YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 40:9-11

ဟေရှာယ 40:9-11 Judson Bible (JBMLE)

ဇိ​အုန်​တောင်​သို့ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ဆောင်​ခဲ့​သော​သူ၊ မြင့်​သော​တောင်​ပေါ်​သို့ တက်​လော့။ ယေ​ရု​ရှ​လင်​မြို့​သို့ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို​ဆောင်​ခဲ့​သော​သူ၊ ကျယ်​သော​အ​သံ​ကို လွှင့်​လော့။ မ​စိုး​ရိမ်​ဘဲ အ​သံ​ကို​လွှင့်​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ကြည့်​ရှု​ကြ​ဟု ယု​ဒ​မြို့​ရွာ​တို့​အား​ပြော​လော့။ ကြည့်​ရှု​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ကြီး​သော​တန်​ခိုး​နှင့် ကြွ​လာ၍၊ လက်​ရုံး​တော်​အား​ဖြင့် အ​စိုး​ရ​တော်​မူ​လိမ့်​မည်။ မိ​မိ​ခံ​တော်​မူ​ထိုက်​သော​အ​ခ မိ​မိ၌​ပါ​လျက်၊ ဆု​လာဘ်​တော်​သည် ရှေ့​တော်၌​ရှိ၏။ မိ​မိ​သိုး​စု​ကို သိုး​ထိန်း​ကဲ့​သို့ ကျွေး​မွေး​တော်​မူ​မည်။ သိုး​သ​ငယ်​တို့​ကို ချီ၍ ပိုက်​ပွေ့​တော်​မူ​မည်။ သား​ငယ်​ရှိ​သော သိုး​မ​တို့​ကို​လည်း ဖြည်း​ညင်း​စွာ ပို့​ဆောင်​တော်​မူ​မည်။

ဟေရှာယ 40:9-11 Common Language Bible (BCL)

အို ယေ​ရု​ရှ​လင်​မြို့၊ မြင့်​သော​တောင်​ပေါ်​သို့​တက်​၍၊ သ​တင်း​ကောင်း​ကို​ကြေ​ညာ​လော့။ အို ဇိ​အုန်​တောင်၊ အ​သံ​ကျယ်​စွာ​ဟစ်​၍​သ​တင်း​ကောင်း​ကို ကြေ​ညာ​လော့။ မ​ကြောက်​နှင့်၊ ပွင့်​လင်း​စွာ​ပြော​ကြား​လော့။ ယု​ဒ​မြို့​များ​အား​သူ​တို့​၏​ဘု​ရား​သ​ခင် ကြွ​လာ​စေ​တော်​မူ​မည့်​အ​ကြောင်း​ကို​ပြော​ကြား​လော့။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မိ​မိ​ကယ်​တင်​ထား​တော်​မူ​သည့် လူ​တို့​ကို​ခေါ်​၍ တန်​ခိုး​တော်​နှင့်​အုပ်​စိုး​ရန်​ကြွ​လာ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သိုး​ထိန်း​ကဲ့​သို့​မိ​မိ​၏​လူ​မျိုး တော်​ကို ကျွေး​မွေး​ပြု​စု​တော်​မူ​လိမ့်​မည်။ သိုး​ထိန်း​သည်​သိုး​ငယ်​များ​ကို​စု​သိမ်း​၍ လက်​ဖြင့်​ချီ​ပွေ့​ကာ သူ​တို့​၏​မိ​ခင်​များ​ကို​ဖြည်း​ညှင်း​စွာ​လမ်း​ပြ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။

ဟေရှာယ 40:9-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ဇိအုန်​တောင်​၊ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​၊ မြင့်မား​သော​တောင်​ပေါ်သို့ တက်​လော့​။ အို ဂျေရုဆလင်​မြို့​၊ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​၊ သင့်​အသံ​ကို အစွမ်း​ကုန်​လွှင့်​လော့​။ အသံ​ကို​လွှင့်​လော့​။ မ​ကြောက်​နှင့်​။ “​ကြည့်ရှု​လော့​။ ဤသည်ကား သင်​တို့​၏​ဘုရားသခင်​ပေတည်း​”​ဟု ယုဒ​မြို့​တို့​အား ပြောကြား​လော့​။ ကြည့်ရှု​လော့​။ ဘုရားရှင်​ထာဝရဘုရား​သည် တန်ခိုး​ဖြင့်​ကြွလာ​တော်မူ​၏​။ ကိုယ်တော်​သည် လက်ရုံး​တော်​ဖြင့် အုပ်စိုး​တော်မူ​၏​။ ကြည့်ရှု​လော့​။ ဆုလာဘ်​သည် ကိုယ်တော်​နှင့်အတူ​ရှိ​၏​။ အဖိုးအခ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌​ရှိ​၏​။ ကိုယ်တော်​သည် သိုးထိန်း​ကဲ့သို့ သိုးစု​ကို ထိန်းကျောင်း​တော်မူ​မည်​။ သိုးသငယ်​တို့​ကို လက်ရုံး​တော်​ဖြင့်​စုစည်း​၍ ရင်ခွင်​၌​ပွေ့ပိုက်​တော်မူ​မည်​။ သားငယ်​ရှိ​သော​သိုးမ​တို့​ကို​လည်း ညင်ညင်သာသာ​ပို့ဆောင်​တော်မူ​မည်​။