YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 11:1-3

ဟေရှာယ 11:1-3 Judson Bible (JBMLE)

ယေ​ရှဲ​အ​မျိုး​အ​ငုတ်၌ အ​တက်​ပေါက်​လိမ့်​မည်။ သူ၏​အ​မြစ်​တို့​တွင် အ​ညွန့်​သည် အ​သီး​သီး​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဉာဏ်​ပ​ညာ​ကို ပေး​သော​ဝိ​ညာဉ်၊ ကြံ​စည်​တတ်​စွမ်း​နိုင်​သော​သ​တ္တိ​ကို ပေး​သော​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို​သိ၍ ကြောက်​ရွံ့​သော​သ​ဘော​ကို​ပေး​သော ဝိ​ညာဉ်​တော်​သည် ထို​သူ​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ​လိမ့်​မည်။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း၌ မွေ့​လျော်​သည်​ဖြစ်၍၊ မိ​မိ​မျက်​စိ​မြင်​သည်​အ​တိုင်း တ​ရား​မ​စီ​ရင်၊ မိ​မိ​နား​ကြား​သည်​အ​တိုင်း မ​ဆုံး​ဖြတ်​ဘဲ၊

ဟေရှာယ 11:1-3 Common Language Bible (BCL)

ဒါ​ဝိဒ်​မင်း​ဆက်​သည်​ခုတ်​လှဲ​သည့်​သစ်​ပင်​နှင့် တူ​၏။ သို့​ရာ​တွင်​သစ်​ငုတ်​မှ​အ​ကိုင်း​အ​ခက် များ​ထွက်​လာ​သ​ကဲ့​သို့ ဒါ​ဝိဒ်​၏​သား​မြေး များ​အ​ထဲ​မှ​ဘု​ရင်​သစ်​တစ်​ပါး​ပေါ်​ထွက် လာ​လိမ့်​မည်။ သူ​သည်​မိ​မိ​ပြည်​သူ​တို့​အား​အုပ်​စိုး​ရန် ဉာဏ်​ပ​ညာ၊ အ​သိ​ပ​ညာ​နှင့်၊ စွမ်း​ရည်​ကို ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​တန်​ခိုး အား​ဖြင့်​ရ​လိမ့်​မည်။ သူ​သည်​ထာ​ဝရ​ဘု​ရား​၏​အ​လို​တော်​ကို​သိ​၍ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​လိမ့်​မည်။ ကိုယ်​တော်​အား​ကြောက်​ရွံ့​ရို​သေ​မှု​၌​လည်း မွေ့​လျော်​ပျော်​ပိုက်​လိမ့်​မည်။ သူ​သည်​မျက်​စိ​နှင့်​မြင်​ယုံ​သို့​မ​ဟုတ် တစ်​ဆင့်​စ​ကား​နှင့်​ကြား​ယုံ​ဖြင့်​အ​ဆုံး အ​ဖြတ် ပေး​လိမ့်​မည်​မ​ဟုတ်။