YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 55:8-11

ဟေရှာယ 55:8-11 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​အ​ကြံ​အ​စည်​သည် သင်​တို့၏ အ​ကြံ​အ​စည်​နှင့်​မ​တူ။ ငါ၏​အ​ကျင့်​သည်​လည်း သင်​တို့၏ အ​ကျင့်​နှင့်​မ​တူ။ မိုး​ကောင်း​ကင်​သည် မြေ​ကြီး​ထက်​သာ၍ မြင့်​သ​ကဲ့​သို့၊ ငါ၏​အ​ကျင့်​သည် သင်​တို့၏​အ​ကျင့်​ထက်​လည်း​ကောင်း၊ ငါ၏​အ​ကြံ​အ​စည်​သည် သင်​တို့၏​အ​ကြံ​အ​စည်​ထက်​လည်း​ကောင်း သာ၍​မြင့်၏။ မိုး​ရေ​နှင့် မိုး​ပွင့်​တို့​သည် မိုး​ကောင်း​ကင်​မှ ဆင်း​သက်၍ နောက်​တစ်​ဖန် မ​ပြန်၊ မြေ​သည် မျိုး​စေ့​ကြဲ​သော​သူ​အား မျိုး​စေ့​ကို​လည်း​ကောင်း၊ အ​စာ​စား​သော​သူ​အား အ​စာ​ကို​လည်း​ကောင်း​ပေး​မည်​အ​ကြောင်း၊ မြေ​ကို​စို​စေ​သ​ဖြင့်၊ အ​ပင်​ပေါက်​စေ၍၊ အ​သီး​ကို သီး​စေ​သ​ကဲ့​သို့၊ ထို​အ​တူ ငါ၏​နှုတ်​က​ပတ်​စ​ကား​သည် ဖြစ်​လိမ့်​မည်။ အ​ကျိုး​မ​ရှိ​ဘဲ ငါ့​ထံ​သို့​မ​ပြန်​ရ။ ငါ့​အ​လို​ကို ပြည့်​စုံ​စေ​မည်။ ငါ​စေ​ခိုင်း​သော​အ​မှု၌ အောင်​လိမ့်​မည်။

ဟေရှာယ 55:8-11 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​အ​ကြံ​အ​စည်​တော်​များ​သည်​သင်​တို့ အ​ကြံ​အ​စည်​များ​နှင့်​မ​တူ။ ငါ​၏​နည်း​နာ​များ​သည်​လည်း​သင်​တို့ နည်း​နာ​များ​နှင့်​ခြား​နား​၏။ မိုး​ကောင်း​ကင်​သည်​ကမ္ဘာ​မြေ​ကြီး​ထက် မြင့်​မား​သ​ကဲ့​သို့၊ ငါ​၏​အ​ကြံ​အ​စည်​တော်​များ​သည်​သင်​တို့​၏ အ​ကြံ​အ​စည်​များ​ထက်​မြင့်​မား​သ​တည်း။ ``ငါ​၏​နှုတ်​က​ပတ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို ရေ​ပေး​ရန်​သက်​ရောက်​လာ​သည့် မိုး​နှင့်​မိုး​ပွင့်​များ​ကဲ့​သို့​ဖြစ်​၏။ ထို​အ​ရာ​တို့​သည်​ကောက်​ပဲ​သီး​နှံ​ပင်​များ​ကို ပေါက်​စေ​တတ်​၏။ စိုက်​ပျိုး​ရန်​မျိုး​စေ့​များ​နှင့်​စား​သုံး​ရန် အ​စား​အ​စာ​များ​ကို​ဖြစ်​ပွား​စေ​တတ်​၏။ ငါ​မြွက်​ဆို​သည့်​နှုတ်​က​ပတ်​စ​ကား​သည်​လည်း ဤ​နည်း​အ​တိုင်း​ဖြစ်​လိမ့်​မည်။ ထို​နှုတ်​က​ပတ်​တော်​သည်​ငါ​၏​အ​ကြံ​အ​စည် တော်​ကို ပြည့်​စုံ​စေ​လိမ့်​မည်။ ငါ​စေ​ခိုင်း​သ​မျှ​သော​အ​မှု​တို့​ကို​ပြု​လိမ့်​မည်။

ဟေရှာယ 55:8-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က “​ငါ​၏​အကြံအစည်​သည် သင်​တို့​၏​အကြံအစည်​နှင့်​မ​တူ​။ ငါ​၏​နည်းလမ်း​သည်​လည်း သင်​တို့​၏​နည်းလမ်း​နှင့်​မ​တူ​။ မိုးကောင်းကင်​သည် ကမ္ဘာမြေကြီး​ထက်​သာ၍​မြင့်​သကဲ့သို့ ငါ​၏​နည်းလမ်း​သည် သင်​တို့​၏​နည်းလမ်း​ထက်​၊ ငါ​၏​အကြံအစည်​သည် သင်​တို့​၏​အကြံအစည်​ထက် သာ၍​မြင့်​၏​။ မိုးရေ​နှင့်​နှင်းပွင့်​တို့​သည် မိုးကောင်းကင်​မှ​ကျလာ​ပြီး မိုးကောင်းကင်​သို့​ပြန်​မ​တက်​ဘဲ မြေ​ကို​စိုစွတ်​စေ​လျက်​၊ အပင်ပေါက်​စေ​လျက်​၊ သီးပွင့်​စေ​လျက် မျိုးကြဲ​သော​သူ​အတွက် မျိုးစေ့​၊ စား​သော​သူ​အတွက် အစားအစာ​ကို ပေး​သကဲ့သို့ ငါ့​နှုတ်​မှ​ထွက်​သော​စကား​သည်​လည်း ထိုနည်းတူ​ဖြစ်​မည်​။ ငါ့​ထံသို့​အချည်းနှီး ပြန်လာ​မည်​မ​ဟုတ်​။ ငါ့​အလို​ကို ပြည့်စုံ​စေ​မည်​။ ငါ​စေခိုင်း​သော​အမှု​ကို အောင်မြင်​စေ​မည်​။