YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 29:13-16

ဟေရှာယ 29:13-16 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် နှုတ်​နှင့် ငါ့​ထံ​သို့ ချဉ်း​ကပ်၍၊ နှုတ်​ခမ်း​နှင့် ငါ့​ကို​ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့် ဝေး​လှ၏။ လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို အ​မှီ​ပြု၍ ငါ့​ကို​ကြောက်​ရွံ့​ကြ၏။ ထို​ကြောင့်၊ အံ့​ဩ​ကြောက်​မက်​ဖွယ်​သော အ​မှု​ကို ဤ​လူ​မျိုး​တွင် တစ်​ဖန် ငါ​ပြု​ဦး​မည်။ သူ​တို့​တွင် ပ​ညာ​ရှိ​တို့၏​ပ​ညာ​သည် ပျက်​စီး​လိမ့်​မည်။ ဉာဏ်​ကောင်း​သော​သူ​တို့၏ ဉာဏ်​လည်း ကွယ်​ပျောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား မ​သိ​စေ​ခြင်း​ငှာ၊ နက်​နဲ​သော​အ​ကြံ​ကို ကြံ၍၊ မှောင်​မိုက်​ထဲ​မှာ အ​မှု​ကို​ပြု​လျက်၊ ငါ​တို့​ကို အ​ဘယ်​သူ​မြင်​သ​နည်း။ ငါ​တို့​ကို အ​ဘယ်​သူ​သိ​သ​နည်း​ဟု ပြော​ဆို​တတ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သင်​တို့​သည် ဖောက်​ပြန်​ကြ​သည်​တ​ကား။ အိုး​ထိန်း​သ​မား​ကို၊ အိုး​မြေ​ကဲ့​သို့ မှတ်​ရ​မည်​လော။ လုပ်​အပ်​သော​အ​ရာ​သည် လုပ်​တတ်​သော​သူ​ကို ရည်​မှတ်၍၊ ဤ​သူ​သည် ငါ့​ကို​မ​လုပ်​ဟု ဆို​ရ​မည်​လော၊ ဖန်​ဆင်း​အပ်​သော​အ​ရာ​သည် ဖန်​ဆင်း​တတ်​သော​သူ​ကို ရည်​မှတ်၍၊ ဤ​သူ၌ ပ​ညာ​အ​တတ်​မ​ရှိ​ဟု ဆို​ရ​မည်​လော။

ဟေရှာယ 29:13-16 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က``ဤ​သူ​တို့​သည်​ငါ့​အား နှုတ်​ဖြင့် ဝတ်​ပြု​ကိုး​ကွယ်​ပါ​သည်​ဟု​ဆို​သော် လည်း​သူ​တို့​၏​စ​ကား​များ​သည်​အ​ဋ္ဌိ​ပ္ပါယ် မ​ရှိ။ သူ​တို့​၏​စိတ်​သည်​လည်း​အ​ရပ်​တစ်​ပါး သို့​ရောက်​၍​နေ​၏။ သူ​တို့​၏​ဘာ​သာ​တ​ရား သည် မိ​မိ​တို့​အ​လွတ်​ကျက်​မှတ်​ထား​သည့်​လူ့ ထုံး​တမ်း​စဉ်​လာ​နှင့်​နည်း​ဥ​ပ​ဒေ​များ​သာ လျှင်​ဖြစ်​ပေ​သည်။- သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​မ​မျှော်​လင့်​သည့်​ဘေး ဒုက္ခ​တစ်​ခု​ပြီး​တစ်​ခု​သက်​ရောက်​စေ​၍ သူ​တို့ အား​တုန်​လှုပ်​ချောက်​ချား​စေ​မည်။ ပ​ညာ​ရှိ​တို့ သည်​လူ​မိုက်​များ​ဖြစ်​ကုန်​ကြ​လျက်၊ သူ​တို့ ၏​အ​သိ​အ​လိမ္မာ​မှန်​သ​မျှ​သည်​လည်း သူ​တို့ အား​အ​ဘယ်​သို့​မျှ​အ​ကျိုး​ပြု​လိမ့်​မည် မ​ဟုတ်'' ဟု​ယ​ခု​မိန့်​တော်​မူ​ပါ​၏။ မိ​မိ​တို့​၏​အ​ကြံ​အ​စည်​များ​ကို​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ ဖုံး​ကွယ်​ထား​ရန်​ကြိုး​စား သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​၏​စီ​မံ​ကိန်း​များ​ကို​လျှို့​ဝှက်​၍ အ​ကောင်​အ​ထည်​ဖော်​ကာ​မိ​မိ​တို့​အား အ​ဘယ်​သူ​မျှ​မြင်​လိမ့်​မည်​မ​ဟုတ်။ မိ​မိ တို့​ပြု​သော​အ​မှု​တို့​ကို​လည်း​အ​ဘယ်​သူ မျှ​သိ​လိမ့်​မည်​မ​ဟုတ်​ဟု​ထင်​မှတ်​တတ် ကြ​၏။- သူ​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​က​ပြောင်း​က ပြန်​ဖြစ်​စေ​တတ်​ကြ​၏။ အိုး​ထိန်း​သည်​နှင့် အိုး​မြေ​တို့​တွင် အ​ဘယ်​သူ​က​ပို​၍​အ​ရေး ကြီး​ပါ​သ​နည်း။ လူ့​လက်​ဖြင့်​ပြီး​သော​အ​ရာ တစ်​ခု​က​လူ​ကို​ပြန်​၍``ငါ​သည်​သင်​ပြု​လုပ် ထား​သည့်​အ​ရာ​မ​ဟုတ်'' ဟူ​၍​သော်​လည်း ကောင်း``သင်​သည်​မိ​မိ​ပြု​လုပ်​လျက်​နေ​သည့် အ​မှု​ကို​မ​သိ'' ဟူ​၍​သော်​လည်း​ကောင်း ဆို​နိုင်​ပါ​မည်​လော။

ဟေရှာယ 29:13-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားရှင်​က​လည်း “​ဤ​လူမျိုး​သည် နှုတ်​ဖြင့် ချဉ်းကပ်​၍ နှုတ်ခမ်း​ဖြင့် ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​ကြ​၏​။ သူ​တို့​၏​စိတ်နှလုံး​မူကား ငါ​နှင့်​ဝေး​လှ​၏​။ သူ​တို့​သည် လူ​တို့​သွန်သင်​သော​ပညတ်ချက်​အရ ငါ့​ကို ကြောက်ရွံ့​ကြ​၏​။ ထို့ကြောင့် ကြည့်ရှု​လော့​။ ငါ​သည် ဤ​လူမျိုး​ကို​အံ့ဩ​စေ​မည့် အံ့ဖွယ်​အမှု​တစ်​ခု​ပြီး​တစ်​ခု ပြု​မည်​။ သူ​တို့​ထဲမှ ပညာရှိ​တို့​၏​ဉာဏ်ပညာ​သည် ပျက်စီး​သွား​မည်​။ အသိဉာဏ်​ရှိ​သူ​တို့​၏​အသိဉာဏ်​သည်​လည်း ကွယ်ပျောက်​သွား​မည်​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​မ​သိ​အောင် မိမိ​တို့​အကြံအစည်​ကို အစွမ်းကုန်​ဖုံးကွယ်​၍ မိမိ​တို့​၏​အမှု​ကို မှောင်မိုက်​ထဲ၌​ပြု​လျက် “​ငါ​တို့​ကို​မည်သူ​မြင်​မည်နည်း​။ မည်သူ​သိ​မည်နည်း​”​ဟု ပြောဆို​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ သင်​တို့​သည် ကပြောင်းကပြန်​လုပ်​ကြ​ပါ​သည်​တကား​။ အိုးထိန်းသည်​ကို ရွှံ့စေး​ကဲ့သို့​မှတ်ယူ​သင့်​သလော​။ အပြုခံ​က ပြု​သူ​အား “​ဤ​သူ​သည် ငါ့​ကို​ပြုလုပ်​ခဲ့​သည်​မ​ဟုတ်​”​ဟု ဆို​သင့်​သလော​။ ဖန်ဆင်းခံ​က ဖန်ဆင်း​သူ​အား “​ဤ​သူ​သည် အသိဉာဏ်​မ​ရှိ​”​ဟု ဆို​သင့်​သလော​။