YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 40:12-14

ဟေရှာယ 40:12-14 Judson Bible (JBMLE)

ရေ​များ​ကို လက်​ဆွန်း​ဖြင့် ခြင်​သော​သူ၊ မိုး​ကောင်း​ကင်​ကို မိ​မိ​လက်​ဖြင့် ထွာ​သော​သူ၊ မြေ​မှုန့်​ကို တင်း​တောင်း​ဖြင့် ချင့်​တွက်​သော​သူ၊ တောင်​ကြီး​ကို ချိန်​ခွင်​ဖြင့်​လည်း​ကောင်း၊ တောင်​ငယ်​ကို ကပ်​ပယ်​ဖြင့်​လည်း​ကောင်း ချိန်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​ကို အ​ဘယ်​သူ စစ်​ကြော​သ​နည်း။ ထို​ဘု​ရား​နှင့် တိုင်​ပင်၍၊ အ​ဘယ်​သူ​သည် အ​ကြံ​ပေး​သ​နည်း။ အ​ဘယ်​သူ​နှင့် တိုင်​ပင်​တော်​မူ​သ​နည်း။ ထို​ဘု​ရား​ကို အ​ဘယ်​သူ သွန်​သင်​သ​နည်း။ ထို​ဘု​ရား​အား တ​ရား​လမ်း​ကို​ပြ​သော​သူ၊ ပ​ညာ​နည်း​ကို ပေး​သော​သူ၊ ဉာဏ်​လမ်း​ကို ညွှန်​သော​သူ​ကား အ​ဘယ်​သူ​နည်း။

ဟေရှာယ 40:12-14 Common Language Bible (BCL)

သ​မုဒ္ဒ​ရာ​ရေ​ကို​လက်​ခုပ်​ဖြင့်​ချင်​တွယ်​နိုင်​သူ၊ သို့​တည်း​မ​ဟုတ်၊မိုး​ကောင်း​ကင်​ကို​လက်​နှင့်​ထွာ​၍ တိုင်း​တာ​နိုင်​သူ​ရှိ​ပါ​သ​လော။ မြေ​ဆီ​လွှာ​ရှိ​သ​မျှ​ကို​ခွက်​ဖ​လား​တွင်​ထည့် ထား​နိုင်​သူ၊ သို့​တည်း​မ​ဟုတ်​တောင်​ကြီး​တောင်​ငယ်​တို့​ကို ချိန်​ခွင်​နှင့်​ချိန်​စက်​နိုင်​သူ​ရှိ​ပါ​သ​လော။ ထာ​ဝ​ရ​ဘု​ရား​အား​အ​ဘယ်​သို့​ပြု​ရ​မည် ဟု ပြော​ဆို​နိုင်​သူ​ရှိ​ပါ​သ​လော။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​သွန်​သင် နိုင်​ပါ​သ​နည်း။ သို့​တည်း​မ​ဟုတ်​အ​ကြံ​ဉာဏ်​ပေး​နိုင် ပါ​သ​နည်း။ ဤ​မည်​သော​အ​မှု​တို့​ကို​အ​ဘယ်​သို့​ပြု​ရ မည်​ကို သိ​နိုင်​ရန် အ​သိ​ပ​ညာ​နှင့်​ဉာဏ်​ပ​ညာ​များ​ကို​ရ​ရှိ နိုင်​ရန် ကိုယ်​တော်​သည် အ​ဘယ်​သူ​နှင့်​တိုင်​ပင်​တော်​မူ​ပါ​သ​နည်း။

ဟေရှာယ 40:12-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရေ​ကို လက်ခုပ်​ဖြင့် ခြင်တွယ်​သော​သူ​၊ ကောင်းကင်​ကို လက်​ဖြင့်​တိုင်းထွာ​သော​သူ​၊ မြေမှုန့်​ကို ခြင်တောင်း​ဖြင့်​ချင့်​သော​သူ​၊ တောင်ကြီး​ကို ကတ္တား​ဖြင့်​လည်းကောင်း​၊ တောင်ငယ်​ကို ချိန်ခွင်​ဖြင့်​လည်းကောင်း ချိန်တွယ်​သော​သူ​ကား မည်သူ​နည်း​။ ထာဝရဘုရား​၏​ဝိညာဉ်​တော်​ကို မည်သူ​လမ်းညွှန်​နိုင်​သနည်း​။ ကိုယ်တော့်​ကို အကြံပေးသူ​၊ ညွှန်ကြား​သူ​ကား မည်သူ​နည်း​။ ကိုယ်တော်​သည် မည်သူ​နှင့်​တိုင်ပင်​တော်မူ​သနည်း​။ အသိဉာဏ်​ကို ကိုယ်တော်​အား မည်သူ​ပေး​သနည်း​။ တရားမျှတ​ခြင်း​လမ်း​ကို ကိုယ်တော်​အား မည်သူ​သင်ကြား​ပေး​သနည်း​။ အသိပညာ​ကို ကိုယ်တော်​အား မည်သူ​သင်ကြား​ပေး​သနည်း​။ ထိုးထွင်းသိမြင်​ခြင်း​လမ်း​ကို ကိုယ်တော်​အား မည်သူ​ပြသ​ပေး​သနည်း​။