YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 40:1-5

ဟေရှာယ 40:1-5 Judson Bible (JBMLE)

သင်​တို့၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို နှစ်​သိမ့်​စေ​ကြ​လော့။ နှစ်​သိမ့်​စေ​ကြ​လော့။ စစ်​မှု​ကို ထမ်း​ရ​သော​အ​ချိန်​စေ့​ပြီ။ သင်၏​အ​ပြစ်​လည်း ပြေ​ရှင်း​ပြီ​ဟု ယေ​ရု​ရှ​လင်​မြို့​အား နှစ်​သိမ့်​စေ​သော​စ​ကား​ကို ပြော၍ ကြွေး​ကြော်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌ မိ​မိ​အ​ပြစ်​အ​တွက် နှစ်​ဆ​ခံ​ရ​ပြီ။ တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​မှာ၊ ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရာ​လမ်း​ကို ပြင်​ကြ​လော့။ ငါ​တို့ ဘု​ရား​သ​ခင်၏ လမ်း​ခ​ရီး​တော်​ကို လွင်​ပြင်၌ ဖြောင့်​စေ​ကြ​လော့။ ချိုင့်​ဝှမ်း​ရာ ရှိ​သ​မျှ​တို့​ကို ဖို့​ရ​မည်။ တောင်​ကြီး​တောင်​ငယ် ရှိ​သ​မျှ​တို့​ကို ဖြို​ရ​မည်။ ကောက်​သော​လမ်း​များ​ကို ဖြောင့်​စေ​ရ​မည်။ ကြမ်း​တမ်း​သော လမ်း​များ​ကို​လည်း သုတ်​သင်​ပြင်​ဆင်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ပေါ်​ထွန်း၍၊ လူ​အ​ပေါင်း​တို့​သည် အ​တူ​မြင်​ရ​ကြ​လ​တ္တံ့​ဟု ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက် အ​မိန့်​တော်​ရှိ၏။

ဟေရှာယ 40:1-5 Common Language Bible (BCL)

သင်​တို့​ဘု​ရား​သ​ခင်​က``ငါ​၏​လူ​မျိုး​တော်​ကို နှစ်​သိမ့်​စေ​ကြ​လော့။ သူ​တို့​ကို​နှစ်​သိမ့်​စေ​ကြ​လော့။ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​ကို အား​ပေး​ကြ​လော့။ သူ​တို့​သည်​ကြာ​မြင့်​စွာ​ဆင်း​ရဲ​ဒုက္ခ ရောက်​ခဲ့​ကြ​သ​ဖြင့်၊ သူ​တို့​၏​အ​ပြစ်​များ​ကို​ယ​ခု ငါ​ဖြေ​လွှတ်​တော်​မူ​ပြီ​ဖြစ်​ကြောင်း၊ သူ​တို့​အား​ကြား​ပြော​ကြ​လော့။ ငါ​သည်​သူ​တို့​အား​မိ​မိ​တို့​အ​ပြစ်​များ အ​တွက် အ​ပြစ်​ဒဏ်​အ​ပြည့်​အ​ဝ​ခတ်​ခဲ့​လေ​ပြီ'' ဟု မိန့်​တော်​မူ​၏။ အ​သံ​တစ်​ခု​က``တော​ကန္တာ​ရ​၌​ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရန်​ခ​ရီး​လမ်း​ကို​အ​သင့်​ပြင်​ကြ​လော့၊ ငါ​တို့​ဘု​ရား​သ​ခင်​ကြွ​တော်​မူ​ရန် လမ်း​ကို​ရှင်း​လင်း​ကြ​လော့။ ချိုင့်​ဝှမ်း​ရှိ​သ​မျှ​ကို​ဖို့​၍​တောင်​ကြီး​တောင်​ငယ် အ​ပေါင်း​ကို​ဖြို​ချ​ရ​ကြ​လိမ့်​မည်။ တောင်​ကုန်း​များ​သည် မြေ​ညီ​ဖြစ်​လျက် ကြမ်း​တမ်း​သည့်​နယ်​မြေ​သည် ချော​မော​၍​လာ​ရ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ တော်​သည် ပေါ်​လွင်​ထင်​ရှား​လာ​မည်​ဖြစ်​၍၊ လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​ထို​ဘုန်း အ​သ​ရေ​တော်​ကို​ဖူး​မြင်​ရကြ​လိမ့်​မည်။ ယင်း​သို့​ဖြစ်​ပျက်​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​က​တိ​ပြု​တော်​မူ​လေ​ပြီ'' ဟု ကြွေး​ကြော်​လေ​သည်။

ဟေရှာယ 40:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​၏​ဘုရားသခင်​က “​ငါ​၏​လူမျိုး​တော်​ကို နှစ်သိမ့်​ပေး​ကြ​။ နှစ်သိမ့်​ပေး​ကြ​”​ဟု မိန့်​တော်မူ​၏​။ “​စစ်ပွဲ ပြီးဆုံး​ပြီ​။ ထာဝရဘုရား​၏​လက်​တော်​မှ မိမိ​အပြစ်​အတွက် နှစ်ဆ​ခံယူ​ပြီး​ပြီ​ဖြစ်၍ အပြစ်​လည်း ခွင့်လွှတ်​ခြင်း​ခံရ​ပြီ​”​ဟု ဂျေရုဆလင်​မြို့​အား ကြေညာ​ပြီး နှစ်သိမ့်​ပေး​လော့​။ ကြွေးကြော်​သံ​တစ်​ခု​မှာ “​တောကန္တာရ​၌ ထာဝရဘုရား​ကြွ​တော်မူ​မည့်​လမ်း​ကို ပြင်ဆင်​ကြ​လော့​။ သဲကန္တာရ​၌ ငါ​တို့​၏​ဘုရားသခင်​ကြွ​တော်မူ​မည့် လမ်းမကြီး​ကို ဖြောင့်တန်း​စေ​ကြ​လော့​။ ချိုင့်ဝှမ်း​ရှိသမျှ​ကို ဖို့​၍ တောင်ကြီး​တောင်ငယ်​ရှိသမျှ​ကို ဖြို​ရ​မည်​။ မညီညာ​သော​မြေ​သည် ချောမွေ့​၍ ကြမ်းတမ်း​သော​နေရာ​တို့​သည် လွင်ပြင်​ဖြစ်သွား​မည်​။ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် ထင်ရှား​တော်မူ​မည်​။ လူ​အပေါင်း​တို့​သည် အတူတကွ​ဖူးမြင်​ရ​ကြ​လိမ့်မည်​။ အကယ်စင်စစ် ထာဝရဘုရား​၏​နှုတ်​တော်​မှ မိန့်​တော်မူ​ပြီ​”​ဟူ၍​ဖြစ်​၏​။