YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 40:12-17

ဟေရှာယ 40:12-17 Judson Bible (JBMLE)

ရေ​များ​ကို လက်​ဆွန်း​ဖြင့် ခြင်​သော​သူ၊ မိုး​ကောင်း​ကင်​ကို မိ​မိ​လက်​ဖြင့် ထွာ​သော​သူ၊ မြေ​မှုန့်​ကို တင်း​တောင်း​ဖြင့် ချင့်​တွက်​သော​သူ၊ တောင်​ကြီး​ကို ချိန်​ခွင်​ဖြင့်​လည်း​ကောင်း၊ တောင်​ငယ်​ကို ကပ်​ပယ်​ဖြင့်​လည်း​ကောင်း ချိန်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​ကို အ​ဘယ်​သူ စစ်​ကြော​သ​နည်း။ ထို​ဘု​ရား​နှင့် တိုင်​ပင်၍၊ အ​ဘယ်​သူ​သည် အ​ကြံ​ပေး​သ​နည်း။ အ​ဘယ်​သူ​နှင့် တိုင်​ပင်​တော်​မူ​သ​နည်း။ ထို​ဘု​ရား​ကို အ​ဘယ်​သူ သွန်​သင်​သ​နည်း။ ထို​ဘု​ရား​အား တ​ရား​လမ်း​ကို​ပြ​သော​သူ၊ ပ​ညာ​နည်း​ကို ပေး​သော​သူ၊ ဉာဏ်​လမ်း​ကို ညွှန်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ လူ​အ​မျိုး​မျိုး​တို့​သည် ရေ​ပုံး​မှ ကျ​သော ရေ​စက်​ကဲ့​သို့ ဖြစ်၍၊ ချိန်​ခွင်၌ မြူ​မှုန်​ကဲ့​သို့ ထင်​မှတ်​စ​ရာ​ရှိ၏။ ကျွန်း​တို့​သည်​လည်း၊ လွင့်​တတ်​သော အ​ဏု​မြူ​ကဲ့​သို့ ဖြစ်​ကြ၏။ လေ​ဗ​နုန်​တော​သည် မီး​မွေး​ဖို့​မ​လောက်။ ထို​တော၌​ရှိ​သော တိ​ရ​စ္ဆာန်​တို့​သည်​လည်း၊ မီး​ရှို့​ရာ​ယဇ်​ဖို့ မ​လောက်။ ခပ်​သိမ်း​သော လူ​အ​မျိုး​မျိုး​တို့​သည် အ​ဘယ်​မျှ​မ​ဟုတ်​သ​ကဲ့​သို့ ရှေ့​တော်၌​ဖြစ်​ကြ၏။ အ​ဘယ်​မျှ​မ​ဟုတ်​သော အ​ရာ​ထက်​သာ၍ ငယ်​သ​ကဲ့​သို့​လည်း​ကောင်း၊ အ​န​တ္တ​ကဲ့​သို့​လည်း​ကောင်း မှတ်​တော်​မူ၏။

ဟေရှာယ 40:12-17 Common Language Bible (BCL)

သ​မုဒ္ဒ​ရာ​ရေ​ကို​လက်​ခုပ်​ဖြင့်​ချင်​တွယ်​နိုင်​သူ၊ သို့​တည်း​မ​ဟုတ်၊မိုး​ကောင်း​ကင်​ကို​လက်​နှင့်​ထွာ​၍ တိုင်း​တာ​နိုင်​သူ​ရှိ​ပါ​သ​လော။ မြေ​ဆီ​လွှာ​ရှိ​သ​မျှ​ကို​ခွက်​ဖ​လား​တွင်​ထည့် ထား​နိုင်​သူ၊ သို့​တည်း​မ​ဟုတ်​တောင်​ကြီး​တောင်​ငယ်​တို့​ကို ချိန်​ခွင်​နှင့်​ချိန်​စက်​နိုင်​သူ​ရှိ​ပါ​သ​လော။ ထာ​ဝ​ရ​ဘု​ရား​အား​အ​ဘယ်​သို့​ပြု​ရ​မည် ဟု ပြော​ဆို​နိုင်​သူ​ရှိ​ပါ​သ​လော။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​သွန်​သင် နိုင်​ပါ​သ​နည်း။ သို့​တည်း​မ​ဟုတ်​အ​ကြံ​ဉာဏ်​ပေး​နိုင် ပါ​သ​နည်း။ ဤ​မည်​သော​အ​မှု​တို့​ကို​အ​ဘယ်​သို့​ပြု​ရ မည်​ကို သိ​နိုင်​ရန် အ​သိ​ပ​ညာ​နှင့်​ဉာဏ်​ပ​ညာ​များ​ကို​ရ​ရှိ နိုင်​ရန် ကိုယ်​တော်​သည် အ​ဘယ်​သူ​နှင့်​တိုင်​ပင်​တော်​မူ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​လူ​မျိုး​တ​ကာ တို့​သည် ဘာ​မျှ​မ​ဟုတ်​ပါ။ သူ​တို့​သည်​ရေ​စက်​တစ်​စက်​ကဲ့​သို့​သာ ဖြစ်​ပေ​သည်။ ရပ်​ဝေး​ရှိ​ကျွန်း​တို့​သည်​လည်း​မြူ​မှုန်​တ​မျှ သာ​လျှင် အ​လေး​ချိန်​စီး​ကြ​၏။ လေ​ဗ​နုန်​တော​တွင်​ရှိ​သ​မျှ​သော​တိ​ရစ္ဆာန်​တို့ သည် ငါ​တို့​ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​ရန်​အ​တွက် မ​လုံ​လောက်။ ထို​တော​မှ​သစ်​ပင်​တို့​သည်​လည်း​မီး​မွှေး​ရန်​အ​တွက် မ​လုံ​လောက်။ လူ​မျိုး​တ​ကာ​တို့​သည်​ကိုယ်​တော်​၏​ရှေ့​တော်​၌ အ​ချည်း​နှီး​သာ​ဖြစ်​ကြ​၏။

ဟေရှာယ 40:12-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရေ​ကို လက်ခုပ်​ဖြင့် ခြင်တွယ်​သော​သူ​၊ ကောင်းကင်​ကို လက်​ဖြင့်​တိုင်းထွာ​သော​သူ​၊ မြေမှုန့်​ကို ခြင်တောင်း​ဖြင့်​ချင့်​သော​သူ​၊ တောင်ကြီး​ကို ကတ္တား​ဖြင့်​လည်းကောင်း​၊ တောင်ငယ်​ကို ချိန်ခွင်​ဖြင့်​လည်းကောင်း ချိန်တွယ်​သော​သူ​ကား မည်သူ​နည်း​။ ထာဝရဘုရား​၏​ဝိညာဉ်​တော်​ကို မည်သူ​လမ်းညွှန်​နိုင်​သနည်း​။ ကိုယ်တော့်​ကို အကြံပေးသူ​၊ ညွှန်ကြား​သူ​ကား မည်သူ​နည်း​။ ကိုယ်တော်​သည် မည်သူ​နှင့်​တိုင်ပင်​တော်မူ​သနည်း​။ အသိဉာဏ်​ကို ကိုယ်တော်​အား မည်သူ​ပေး​သနည်း​။ တရားမျှတ​ခြင်း​လမ်း​ကို ကိုယ်တော်​အား မည်သူ​သင်ကြား​ပေး​သနည်း​။ အသိပညာ​ကို ကိုယ်တော်​အား မည်သူ​သင်ကြား​ပေး​သနည်း​။ ထိုးထွင်းသိမြင်​ခြင်း​လမ်း​ကို ကိုယ်တော်​အား မည်သူ​ပြသ​ပေး​သနည်း​။ လူမျိုး​တို့​ကို ရေပုံး​ထဲမှ​ရေတစ်စက်​ကဲ့သို့​၊ ချိန်ခွင်​ပေါ်မှ ဖုန်မှုန့်​ကဲ့သို့ ထင်မှတ်​၍ ကျွန်း​တို့​ကို မြူမှုန်​ကဲ့သို့ ကိုင်​တော်မူ​၏​။ လက်ဘနွန်​တော​သည် မီးမွှေး​ရန်​မ​လုံလောက်​။ ထို​တော​ရှိ​တောရိုင်းတိရစ္ဆာန်​တို့​သည်​လည်း မီးရှို့ရာယဇ်​အတွက်​မ​လုံလောက်​။ လူမျိုး​အားလုံး​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ဘာမျှ​မ​ဟုတ်​။ ကိုယ်တော်​သည် သူ​တို့​ကို အနတ္တသက်သက်​၊ အချည်းနှီးသက်သက်​ထက် သာ၍​ငယ်​သည်​ဟု ထင်မှတ်​တော်မူ​၏​။