YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 40:27-31

ဟေရှာယ 40:27-31 Judson Bible (JBMLE)

အို ယာ​ကုပ်​အ​မျိုး၊ သင်​သွား​သော​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မ​မူ​ဟု အ​ဘယ်​ကြောင့်​ပြော​သ​နည်း။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင့်​အ​မှု​ကို သင်၏​ဘု​ရား​သ​ခင် မှတ်​တော်​မ​မူ​ဟု၊ အ​ဘယ်​ကြောင့်​ဆို​ရ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ​တည်​တော်​မူ​သော ဘု​ရား​သ​ခင် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး​စွန်း​တိုင်​အောင် ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မော​တော်​မူ​ခြင်း၊ ပင်​ပန်း​တော်​မူ​ခြင်း​မ​ရှိ၊ စစ်၍ မ​ကုန်​နိုင်​သော​ဉာဏ်​နှင့် ပြည့်​စုံ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​သည် မ​သိ​မ​ကြား​ဖူး​သ​လော။ ထို​ဘု​ရား​သည် မော​သော​သူ​တို့​အား၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ နွမ်း​နယ်​သော​သူ​တို့​အား၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ လူ​ပျို​တို့​သည် မော၍ ပင်​ပန်း​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ လု​လင်​တို့​သည်​လည်း ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ အား​ပြည့်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ​ကဲ့​သို့ မိ​မိ​တို့​အ​တောင်​ကို အ​သစ်​ပြု​ပြင်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း မ​ပင်​ပန်း၊ ခ​ရီး​သွား​သော​အ​ခါ မ​မော​ရ​ကြ။

ဟေရှာယ 40:27-31 Common Language Bible (BCL)

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထို​သို့​ဖြစ်​ပါ​မူ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ဆင်း​ရဲ​ဒုက္ခ များ​ကို သိ​တော်​မ​မူ​ဟူ​၍​သော်​လည်း​ကောင်း သင်​တို့​၏​အ​မှု​ကိစ္စ​များ​အ​ဆင်​ပြေ​ရေး​အ​တွက် စိတ်​ဝင်​စား​တော်​မ​မူ​ဟူ​၍​သော်​လည်း​ကောင်း အ​ဘယ်​ကြောင့်​သင်​တို့​သည် ညည်း​ညူ​ကြ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​ဆက် တည်​တော်​မူ​သော​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ကို သင်​တို့​မ​သိ​ကြ​ပါ​သ​လော။ မ​ကြား​ဘူး​ကြ​ပါ​သ​လော။ ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မော​ပန်း နွမ်း​လျ​တော်​မ​မူ​ပါ။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော် တို့​ကို နား​မ​လည်​နိုင်​ပါ။ ကိုယ်​တော်​သည်​နွမ်း​လျ​မော​ပန်း​သူ​တို့​ကို အား​ပေး​တော်​မူ​ပါ​၏။ အ​သက်​အ​ရွယ်​ငယ်​သူ​များ​ပင်​လျှင် နွမ်း​လျ​မော​ပန်း​တတ်​ကြ​၏။ လူ​ငယ်​လူ​ရွယ်​များ​သည်​အား​အင်​ကုန်​ခန်း​၍ လဲ​ကျ​ကြ​လေ​သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကူ အ​ညီ​ကို ယုံ​ကြည်​ကိုး​စား​သူ​တို့​မူ​ကား၊ ခွန်​အား​သစ်​ကို ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လင်း​ယုန်​ငှက်​ကဲ့​သို့​ပျံ​တက်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း​မော​ပန်း​ကြ​လိမ့်​မည်​မ​ဟုတ်။ ခ​ရီး​သွား​သော်​လည်း​နွမ်း​နယ်​ကြ​လိမ့်​မည်​မ​ဟုတ်။

ဟေရှာယ 40:27-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ယာကုပ်​အမျိုး​၊ အို အစ္စရေး​လူမျိုး​၊ “​ထာဝရဘုရား​သည် ငါ့​လမ်း​ကို မမြင်​။ ငါ​၏​ဘုရားသခင်​သည် ငါ့​အမှု​ကို ဂရုမစိုက်​”​ဟု အဘယ်ကြောင့်​ပြော​ဆို​ရ​သနည်း​။ သင်​မ​သိ​သလော​။ သင်​မ​ကြား​ဖူး​သလော​။ ထာဝရဘုရား​သည် အစဉ်အမြဲ​တည်​တော်မူ​သော​ဘုရားသခင်​၊ မြေကြီး​စွန်း​တိုင်အောင် ဖန်ဆင်း​တော်မူ​သော​အရှင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် အားအင်​ကုန်ခန်း​တော်​မ​မူ​။ မောပန်း​တော်​မ​မူ​။ ကိုယ်တော်​၏​ဉာဏ်​ကို စစ်​၍​မ​ကုန်​နိုင်​။ ကိုယ်တော်​သည် မောပန်း​သော​သူ​တို့​ကို ခွန်အား​ပေး​တော်မူ​၏​။ အစွမ်း​မ​ရှိ​သော​သူ​တို့​ကို စွမ်းအား​နှင့်​ပြည့်စုံ​စေ​တော်မူ​၏​။ လူငယ်​တို့​ပင်လျှင် အားအင်​ကုန်ခန်း​၍ မောပန်း​ကြ​လိမ့်မည်​။ သန်မာ​သော​လူငယ်​တို့​သည်​လည်း ခလုတ်တိုက်​လဲကျ​ကြ​လိမ့်မည်​။ ထာဝရဘုရား​ကို စောင့်မျှော်​သော​သူ​တို့​မူကား ခွန်အား​သစ်​နှင့်​ပြည့်​လိမ့်မည်​။ သူ​တို့​သည် လင်းယုန်​ကဲ့သို့ အတောင်ပံ​ဖြင့် အထက်​သို့​ပျံတက်​ကြ​လိမ့်မည်​။ ပြေး​သောအခါ မောပန်း​ကြ​မည်​မ​ဟုတ်​။ သွားလာ​သောအခါ​လည်း အားအင်​ကုန်ခန်း​ကြ​မည်​မ​ဟုတ်​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။