YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 58:13-14

ဟေရှာယ 58:13-14 Judson Bible (JBMLE)

သင်​သည် ဥ​ပုသ်​နေ့​ကို မ​ရှုတ်​ချ။ ငါ​သန့်​ရှင်း​သော​နေ့​မှာ ကိုယ်​အ​လို​သို့​မ​လိုက်၊ ဥ​ပုသ်​နေ့​ကို မွေ့​လျော်​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​နေ့၊ ရို​သေ​ဖွယ်​သော​နေ့​ဟူ၍ ခေါ်​သ​ဖြင့် ကိုယ်​အ​မှု​ကို​မ​ပြု၊ ကိုယ်​အ​လို​သို့​မ​လိုက်၊ ကိုယ်​စ​ကား​ကို မ​ပြော​ဘဲ​နေ၍ ထို​နေ့​ကို ရို​သေ​လျှင်၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၌ ပျော်​မွေ့​ရ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ မြင့်​သော​အ​ရပ်​တို့​ကို ငါ​စီး​စေ၍၊ သင့်​အ​ဘ​ယာ​ကုပ်၏ အ​မွေ​ဥ​စ္စာ​နှင့် ငါ​ကျွေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​တော်​ထွက်​အ​မိန့်​တော် ရှိ၏။

ဟေရှာယ 58:13-14 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​မြင့်​မြတ်​သည့်​နေ့​အ ဖြစ်​ထား​ရှိ​လျက်၊ ထို​နေ့​၌​ကိုယ်​ကျိုး​ရှာ​လုပ် ငန်း​များ​ကို​ရှောင်​ရှား​ကြ​မည်​ဆို​လျှင်​လည်း ကောင်း၊ အ​ကယ်​၍​သင်​တို့​သည်​မိ​မိ​နှစ်​သက် သော​ခ​ရီး​သွား​ခြင်း၊ နှစ်​သက်​သော​အ​လုပ် လုပ်​ခြင်း၊ သို့​မ​ဟုတ်​အ​ကျိုး​မ​ရှိ​သော​စ​ကား များ​ကို​ပြော​ဆို​ခြင်း​တို့​ကို​ရှောင်​ကြဉ်​၍၊ ငါ​၏ မြင့်​မြတ်​သန့်​ရှင်း​သည့်​နေ့​တော်​ကို​နှစ်​သက် လျက် တန်​ဖိုး​ထား​ကာ​ရို​သေ​လေး​စား​ကြ မည်​ဆို​လျှင်​လည်း​ကောင်း၊- ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု​မှ​ရ​ရှိ​အပ်​သော စိတ္တ​သု​ခ​ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင်​ဂုဏ်​အ​သ ရေ​ရှိ​စေ​မည်။ သင်​တို့​သည်​လည်း​မိ​မိ​တို့​ဘိုး ဘေး​ယာ​ကုပ်​အား​ပေး​အပ်​ခဲ့​သည့်​ပြည်​တော် တွင်​ပျော်​မွေ့​စွာ​နေ​ရ​ကြ​လိမ့်​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ဟေရှာယ 58:13-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​၏​သန့်ရှင်း​ရာ​နေ့​၌ မိမိ​အလို​သို့​မ​လိုက်​ဘဲ ဥပုသ်နေ့​ကို​စောင့်ထိန်း​လျှင်​၊ ဥပုသ်နေ့​ကို ပျော်မွေ့​ရာ​နေ့​၊ ထာဝရဘုရား​၏​သန့်ရှင်း​သော​နေ့​ကို ရိုသေ​ဖွယ်​ရာ​နေ့​ဟု​ခေါ်​လျှင်​၊ ကိုယ့်​လမ်း​သို့​မ​လိုက်​၊ ကိုယ့်​အလို​အတိုင်း​မ​ပြု​၊ ကိုယ့်​အလို​အတိုင်း​မ​ပြော​ဘဲ ထို​နေ့​ကို​ရိုသေ​လျှင် သင်​သည် ထာဝရဘုရား​၌​ပျော်မွေ့​ရ​လိမ့်မည်​။ ငါ​သည်​လည်း သင့်​အား မြေကြီး​ပေါ်ရှိ မြင့်ရာအရပ်​တို့​၌​နေရာချ​ထား​၍ သင့်​အဖ ယာကုပ်​၏​အမွေဥစ္စာ​နှင့် သင့်​ကို ငါ​ကျွေးမွေး​မည်​။ ဤသို့ ထာဝရဘုရား​၏​နှုတ်​တော်​မှ မိန့်​တော်မူ​၏​။