YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 58:4-5

ဟေရှာယ 58:4-5 Judson Bible (JBMLE)

သင်​တို့​သည် ငြင်း​ခုံ​ရန်​တွေ့​လျက်၊ အ​ဓ​မ္မ​လက်​ဆုပ်​နှင့် ထိုး​လျက် အ​စာ​ရှောင်​ကြ၏။ မြင့်​သော​အ​ရပ်၌ မိ​မိ​တို့​အ​သံ​ကို ကြား​စေ​ခြင်း​ငှာ၊ ယ​ခု​ကာ​လ​အ​ခါ အ​စာ​ရှောင်​ကြ​သည်​မ​ဟုတ်။ ငါ​နှစ်​သက်​သော အ​စာ​ရှောင်​ခြင်း​သည် ထို​သို့​သော လ​က္ခ​ဏာ​ရှိ​သ​လော။ လူ​သည် တစ်​ရက်​တွင် ခြိုး​ခြံ​စွာ​ကျင့်​ခြင်း၊ ကိုင်း​ပင်​ကဲ့​သို့ ဦး​ချ​ခြင်း၊ အိပ်​ရာ​ဖို့ လျှော်​တေ​နှင့်​ပြာ​ကို ခင်း​ခြင်း၊ လ​က္ခ​ဏာ​ရှိ​လျှင်၊ အ​စာ​ရှောင်​ခြင်း​ဟူ၍​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​နေ့​ရက် ဟူ၍​လည်း​ကောင်း မှည့်​အပ်​သ​လော။

ဟေရှာယ 58:4-5 Common Language Bible (BCL)

သင်​တို့​အ​စာ​ရှောင်​ခြင်း​သည်​သင်​တို့​အား အ​စဉ်​အ​မြဲ​အ​ချင်း​များ​စေ​လျက်​ခိုက်​ရန် ဒေါ​သ​ဖြစ်​ကာ​အ​ကြမ်း​ဖက်​စေ​ကြ​၏။ ဤ နည်း​အား​ဖြင့်​သင်​တို့​တောင်း​လျှောက်​ကြ​သည့် ဆု​တောင်း​ပတ္ထ​နာ​များ​သည် ငါ့​ကို​နား​ညောင်း စေ​နိုင်​လိမ့်​မည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​ပါ သ​လော။- သင်​တို့​သည်​အ​စာ​ရှောင်​လျက်​တစ်​ရက်​တာ​မျှ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​ခြင်း​ကို​ငါ​နှစ်​သက်​သည် ဟု​ထင်​မှတ်​ကြ​သ​လော။ ဒုက္ခ​ခံ​လျက်​မြက်​ပင် များ​သ​ဖွယ်​ဦး​ခေါင်း​များ​ကို​ကိုင်း​ညွှတ်​၍ မိ​မိ​တို့​ထိုင်​ရန်​လျှော်​တေ​အ​ဝတ်​နှင့်​ပြာ ကို​ခင်း​တတ်​ကြ​၏။ ဤ​အ​ပြု​အ​မူ​ကား အ​စာ​ရှောင်​ခြင်း​ဟု သင်​တို့​ခေါ်​ဆို​ကြ​သည့် အ​ရာ​ပေ​လော။ ယင်း​သို့​သင်​တို့​ပြု​မူ​သော နေ့​ရက်​ကို ငါ​နှစ်​သက်​မြတ်​နိုး​တော်​မူ သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​ပါ​သ​လော။

ဟေရှာယ 58:4-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​သည် အငြင်းပွား​လျက်​၊ ခိုက်ရန်​ဖြစ်​လျက်​၊ လက်သီး​ဖြင့်​ကြမ်းကြမ်းတမ်းတမ်း​ထိုးကြိတ်​လျက် အစာရှောင်​ကြ​၏​။ ထိုသို့ အစာ​မ​ရှောင်​ကြ​နှင့်​။ သင်​တို့​၏​အသံ​ကို အထက်အရပ်​က နားထောင်​မည်​မ​ဟုတ်​။ ငါ​နှစ်သက်​သော​အစာရှောင်​ခြင်း​ကား ဤသို့​လော​။ လူ​သည် မိမိကိုယ်မိမိ​နှိမ့်ချ​၍ ကျူပင်​ကဲ့သို့ ခေါင်း​ကို​ကိုင်းညွတ်​ကာ လျှော်တေ​နှင့်​ပြာ​အပေါ်​လဲလျောင်း​သော​နေ့​လော​။ ဤ​သည်​ကို အစာရှောင်​ရာ​နေ့​၊ ထာဝရဘုရား​လက်ခံ​တော်မူ​သော​နေ့​ဟု သင်​တို့​ခေါ်​မည်လော​။