YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 7:23-28

ဟေဗြဲ 7:23-28 Judson Bible (JBMLE)

ထို​သူ​တို့​သည်​လည်း သေ​ရ​သော​ကြောင့် အ​စဉ်​မ​တည်​နိုင်​သည်​ဖြစ်၍ အ​များ​ရှိ​ရ​ကြ၏။- ယေ​ရှု​မူ​ကား၊ နိ​စ္စ​ထာ​ဝ​ရ​တည်​သော​ကြောင့် မ​ပြောင်း​မ​လဲ​သော ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​လျက်​ရှိ၏။- ထို​ကြောင့်၊ အ​ကြင်​သူ​တို့​သည် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏၊ ထို​သူ​တို့၏​အ​မှု​ကို ကိုယ်​တော်​သည် စောင့်​လျက်၊ ကာ​လ​အ​စဉ် အ​သက်​ရှင်​သော​ကြောင့်၊ သူ​တို့​ကို အ​စဉ်​ကယ်​တင်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။ ထို​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သန့်​ရှင်း​စင်​ကြယ်၍ အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​လျက် အ​ပြစ်​ရှိ​သော​သူ​တို့​နှင့် မ​ဆက်​ဆံ၊ ကောင်း​ကင်​သား​အ​ပေါင်း​တို့​ထက် မြင့်​မြတ်​သော​သူ​ဖြစ်၍၊ ငါ​တို့​နှင့် တော်​သင့်​တော်​မူ၏။- အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည် ကိုယ်​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ လူ​များ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ နေ့​တိုင်း ယဇ်​ပူ​ဇော်​ရ​သ​ကဲ့​သို့၊ ထို​သ​ခင်​သည် ယဇ်​ပူ​ဇော်​စ​ရာ​အ​ကြောင်း မ​ရှိ၊ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို တစ်​ခါ​တည်း ယဇ်​ပူ​ဇော်၍ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​ပြီ။- ပ​ညတ်​တ​ရား​သည် အ​ပြစ်​ရှိ​သော​သူ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား၏။ ပ​ညတ်​တ​ရား​နောက်၌ ကျိန်​ဆို​တော်​မူ​သော ဗျာ​ဒိတ်​တော်​မူ​ကား၊ အ​စဉ်​အ​မြဲ စုံ​လင်​ခြင်း​သို့​ရောက်​သော သား​တော်​ကို ခန့်​ထား​သ​တည်း။

ဟေဗြဲ 7:23-28 Common Language Bible (BCL)

ထို့​ပြင်​အ​ခြား​ကွာ​ခြား​မှု​ရှိ​သေး​၏။ ယဇ် ပု​ရော​ဟိတ်​တို့​သည်​သေ​ရ​သော​ကြောင့် သူ​တို့ သည်​အ​ရေ​အ​တွက်​များ​ကြ​၏။- သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​မူ​ကား​နိစ္စ​ထာ​ဝ​ရ အ​သက်​ရှင်​တော်​မူ​သ​ဖြင့် သူ​၏​ယဇ်​ပု​ရော ဟိတ်​ရာ​ထူး​သည်​လည်း​အ​ခြား​လက်​သို့ မ​ကူး​ပြောင်း​နိုင်​တော့​ပေ။- သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​ကို​အ​မှီ​ပြု​၍ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ အ​ပေါင်း​တို့​အား အ​ခါ​ခပ်​သိမ်း​ကယ်​တင်​တော် မူ​နိုင်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ထို​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထံ​တော်​တွင် အ​သ​နား​ခံ​ရန်​ထာ​ဝ​စဉ်​အ​သက်​ရှင်​လျက် ရှိ​တော်​မူ​သော​ကြောင့်​တည်း။ သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​သည်​ငါ​တို့​နှင့်​သင့် လျော်​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​၏။ ကိုယ် တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​၍​အ​ပြစ်​ကင်း လွတ်​တော်​မူ​၏။ အ​ပြစ်​ကူး​သူ​တို့​နှင့်​ခွဲ​ခြား လျက်​ကောင်း​ကင်​ဘ​ဝဂ်​တိုင်​အောင်​ချီး​မြှောက် ခြင်း​ကို​ခံ​တော်​မူ​၏။- ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည်​နေ့​စဉ်​ဦး​စွာ​ပ​ထ​မ မိ​မိ​တို့​ကိုယ်​ပိုင်​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း၊ ထို​နောက်​လူ​တို့​၏​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း ယဇ်​ပူ​ဇော်​ကြ​ရ​လေ​သည်။ ကိုယ်​တော်​မူ​ကား​ဤ​သို့ ပြု​ရန်​မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ​အ​သက် ကို​တင်​လှူ​ပူ​ဇော်​စဉ်​အ​ခါ​က တစ်​ကြိမ်​တည်း အ​ပြီး​အ​ပိုင်​ယဇ်​ပူ​ဇော်​ခဲ့​ပြီး​ဖြစ်​သော ကြောင့်​တည်း။- မော​ရှေ​၏​ပ​ညတ်​တ​ရား​သည်​အား​နည်း​၍​မ​စုံ လင်​သော​လူ​သား​တို့​ကို ယဇ်​ပု​ရော​ဟိတ်​မင်း များ​အ​ဖြစ်​ခန့်​ထား​လေ​သည်။ သို့​ရာ​တွင် ပ​ညတ်​တ​ရား​ပေါ်​ပေါက်​ပြီး​သည့်​နောက်​ပိုင်း ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး​စုံ​လင်​တော်​မူ​သော သား​တော်​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ် ကျိန်​ဆို​တော်​မူ​ချက်​ဖြင့်​ခန့်​ထား​တော်​မူ​၏။

ဟေဗြဲ 7:23-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အခြား​သော​ယဇ်ပုရောဟိတ်​တို့​သည် သေ​ခြင်း​တရား​ကြောင့် တာဝန်​ကို​ဆက်လက်​၍​မ​ထမ်းဆောင်​နိုင်​ကြ​သဖြင့် များစွာ​သော​သူ​တို့​သည် ယဇ်ပုရောဟိတ်​ဖြစ်လာ​ကြ​၏။ ကိုယ်တော်​မူကား ကာလ​အစဉ်အဆက်​တည်​တော်မူ​သည်​ဖြစ်၍ မ​ပြောင်းလဲ​သော​ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို ရရှိ​တော်မူ​၏။ ထို့ကြောင့် ကိုယ်တော်​သည် မိမိ​အားဖြင့် ဘုရားသခင်​ထံ​တော်​သို့​ချဉ်းကပ်​သော​သူ​တို့​ကို အပြည့်အဝ​ကယ်တင်​နိုင်​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် သူ​တို့​အတွက် အသနားခံ​ပေး​ရန် အစဉ်အမြဲ​အသက်ရှင်​လျက်​ရှိ​တော်မူ​၏။ ထိုသို့​သန့်ရှင်း​၍ အပြစ်​နှင့်​ညစ်ညူး​ခြင်း​တို့​ကင်းစင်​လျက် အပြစ်သား​တို့​နှင့်​ခွဲခြား​ထား​ခြင်း​ခံရ​ကာ ကောင်းကင်​တို့​ထက် မြင့်မား​စွာ​ချီးမြှောက်​ခြင်း​ခံရ​သော ယဇ်ပုရောဟိတ်​မင်း​သည် ငါ​တို့​အတွက်​သင့်လျော်​ပေ​၏။ အခြား​သော​ယဇ်ပုရောဟိတ်​မင်း​တို့​သည် ဦးစွာ မိမိ​တို့​အပြစ်​များ​အတွက်၊ ထို့နောက် လူ​တို့​၏​အပြစ်​များ​အတွက် နေ့စဉ် ယဇ်​ပူဇော်​သကဲ့သို့ ကိုယ်တော်​သည် ယဇ်​ပူဇော်​ရန်​မ​လိုအပ်​ပေ။ အကြောင်းမူကား ကိုယ်တော်​သည် မိမိကိုယ်ကို​တစ်ကြိမ်တည်း​နှင့်​အပြီး​ပူဇော်​ခြင်း​ဖြင့် ဤ​အမှု​ကို​ပြု​တော်မူ​၏။ ပညတ်​တရား​သည် အားနည်း​သော​လူသား​တို့​ကို ယဇ်ပုရောဟိတ်​မင်း​အရာ​၌​ခန့်ထား​၏။ သို့သော် ပညတ်​တရား​နောက်၌​လာ​သော ကတိ​သစ္စာ​စကား​သည် ကာလ​အစဉ်အဆက်​ပြည့်စုံ​တော်မူ​သော​သား​တော်​ကို ခန့်ထား​၏။