YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 56:6-8

ဟေရှာယ 56:6-8 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​ထံ၌ အ​မှု​စောင့်​ခြင်း၊ နာ​မ​တော်​ကို​ချစ်​ခြင်း၊ ကျွန်​တော်​ရင်း​ဖြစ်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၌ မှီ​ဝဲ​သော တစ်​ပါး​အ​မျိုး​သား တို့​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​ကို မ​ရှုတ်​ချ၊ စောင့်​ရှောက်၍၊ ငါ၏​ပ​ဋိ​ညာဉ်​ကို စွဲ​လမ်း​သော​သူ အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ငါ၏​သန့်​ရှင်း​သော​တောင်​သို့ ငါ​ဆောင်​ခဲ့၍၊ ငါ၏​ပ​တ္ထ​နာ​အိမ်၌ ဝမ်း​မြောက်​စေ​မည်။ သူ​တို့​မီး​ရှို့​ရာ​ယဇ်​နှင့် ယဇ်​အ​မျိုး​မျိုး​တို့​ကို ငါ့​ယဇ်​ပ​လ္လင်​ပေါ်​မှာ လက်​ခံ​မည်။ ငါ့​အိမ်​ကို လူ​အ​မျိုး​မျိုး​ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့။ အ​ရပ်​ရပ်၌ ကွဲ​ပြား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို စု​ဝေး​စေ​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စု​ဝေး​ပြီး​သော သူ​များ​မှ​တစ်​ပါး အ​ခြား​သော​သူ​တို့​ကို ထို​အ​စု​အ​ဝေး၌ ငါ​စု​ဝေး​စေ​ဦး​မည်​ဟု မိန့်​တော်​မူ၏။

ဟေရှာယ 56:6-8 Common Language Bible (BCL)

ထို​နောက်၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ် ခံယူ​ကြ​သူ၊ ကိုယ်​တော်​ကို​ချစ်​၍​အ​စေ​ခံ လျက် ကိုး​ကွယ်​ဝတ်​ပြု​သူ၊ ဥ​ပုသ်​နေ့​ကို မ​ညစ်​ညူး​စေ​အံ့​ငှာ စောင့်​ထိန်း​၍​ပ​ဋိ​ညာဉ် တော်​ကို​သစ္စာ​စောင့်​သူ​လူ​မျိုး​ခြား​တို့​အား ထာ​ဝ​ရ​ဘု​ရား​က၊- ``ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် တောင်​သို့​သင်​တို့​အား​ပို့​ဆောင်​မည်။ ငါ့​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​တွင် သင် တို့​သည်​ဝမ်း​မြောက်​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​၏​ယဇ်​ပလ္လင်​တွင်​သင်​တို့​တင်​လှူ​ပူ​ဇော် သည့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို ငါ​လက်​ခံ​မည်။ ငါ ၏​ဗိ​မာန်​တော်​ကို​လူ​မျိုး​တ​ကာ​တို့ ဆု​တောင်း ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​သ​မုတ် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ မိ​မိ​၏​လူ​မျိုး​တော်​အား​ပြည်​နှင်​ဒဏ်​သင့် ရာ​မှ​သူ​တို့​၏​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင်​လာ တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် သည် အ​ခြား​အ​မျိုး​သား​တို့​ကို​လည်း​ထို လူ​စု​နှင့်​အ​တူ​စု​ပေါင်း​နေ​ထိုင်​ရန်​ခေါ် ဆောင်​လာ​တော်​မူ​လိမ့်​မည်။

ဟေရှာယ 56:6-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​၏​အမှု​တော်​ကို​ထမ်းဆောင်​၍ နာမ​တော်​ကို​ချစ်မြတ်နိုး​သော​ကိုယ်တော်​၏​အစေအပါး​ဖြစ်​ရန် ထာဝရဘုရား​၌​မှီဝဲဆည်းကပ်​သော တိုင်းတစ်ပါးသား​တို့​ကို​လည်းကောင်း​၊ ဥပုသ်နေ့​ကို​မ​ညစ်ညူး​စေရန် စောင့်ထိန်း​၍ ငါ​၏​ပဋိညာဉ်​ကို​စွဲကိုင်​ထား​သော​သူ​အပေါင်း​တို့​ကို​လည်းကောင်း ငါ​၏​သန့်ရှင်း​သော​တောင်​ပေါ်သို့ ငါ​ဆောင်​ခဲ့​၍ ငါ​၏​ဆုတောင်း​ရာ​အိမ်​၌ သူ​တို့​ကို ငါ​ဝမ်းမြောက်​စေ​မည်​။ ငါ့​ယဇ်ပလ္လင်​ပေါ်မှာ​ပူဇော်​သော သူ​တို့​၏​မီးရှို့ရာယဇ်​များ​၊ ပူဇော်သက္ကာ​များ​ကို ငါ​လက်ခံ​မည်​။ ငါ့​အိမ်​တော်​ကို လူမျိုး​တကာ​တို့​၏​ဆုတောင်း​ရာ​အိမ်​ဟူ၍ ခေါ်ဝေါ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ နှင်ထုတ်​ခံရ​သော​အစ္စရေး​လူမျိုး​တို့​ကို စုစည်း​တော်မူ​သော ဘုရားရှင်​ထာဝရဘုရား​က “​စုစည်း​ပြီး​သော​သူ​တို့​အပြင် အခြား​သော​သူ​တို့​ကို အစ္စရေး​လူမျိုး​တို့​ထံ၌ ငါ​ထပ်၍​စုစည်း​မည်​”​ဟု မိန့်​တော်မူ​၏​။