ဟေရှာယ 32:16-18
ဟေရှာယ 32:16-18 Judson Bible (JBMLE)
ထိုအခါ တော၌ကား၊ တရားသဖြင့် စီရင်ခြင်းတည်၍၊ အသီးအနှံများသော လယ်၌ကား၊ ဖြောင့်မတ်ခြင်းပါရမီသည် အမြဲနေရလိမ့်မည်။ ဖြောင့်မတ်ခြင်း တရားသည်လည်း၊ ငြိမ်သက်ခြင်းကို ပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးမူကား၊ ထာဝရ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတည်း။ ငါ၏လူတို့သည်လည်း၊ ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သော ချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။
ဟေရှာယ 32:16-18 Common Language Bible (BCL)
တိုင်းပြည်အတွင်း၌အရပ်တကာတွင်သူ တော်ကောင်းတရားနှင့် တရားမျှတမှုကို ကျင့်သုံးကြလိမ့်မည်။- လူအပေါင်းတို့သည်အမှန်တရားအတိုင်း ကိုပြုကျင့်ကြမည်ဖြစ်၍ ထာဝစဉ်ငြိမ်း ချမ်းသာယာမှုနှင့်လုံခြုံစိတ်ချမှုရှိ လိမ့်မည်။- ဘုရားသခင်၏လူမျိုးတော်တို့နေထိုင်ရာ အိမ်များသည်ငြိမ်သက်၍လုံခြုံလိမ့်မည်။ ထို လူမျိုးတော်သည်လည်းပူပင်သောကနှင့် ကင်းဝေးကြလိမ့်မည်။
ဟေရှာယ 32:16-18 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တရားမျှတခြင်းသည် တောကန္တာရ၌တည်၍ ဖြောင့်မတ်ခြင်းသည် သီးနှံဖြစ်ထွန်းသောမြေ၌ တည်ရှိလိမ့်မည်။ ဖြောင့်မတ်ခြင်း၏အကျိုးသည် ငြိမ်သက်ခြင်းဖြစ်၏။ ဖြောင့်မတ်ခြင်း၏ရလဒ်သည် ထာဝရငြိမ်းချမ်းခြင်း၊ ထာဝရလုံခြုံခြင်းဖြစ်၏။ ငါ၏လူမျိုးသည် ငြိမ်းချမ်းသောနေရာ၊ လုံခြုံသောအိမ်၊ ငြိမ်းအေးသောခိုနားရာ၌ နေရလိမ့်မည်။