YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 55:1-2

ဟေရှာယ 55:1-2 Judson Bible (JBMLE)

အို ရေ​ငတ်​သော​သူ အ​ပေါင်း​တို့၊ ရေ​ရှိ​ရာ​သို့ လာ​ကြ​လော့။ ငွေ​မ​ရှိ​သော​သူ​တို့၊ လာ​ကြ။ ဝယ်၍ စား​သောက်​ကြ​လော့။ ငွေ​မ​ပါ​ဘဲ၊ အ​ဖိုး​ကို​မ​ပေး​ဘဲ​လာ၍ စ​ပျစ်​ရည်​နှင့် နို့​ကို ဝယ်​ကြ​လော့။ အ​စာ​မ​ဟုတ်​သော​အ​ရာ​အ​ဖို့ သင်​တို့​ငွေ​ကို​လည်း​ကောင်း၊ အ​မွတ်​မ​ပြေ​နိုင်​သော အ​ရာ​အ​ဖို့ သင်​တို့​ဥ​စ္စာ​ကို​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ကုန်​စေ​ကြ​သ​နည်း။ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်​လျက်၊ ကောင်း​သော​အ​စာ​ကို စား​ကြ​လော့။ သင်​တို့၏​ဝိ​ညာဉ်​သည် ချို​သော​အ​ရာ​တို့၌ မိ​မိ​ကို​မိ​မိ မွေ့​လျော်​စေ​လိမ့်​မည်။

ဟေရှာယ 55:1-2 Common Language Bible (BCL)

ရေ​ငတ်​သူ​အ​ပေါင်း​တို့၊လာ​ကြ​လော့။ ဤ​အ​ရပ်​တွင်​ရေ​ရှိ​၏။ ကြေး​ငွေ​မ​ရှိ​သူ​တို့​လာ​၍​ဂျုံ​စ​ပါး​ကို ဝယ်​ယူ​စား​သုံး​ကြ​လော့။ နို့​နှင့်​ပျား​ရည်​ကို​ဝယ်​ယူ​ကြ​လော့။ အ​ဖိုး​ငွေ​တစ်​ပြား​တစ်​ချပ်​မျှ​သင်​တို့ ကုန်​ကျ​ရ​လိမ့်​မည်​မ​ဟုတ်။ အ​စာ​အာ​ဟာ​ရ​မ​ဖြစ်​သည့်​အ​ရာ​အ​တွက် အ​ဘယ်​ကြောင့်​ငွေ​အ​ကုန်​အ​ကျ​ခံ​ကြ​ပါ မည်​နည်း။ သင်​၏​လုပ်​အား​ခ​များ​ကို​အ​ကုန်​ခံ​ကာ အ​ဘယ်​ကြောင့်​မွတ်​သိပ်​လျက်​နေ​ကြ​ပါ မည်​နည်း။ ငါ့​စ​ကား​ကို​နား​ထောင်​လျက်၊ငါ​ပြော​သည့်​အ​တိုင်း ပြု​လုပ်​ကြ​ပါ​မူ သင်​တို့​သည်​အ​မွန်​မြတ်​ဆုံး​သော​အ​စား​အ​စာ များ​ကို စား​သောက်​ရ​ကြ​လိမ့်​မည်။

ဟေရှာယ 55:1-2 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ရေငတ်​သော​သူ​အပေါင်း​တို့​၊ ရေ​ရှိ​ရာ​သို့​လာ​ကြ​လော့​။ မိမိ​၌​ငွေ​မ​ရှိ​သော​သူ​တို့​၊ လာ​ကြ​။ ဝယ်​၍​စား​ကြ​လော့​။ ငွေ​မ​ပါ​ဘဲ​၊ အဖိုးအခ​မ​ပေး​ဘဲ စပျစ်ဝိုင်​၊ နို့​တို့​ကို လာ​၍​ဝယ်​ကြ​လော့​။ အစားအစာ​မ​ဟုတ်​သော​အရာ​အတွက် သင်​တို့​ငွေ​ကို​လည်းကောင်း​၊ ရောင့်ရဲမှု​မ​ပေး​သော​အရာ​အတွက် သင်​တို့​ချွေးနှဲစာ​ကို​လည်းကောင်း အဘယ်ကြောင့် သင်​တို့​အသုံးပြု​ကြ​သနည်း​။ ငါ့​စကား​ကို စေ့စေ့​နားထောင်​လော့​။ ကောင်း​သော​အစားအစာ​ကို စား​ကြ​လော့​။ သင်​တို့​၏​စိတ်ဝိညာဉ်​သည် အဆီအနှစ်​နှင့်​ပြည့်​သော​အစာ​နှင့် ဝအီ​လိမ့်မည်​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။