YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 46:9-11

ဟေရှာယ 46:9-11 Judson Bible (JBMLE)

ရှေး​ကာ​လ၌ ဖြစ်​ဖူး​သော​အ​မှု​အ​ရာ​တို့​ကို အောက်​မေ့​ကြ​လော့။ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ။ အ​ဦး​မှ​စ၍ အ​ဆုံး​တိုင်​အောင်​လည်း​ကောင်း၊ ရှေး​ကာ​လ​မှ​စ၍ မ​ဖြစ်​သေး​သော အ​မှု​အ​ရာ​တို့​ကို​လည်း​ကောင်း ဖော်​ပြ​လျက်၊ ငါ့​အ​ကြံ​တည်​လိမ့်​မည်။ ငါ့​အ​လို​ရှိ​သ​မျှ​ကို ငါ​ပြည့်​စုံ​စေ​မည်​ဟု ဆို​လျက်၊ ဝေး​သော​အ​ရပ်၊ အ​ရှေ့​မျက်​နှာ​မှ ငါ၏​လက်​ထောက်​တည်း​ဟူ​သော ငှက်​ရဲ​ကို ခေါ်​လျက်၊ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​နှင့်​တူ​သော​သူ မည်​မျှ​မ​ရှိ။ ငါ​သည် နှုတ်​ထွက်​အ​တိုင်း​ပြု​မည်။ ကြံ​သည်​အ​တိုင်း စီ​ရင်​မည်။

ဟေရှာယ 46:9-11 Common Language Bible (BCL)

ရှေး​ပ​ဝေ​သ​ဏီ​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့် အ​မှု​ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ ငါ​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​နှင့်​တူ​သော​အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း ကို​လည်း​ကောင်း​သိ​မှတ်​ဝန်​ခံ​ကြ​လော့။ ငါ​သည်​အ​စ​အ​ဦး​မှ​တင်​ကူး​၍​နိ​ဂုံး​ကို ဖော်​ပြ​ခဲ့​၏။ ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​ကို​ရှေး​ကာ​လ​မှ​ပင်​လျှင် ကြို​တင်​ဟော​ကြား​ခဲ့​၏။ ငါ​၏​အ​ကြံ​အ​စည်​များ​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပျက်​ပြား​ရ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ဆို​ခဲ့​သည့်​အ​တိုင်း၊ငါ​ရည်​ရွယ်​ထား​သည့် အ​မှု​အ​ရာ​မှန်​သ​မျှ​ကို​ငါ​ပြု​မည်။ ငါ​သည်​အ​ရှေ့​အ​ရပ်​မှ​လူ​တစ်​ဦး​ကို​ခေါ် ယူ​မည်။ သူ​သည်​စွန်​ရဲ​ကဲ့​သို့​ထိုး​ဆင်း​လာ​ပြီး​လျှင် ငါ​ကြံ​စည်​ထား​သည့်​အ​မှု​တို့​ကို​ဆောင်​ရွက် ပေး​လိမ့်​မည်။ ဤ​ကား​ငါ​မြွက်​ဆို​သည့်​စ​ကား​ဖြစ်​၍​ဤ အ​တိုင်း ဖြစ်​ပျက်​ရ​လိမ့်​မည်။

ဟေရှာယ 46:9-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယခင်က​ဖြစ်ပျက်​ခဲ့​သော​အရာ​တို့​ကို အောက်မေ့​လော့​။ ငါ​သာလျှင် ဘုရားသခင်​ဖြစ်​၏​။ အခြား​ဘုရား​မ​ရှိ​။ ငါ​နှင့်တူသော​ဘုရား​မ​ရှိ​။ အစအဦး​ကပင် အဆုံး​ကို​ဖော်ပြ​သော​အရှင်​၊ ရှေးကာလ​ကပင် မ​ဖြစ်​သေး​သော​အရာ​တို့​ကို​ဖော်ပြ​သော​အရှင်​က “​ငါ့​အကြံအစည်​သည် တည်​မည်​။ ငါ​အလို​ရှိသမျှ​ကို ငါ​ပြု​မည်​”​ဟု မိန့်​တော်မူ​၏​။ အရှေ့​အရပ်​မှ အသားစားငှက်​ကို ငါ​ခေါ်​ခဲ့​မည်​။ ဝေးလံ​သော​အရပ်​မှ ငါ့​အကြံအစည်​ကို ပြည့်စုံ​စေ​သော​သူ​အား ငါ​ခေါ်​ခဲ့​မည်​။ ငါ​မိန့်ဆို​ပြီ​၊ အကယ်စင်စစ် ငါ​ဖြစ်စေ​မည်​။ ငါ​ကြံရွယ်​ပြီ​၊ အကယ်စင်စစ် ငါ​ပြု​မည်​။