YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 43:16-19

ဟေရှာယ 43:16-19 Judson Bible (JBMLE)

ပြင်း​ထန်​သော ပင်​လယ်​ရေ၌ လမ်း​ခ​ရီး​ကို ဖန်​ဆင်း​တော်​မူ​ထ​သော၊ ရ​ထား​များ၊ မြင်း​များ​နှင့်​တ​ကွ၊ စစ်​သူ​ရဲ​အ​လုံး​အ​ရင်း​တို့​ကို ဆောင်​ခဲ့​တော်​မူ​ထ​သော၊ သူ​တို့​ကို မ​ထ​နိုင်​အောင် တစ်​ပြိုင်​နက်​တည်း အိပ်​စေ၍၊ မီး​စာ​သေ​သ​ကဲ့​သို့၊ ငြိမ်း​စေ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဖြစ်​ဖူး​သော​အ​မှု​တို့​ကို မ​အောက်​မေ့​ကြ​နှင့်။ ရှေး​ကာ​လ၏​အ​ရာ​တို့​ကို ပ​မာ​ဏ​မ​ပြု​ကြ​နှင့်။ ကြည့်​ရှု​လော့။ အ​မှု​သစ်​ကို​ငါ​ပြု​မည်။ ယ​ခု​ပေါ်​လာ​လိမ့်​မည်။ သင်​တို့​သည် အ​မှန် သိ​မြင်​ရ​ကြ​လိမ့်​မည်။ အ​ကယ်​စင်​စစ် တော၌ လမ်း​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ စီး​သော​ရေ​ကို​လည်း​ကောင်း ငါ​ဖန်​ဆင်း​မည်။

ဟေရှာယ 43:16-19 Common Language Bible (BCL)

ရှေး​အ​ခါ​က၊ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ် ဝဲ​သြ​ဃ​ကို ဖြတ်​၍​လမ်း​ဖောက်​တော်​မူ​ခဲ့​၏။ ကိုယ်​တော်​သည်​ရ​ထား​တပ်၊ မြင်း​တပ်​များ​နှင့် အင်​အား​ကြီး​မား​သော​စစ်​သည်​ဗိုလ်​ချေ​တို့​ကို ဆုံး​ပါး​ပျက်​စီး​စေ​တော်​မူ​၏။ သူ​တို့​သည်​ငြိမ်း​သတ်​လိုက်​သည့် ဖ​ယောင်း​တိုင်​မီး​သ​ဖွယ်​န​လံ​မ​ထူ​နိုင်​အောင် ပြို​လဲ​၍​သွား​ကြ​ကုန်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က ``အ​တိတ်​က​အ​ဖြစ်​အ​ပျက်​များ​ကို​စွဲ​လန်း​၍ မ​နေ​ကြ​နှင့်။ ရှေး​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ပြော​ဆို​၍​မ​နေ​ကြ​နှင့်။ ငါ​ပြု​မည့်​အ​မှု​အ​ရာ​သစ်​ကို​စောင့်​မျှော် ကြည့်​ရှု​ကြ​လော့။ ထို​အ​မှု​အ​ရာ​သည်​ဖြစ်​ပျက်​ဆဲ​ပင်​ရှိ​သဖြင့် ယင်း​ကို ယ​ခု​သင်​တို့​တွေ့​မြင်​နိုင်​ကြ​ပါ​သည်​တ​ကား။ ငါ​သည်​တော​ကန္တာ​ရ​ကို​ဖြတ်​၍​လမ်း​ပေါက်​စေ ပြီး​လျှင်၊ သင်​တို့​အား​စမ်း​ရေ​ကို​ပေး​တော်​မူ​မည်။

ဟေရှာယ 43:16-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပင်လယ်ပြင်​၌ လမ်းမ​ကို​လည်းကောင်း​၊ လှိုင်းထန်​သော​ရေပြင်​၌ လမ်း​ကို​လည်းကောင်း ဖြစ်​စေ​တော်မူ​သော​၊ ရထား​နှင့် မြင်း​၊ စစ်သည်​နှင့်​အင်အားကြီးမား​သော​သူ​တို့​ကို ထုတ်ဆောင်​၍ သူ​တို့​ကို မ​ထ​နိုင်​အောင် အတူတကွ​လဲ​စေ​ပြီး မီးစာ​ကို​ငြှိမ်း​သကဲ့သို့ ငြိမ်း​သွား​စေ​တော်မူ​သော ထာဝရဘုရား​က “​ယခင်က ဖြစ်ပျက်​ခဲ့​သော​အရာ​တို့​ကို မ​အောက်မေ့​ကြ​နှင့်​။ လွန်ခဲ့ပြီး​သော​အရာ​တို့​ကို မ​စဉ်းစား​ကြ​နှင့်​။ ကြည့်ရှု​လော့​။ အသစ်​သော​အရာ​ကို ငါ​ပြု​မည်​။ ယခု ထို​အရာ ဖြစ်လာ​ပြီ​။ သင်​တို့ မ​သိ​ကြ​သလော​။ အကယ်စင်စစ် တောကန္တာရ​၌ လမ်း​ကို​လည်းကောင်း​၊ သဲကန္တာရ​၌ မြစ်​တို့​ကို​လည်းကောင်း ငါ​ဖြစ်​စေ​မည်​။