YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 38:15-17

ဟေရှာယ 38:15-17 Judson Bible (JBMLE)

အ​ဘယ်​သို့ ငါ​ပြော​ရ​မည်​နည်း။ ငါ့​အား က​တိ​ပေး​တော်​မူ​ပြီ။ က​တိ​တော်​အ​တိုင်း​လည်း ပြု​တော်​မူ​ပြီ။ ငါ၌ ကျန်​ကြွင်း​သော နှစ်​စဉ်​ကာ​လ​ပတ်​လုံး၊ ငါ​သည် စိတ်​ဆင်း​ရဲ​ခြင်း​ကို အောက်​မေ့၍၊ ဖြည်း​ဖြည်း​သွား​ပါ​မည်။ အို ဘု​ရား​ရှင်၊ ထို​သို့​သော​အား​ဖြင့် အ​သက်​ရှင်​ရ​ပါ၏။ ထို​အ​ရာ​ရှိ​သ​မျှ​တို့၌ အ​ကျွန်ုပ်​ဝိ​ညာဉ်၏ အ​သက်​တည်​ရ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ရှင်​စေ​တော်​မူ၏။ အ​ကျွန်ုပ်​ခံ​ရ​သော ဝေ​ဒ​နာ​သည် ငြိမ်း​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို သ​နား၍၊ ဖျက်​ဆီး​ရာ​တွင်း​ထဲ​က နုတ်​ယူ​တော်​မူ​ပြီ။ အ​ကျွန်ုပ် အ​ပြစ်​ရှိ​သ​မျှ​တို့​ကို နောက်​တော်​သို့ ပစ်​လိုက်​တော်​မူ​ပြီ။

ဟေရှာယ 38:15-17 Common Language Bible (BCL)

ဤ​အ​မှု​ကို​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သည်​ဖြစ်​၍ ငါ​အ​ဘယ်​သို့​ပြော​ဆို​နိုင်​ပါ​မည်​နည်း။ ငါ​သည်​ပူ​ပင်​သော​က​ရောက်​လျက် အိပ်​၍​မ​ပျော်​နိုင်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​၏​အ​တွက်၊ ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​အ​တွက် အ​သက်​ရှင်​ပါ​မည်။ ကျွန်​တော်​မျိုး​၏​အ​နာ​ရော​ဂါ​ကို​ပျောက်​ကင်း စေ​တော်​မူ​၍၊ ကျွန်​တော်​မျိုး​အား​အ​သက်​ရှင်​ခွင့်​ပြု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ပူ​ပင်​သော​က​သည်​စိတ်​ငြိမ်း အေး​မှု အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ အ​သက်​ကို​ဘေး​အန္တရာယ်​အ​ပေါင်း​မှ ကယ်​ဆယ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ပြစ်​မှန်​သ​မျှ​ကို​လည်း ဖြေ​လွှတ်​တော်​မူ​ပါ​၏။

ဟေရှာယ 38:15-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​ဘာများ​ပြောဆို​နိုင်​မည်နည်း​။ ကိုယ်တော်​သည် ငါ့​ကို​မိန့်​တော်မူ​သည့်​အတိုင်း ပြု​တော်မူ​ပြီ​။ စိတ်​ဒုက္ခဝေဒနာ​ကို ငါ​ခံစား​ခဲ့​ရ​သည်​ဖြစ်၍ ငါ့​အသက်တာ​တစ်လျှောက်လုံး သတိရှိရှိ​လျှောက်လှမ်း​ပါ​မည်​။ အို ဘုရားရှင်​၊ ထိုသို့​သော​အားဖြင့် လူ​တို့​အသက်ရှင်​ကြ​ပါ​၏​။ အကျွန်ုပ်​၏​အသက်​ဝိညာဉ်​သည်​လည်း ထို​အရာ​အားလုံး​ထဲ၌ တည်​ပါ​၏​။ အကျွန်ုပ်​ကို​ပြန်လည်​ကျန်းမာ​စေ​၍ အသက်ရှင်​စေ​တော်မူ​ပါ​ပြီ​။ ကြည့်ရှု​လော့​။ အကျွန်ုပ်​ခံစား​ရ​သော​ဒုက္ခဝေဒနာ​သည် အကျွန်ုပ်​ကောင်း​ဖို့​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ပျက်စီး​ခြင်း​တွင်း​ထဲမှ နုတ်ယူ​တော်မူ​ပြီ​။ အကျွန်ုပ်​၏​အပြစ်​ရှိသမျှ​တို့​ကို နောက်​တော်​သို့ ပစ်လိုက်​တော်မူ​ပြီ​။