YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 2:2-4

ဟေရှာယ 2:2-4 Judson Bible (JBMLE)

နောက်​ဆုံး​သော​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တည် သော​တောင်​သည် တောင်​ကြီး​တောင်​ငယ်​တို့၏​ထိပ်​ပေါ်​မှာ ချီး​မြှောက်၍ တည်​လိမ့်​မည်။ ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် ထို​တောင်​သို့ စည်း​ဝေး​ကြ​လိမ့်​မည်။ များ​ပြား​သော​သူ​တို့​က​လည်း၊ လာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​တောင်​တော်၊ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင့်​အိမ်​တော်​သို့ တက်​သွား​ကြ​ကုန်​အံ့။ လမ်း​ခ​ရီး​တော်​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​တို့​သည် ခြေ​တော်​ရာ​သို့​လိုက်​သွား​ကြ​မည်​ဟု ခ​ရီး​သွား​လျက် ပြော​ဆို​ကြ​လိမ့်​မည်။ တ​ရား​တော်​သည် ဇိ​အုန်​တောင်​မှ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ပေါ်​ထွက်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တို့​တွင်​တ​ရား​စီ​ရင်၍၊ များ​ပြား​သော​လူ​တို့​ကို ဆုံး​မ​တော်​မူ​သ​ဖြင့်၊ သူ​တို့ ဓား​လက်​နက်​များ​ကို ထွန်​သွား​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လှံ​များ​ကို တံ​စဉ်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ထု​လုပ်​ကြ​လိမ့်​မည်။ တစ်​ပြည်​ကို​တစ်​ပြည် စစ်​မ​တိုက်၊ စစ်​အ​တတ်​ကို​လည်း နောက်​တစ်​ဖန် မ​သင်​ရ​ကြ။

ဟေရှာယ 2:2-4 Common Language Bible (BCL)

ဟေ​ရှာ​ယ​က နောင်​လာ​လတ္တံ့​သော​ကာ​လ​၌ ယ​ခု​ဗိ​မာန်​တော်​တည်​ရာ​တောင်​တော်​သည် တောင်​တ​ကာ​တို့​ကို​လွှမ်း​မိုး​၍ အ​မြင့်​ဆုံး​ဖြစ်​လိမ့်​မည်။ လူ​မျိုး​အပေါင်း​တို့​သည်​လည်း​ထို​တောင်​တော်​သို့ လာ​ရောက်​ကြ​လိမ့်​မည်။ သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ငါ​တို့​တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​အ​လို​တော်​ကို​သင်​ယူ​ကြ​ကုန်​အံ့။ ကိုယ်​တော်​ရွေး​ချယ်​ပေး​တော်​မူ​သော​လမ်း​ကို ငါ​တို့​လိုက်​လျှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ လိမ့်​မည်။ ``ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည် ဇိ​အုန်​တောင်​ပေါ်​မှ​လည်း​ကောင်း ပေါ်​ထွက်​လာ​လိမ့်​မည်။'' ကိုယ်​တော်​သည်​လူ​မျိုး​ကြီး​တို့​အ​ငြင်း​ပွား မှု​ကို ပြေ​ငြိမ်း​စေ​တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​လည်း​မိ​မိ​တို့​၏​ဋ္ဌား​များ​ကို ထွန်​သွား​အ​ဖြစ်၊ မိ​မိ​တို့​လှံ​များ​ကို​တံ​စဉ်​အ​ဖြစ်​သို့ ပြောင်း​လဲ​ပြု​လုပ်​ကြ​လိမ့်​မည်။ လူ​မျိုး​အ​ပေါင်း​တို့​သည်​နောင်​ဘယ်​အ​ခါ​မျှ စစ်​တိုက်​ကြ​တော့​မည်​မဟုတ်။ နောက်​တစ်​ဖန်​စစ်​တိုက်​ရန်​လည်း​ပြင်​ဆင် ကြ​တော့​မည်​မ​ဟုတ်။

ဟေရှာယ 2:2-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နောက်ဆုံး​သော​ကာလ​၌ ထာဝရဘုရား​အိမ်​တော်​တည်​ရာ​တောင်​သည် တောင်​တို့​၏​အထွတ်အထိပ်​၌​တည်​၍ တောင်ကုန်း​တို့​အထက်​၌ ချီးမြှောက်​ခြင်း​ခံရ​လိမ့်မည်​။ လူမျိုး​အပေါင်း​တို့​သည်​လည်း ထို​တောင်​သို့ စုဝေး​လာ​ကြ​လိမ့်မည်​။ လူ​များစွာ​တို့​သည်​လာ​ကြ​၍ “​လာ​ကြ​လော့​။ ထာဝရဘုရား​၏​တောင်​တော်​၊ ယာကုပ်​၏​ဘုရားသခင့်​အိမ်​တော်​သို့ တက်​ကြ​ကုန်​စို့​။ ကိုယ်တော်​သည် မိမိ​၏​နည်းလမ်း​တော်​တို့​ကို ငါ​တို့​အား​သွန်သင်​တော်မူ​၍ ငါ​တို့​သည် ကိုယ်တော်​၏​လမ်း​တော်​၌ လျှောက်လှမ်း​ကြ​မည်​”​ဟု ဆို​ကြ​လိမ့်မည်​။ ပညတ်တရား​သည် ဇိအုန်​တောင်​မှ ထွက်ပေါ်​လာ​လိမ့်မည်​။ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဂျေရုဆလင်​မြို့​မှ ထွက်ပေါ်​လာ​လိမ့်မည်​။ ကိုယ်တော်​သည် လူမျိုးတကာ​တို့​ကို တရားစီရင်​၍ လူ​များစွာ​တို့​ကို ဆုံးမ​တော်မူ​မည်​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​၏​ဓား​များ​ကို ထယ်​များ​အဖြစ်​၊ မိမိ​တို့​၏​လှံ​များ​ကို တံစဉ်​များ​အဖြစ် ထုလုပ်​ကြ​လိမ့်မည်​။ လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး ဓား​ကို​မြှောက်​၍ တိုက်ခိုက်​တော့​မည်​မ​ဟုတ်​။ စစ်ရေး​လေ့ကျင့်​ခြင်း​လည်း ရှိ​တော့​မည်​မ​ဟုတ်​။