible (JBMLE)

ဩ​ဇိ​မင်း​ကြီး အ​နိ​စ္စ​ရောက်​သော​နှစ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​လွန်​မြင့်​မြတ်​သော ပ​လ္လင်​ပေါ်​မှာ​ထိုင်​တော်​မူ​သည်​ကို ငါ​မြင်၏။ အ​ဝတ်​တော်​တန်​ဆာ​သည် ဗိ​မာန်​တော်​ကို​ဖြည့်​လေ၏။ ကောင်း​ကင်​တ​မန်​သ​ရပ်​တို့​သည် ပ​လ္လင်​တော်​တစ်​ဖက်​တစ်​ချက်၌ ရပ်​နေ​ကြ၏။ သူ​တို့​သည် အ​တောင်​ခြောက်​ခု​စီ​ရှိ၍၊ အ​တောင်​နှစ်​ခု​ဖြင့် မျက်​နှာ​ကို​ဖုံး​လျက်၊ အ​တောင်​နှစ်​ခု​ဖြင့် ခြေ​တို့​ကို​ဖုံး​လျက်၊ အ​တောင်​နှစ်​ခု​ဖြင့် ပျံ​တတ်​ကြ၏။ သူ​တို့​က​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​တော်​မူ၏။ သန့်​ရှင်း​တော်​မူ၏။ သန့်​ရှင်း​တော်​မူ၏။ မြေ​ကြီး​လုံး​သည် ဘုန်း​တော်​နှင့် ပြည့်​လေ၏​ဟု တစ်​ပါး​ကို​တစ်​ပါး ကြွေး​ကြော်၍ မြွက်​ဆို​ကြ၏။ ထို​သို့​သော ကြွေး​ကြော်​သံ​ကြောင့်၊ တံ​ခါး​တိုင်​တို့​သည် လှုပ်​ရှား၍၊ မီး​ခိုး​နှင့် တစ်​အိမ်​လုံး ပြည့်​လေ၏။

ဟေရှာယ 6:1-4 Common Language Bible (BCL)

သြ​ဇိ​မင်း​နတ်​ရွာ​စံ​သော​နှစ်​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင်​ရ​၏။ ကိုယ်​တော်​သည်​မြင့်​မြတ်​သည့်​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ​၏။ ဗိ​မာန်​တော်​တစ်​ခု​လုံး​သည်​လည်း​ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​နှင့်​ပြည့်​၍​နေ​၏။- ကိုယ်​တော်​အား​မီး​လျှံ​ထ​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​များ​သည် ခြံ​ရံ​ကာ​ရပ်​လျက်​နေ​ကြ​၏။ သူ​တို့​မှာ​အ​တောင်​ခြောက်​ခု​စီ​ရှိ​၏။ သူ​တို့​သည်​အ​တောင်​နှစ်​ခု​ဖြင့်​မိ​မိ​တို့​မျက်​နှာ​ကို​လည်း​ကောင်း၊ အ​ခြား​နှစ်​ခု​ဖြင့်​ကိုယ်​ခန္ဓာ​ကို​လည်း​ကောင်း​ဖုံး​အုပ်​ထား​ကာ​ကျန်​အ​တောင်​နှစ်​ခု​ကို​မူ​ပျံ​တက်​ရာ​တွင်​အ​သုံး​ပြု​ကြ​လေ​သည်။- သူ​တို့​သည် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ဖြင့်​ပြည့်​လျက်​ရှိ​ပါ​၏။'' ဟု​အ​ချင်း​ချင်း​ကြွေး​ကြော်​၍​နေ​ကြ​၏။ ဤ​သို့​သူ​တို့​ကြွေး​ကြော်​ကြ​သည့်​အ​သံ​ကြောင့်၊ ဗိ​မာန်​တော်​အုတ်​မြစ်​သည်​တုန်​လှုပ်​ကာ​ဗိ​မာန်​တော်​သည်​လည်း​မီး​ခိုး​များ​နှင့်​ပြည့်​၍​လာ​တော့​၏။

ဟေရှာယ 6:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဩဇိ​မင်းကြီး​အနိစ္စရောက်​သော​နှစ်​၌ ဘုရားရှင်​သည် မြင့်မြတ်​ထည်ဝါ​သော​ပလ္လင်​ပေါ်တွင် ထိုင်​နေ​တော်မူ​သည်​ကို ငါ​မြင်​၏​။ ကိုယ်တော်​၏​ဝတ်ရုံ​တော်​အနားစွန်း​သည် ဗိမာန်တော်​အပြည့်​ဖုံး​နေ​၏​။ သရပ်​တို့​သည် ပလ္လင်​တော်​၏​အထက်​၌​ရပ်​နေ​ကြ​၏​။ သူ​တို့​တစ်ပါးစီ​၌ တောင်ပံ​ခြောက်​ခု​စီ​ရှိ​၍ တောင်ပံ​နှစ်​ခု​ဖြင့် မျက်နှာ​ကို​ဖုံး​၏​။ တောင်ပံ​နှစ်​ခု​ဖြင့် ခြေ​ကို​ဖုံး​၏​။ တောင်ပံ​နှစ်​ခု​ဖြင့် ပျံသန်း​၏​။ ထို့နောက် သူ​တို့​က “​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သန့်ရှင်း​တော်မူ​၏​။ သန့်ရှင်း​တော်မူ​၏​။ သန့်ရှင်း​တော်မူ​၏​။ ကမ္ဘာမြေ​တစ်ခွင်လုံး​သည် ကိုယ်တော်​၏​ဘုန်းအသရေ​နှင့်​ပြည့်​လျက်​နေ​တော်မူ​၏​”​ဟု တစ်​ပါး​ကို​တစ်​ပါး ကြွေးကြော်​မြွက်ဆို​ကြ​၏​။ ထို​ကြွေးကြော်​သံ​ကြောင့် တံခါး​တိုင်​တို့​သည်​ခါယမ်း​၍ အိမ်​တော်​သည် မီးခိုး​နှင့်​ပြည့်​လေ​၏​။