YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 7:18-25

ဟေဗြဲ 7:18-25 Judson Bible (JBMLE)

ပ​ညတ်​တ​ရား​သည် အ​ဘယ်​သူ​ကို​မျှ စုံ​လင်​ခြင်း​သို့ မ​ပို့​နိုင်​သည်​ဖြစ်၍၊- ရှေး​ပ​ညတ်​တ​ရား​ဟောင်း​သည်၊ အား​မ​ရှိ၊ အ​ကျိုး​ကို မ​ပေး​နိုင်​သော​ကြောင့်၊ ပယ်​ရှင်း​ခြင်း​သို့ ရောက်​ရ၏။ သို့​သော်​လည်း၊ သာ၍​မြတ်​သော မျှော်​လ​င့်​ခြင်း​အ​ခွင့်​သည် နေ​ရာ​ကျ၏။ ထို​မျှော်​လ​င့်​ခြင်း​အား​ဖြင့် ငါ​တို့​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ရ​ကြ၏။- ထို​သူ​တို့​သည် အ​ကျိန်​တော်​မ​ရှိ​ဘဲ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ရ​ကြ၏။- ယေ​ရှု​မူ​ကား၊ အ​ကျိန်​တော်​မ​ရှိ​ဘဲ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို မ​ရ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သည်​ဟု ကျိန်​ဆို၍၊ နောက်​တစ်​ဖန် စိတ်​ပြောင်း​လဲ​ခြင်း​ရှိ​တော် မ​မူ​သည်​နှင့်​အ​ညီ၊ ယေ​ရှု​သည် အ​ကျိန်​တော်​ကို​ခံ၍ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ရ​သည်​အ​တိုင်း၊- သာ၍​မြတ်​သော ပ​ဋိ​ညာဉ်​တ​ရား၏ အာ​မ​ခံ​ဖြစ်၏။- ထို​သူ​တို့​သည်​လည်း သေ​ရ​သော​ကြောင့် အ​စဉ်​မ​တည်​နိုင်​သည်​ဖြစ်၍ အ​များ​ရှိ​ရ​ကြ၏။- ယေ​ရှု​မူ​ကား၊ နိ​စ္စ​ထာ​ဝ​ရ​တည်​သော​ကြောင့် မ​ပြောင်း​မ​လဲ​သော ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​လျက်​ရှိ၏။- ထို​ကြောင့်၊ အ​ကြင်​သူ​တို့​သည် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏၊ ထို​သူ​တို့၏​အ​မှု​ကို ကိုယ်​တော်​သည် စောင့်​လျက်၊ ကာ​လ​အ​စဉ် အ​သက်​ရှင်​သော​ကြောင့်၊ သူ​တို့​ကို အ​စဉ်​ကယ်​တင်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။

ဟေဗြဲ 7:18-25 Common Language Bible (BCL)

ယ​ခင်​ပ​ညတ်​ဟောင်း​သည်​အား​နည်း​၍​အ​ကျိုး ကို​မ​ပေး​နိုင်​သော​ကြောင့်​ပယ်​ရှား​ခြင်း​ကို​ခံ​ရ​၏။- မော​ရှေ​၏​ပ​ညတ်​တ​ရား​သည်​အ​ဘယ်​အ​ရာ ကို​မျှ​ပြီး​ပြည့်​စုံ​လင်​အောင်​မ​ပြု​နိုင်။ ယ​ခု အ​ခါ​၌​ငါ​တို့​သည်​ထို​ပညတ်​တ​ရား​ထက် ပို​မို​ကောင်း​မြတ်​သည့်​မျှော်​လင့်​ချက်​ကို​ရ​ရှိ ကြ​ပြီ​ဖြစ်​ရာ ထို​မျှော်​လင့်​ချက်​အား​ဖြင့် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​၏။ ထို​မှ​တစ်​ပါး​လည်း​ဘု​ရား​သ​ခင်​ကျိန်​ဆို​တော် မူ​ချက်​ရှိ​၏။ ကိုယ်​တော်​သည်​လေ​ဝိ​အ​နွယ်​ဝင် တို့​အား ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခန့်​ထား​တော်​မူ သော​အ​ခါ​၌​ကျိန်​ဆို​တော်​မူ​ချက်​မ​ပါ​ရှိ​ချေ။- သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​အား​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ် ခန့်​ထား​တော်​မူ​သော​အ​ခါ​၌​မူ​ကား `` `သင်​သည်​ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ် ဖြစ်​ရ​လိမ့်​မည်' ဟု ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​၏​စိတ်​ကို​ပြောင်း​လဲ တော်​မူ​လိမ့်​မည်​မ​ဟုတ်'' ဟူ​၍​ကိုယ်​တော်​အား​မိန့်​မြွက်​တော်​မူ​၏။- ဤ​သို့​ခန့်​ထား​ပုံ​ကွာ​ခြား​မှု​ကြောင့်​သ​ခင် ယေ​ရှု​သည် ပို​မို​ကောင်း​မြတ်​သည့်​ပ​ဋိ​ညာဉ် တ​ရား​တော်​၏​အာ​မ​ခံ​ဖြစ်​တော်​မူ​၏။ ထို့​ပြင်​အ​ခြား​ကွာ​ခြား​မှု​ရှိ​သေး​၏။ ယဇ် ပု​ရော​ဟိတ်​တို့​သည်​သေ​ရ​သော​ကြောင့် သူ​တို့ သည်​အ​ရေ​အ​တွက်​များ​ကြ​၏။- သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​မူ​ကား​နိစ္စ​ထာ​ဝ​ရ အ​သက်​ရှင်​တော်​မူ​သ​ဖြင့် သူ​၏​ယဇ်​ပု​ရော ဟိတ်​ရာ​ထူး​သည်​လည်း​အ​ခြား​လက်​သို့ မ​ကူး​ပြောင်း​နိုင်​တော့​ပေ။- သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​ကို​အ​မှီ​ပြု​၍ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ အ​ပေါင်း​တို့​အား အ​ခါ​ခပ်​သိမ်း​ကယ်​တင်​တော် မူ​နိုင်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ထို​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထံ​တော်​တွင် အ​သ​နား​ခံ​ရန်​ထာ​ဝ​စဉ်​အ​သက်​ရှင်​လျက် ရှိ​တော်​မူ​သော​ကြောင့်​တည်း။

ဟေဗြဲ 7:18-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယခင်​ပညတ်​ချက်​သည် အားနည်း​၍ အကျိုး​မ​ပေး​နိုင်​သောကြောင့် ပယ်ဖျက်​ခြင်း​ခံရ​၏။ အဘယ်ကြောင့်ဆိုသော် ပညတ်​တရား​သည် မည်သည့်​အရာ​ကို​မျှ မ​စုံလင်​စေ​ခဲ့​ချေ။ သို့သော် ယခု​အခါ သာ၍​မြတ်​သော​မျှော်လင့်​ခြင်း​ရောက်ရှိ​လာ​သဖြင့် ငါ​တို့​သည် ထို​မျှော်လင့်​ခြင်း​အားဖြင့် ဘုရားသခင်​ထံ​တော်​သို့​ချဉ်းကပ်​ကြ​၏။ ထိုမျှမက ဤ​အမှုအရာ​သည် ကတိ​သစ္စာ​ပြု​ခြင်း​မ​ပါ​ဘဲ​ဖြစ်လာ​သည်​မ​ဟုတ်။ အကြောင်းမူကား အခြား​သော​ယဇ်ပုရောဟိတ်​တို့​သည် ကတိ​သစ္စာ​ပြု​ခြင်း​မ​ပါ​ဘဲ ယဇ်ပုရောဟိတ်​များ​ဖြစ်​လာ​ကြ​၏။ ကိုယ်တော်​မူကား “ ‘သင်​သည် ထာဝရ​ယဇ်ပုရောဟိတ်​ဖြစ်​၏’​ဟု ထာဝရ​ဘုရား​တိုင်တည်​၍​မိန့်​တော်မူ​သည်​ဖြစ်​သောကြောင့် စိတ်​တော်​ပြောင်းလဲ​မည်​မ​ဟုတ်”​ဟူ၍ ကတိ​သစ္စာ​ပြု​လျက် ကိုယ်တော်​အား​မိန့်​တော်မူ​သော​အရှင်​အားဖြင့် ယဇ်ပုရောဟိတ်​ဖြစ်လာ​၏။ ဤသို့ဖြင့် ယေရှု​သည် သာ၍​မြတ်​သော​ပဋိညာဉ်​၏​အာမခံ​ဖြစ်​တော်မူ​၏။ အခြား​သော​ယဇ်ပုရောဟိတ်​တို့​သည် သေ​ခြင်း​တရား​ကြောင့် တာဝန်​ကို​ဆက်လက်​၍​မ​ထမ်းဆောင်​နိုင်​ကြ​သဖြင့် များစွာ​သော​သူ​တို့​သည် ယဇ်ပုရောဟိတ်​ဖြစ်လာ​ကြ​၏။ ကိုယ်တော်​မူကား ကာလ​အစဉ်အဆက်​တည်​တော်မူ​သည်​ဖြစ်၍ မ​ပြောင်းလဲ​သော​ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို ရရှိ​တော်မူ​၏။ ထို့ကြောင့် ကိုယ်တော်​သည် မိမိ​အားဖြင့် ဘုရားသခင်​ထံ​တော်​သို့​ချဉ်းကပ်​သော​သူ​တို့​ကို အပြည့်အဝ​ကယ်တင်​နိုင်​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် သူ​တို့​အတွက် အသနားခံ​ပေး​ရန် အစဉ်အမြဲ​အသက်ရှင်​လျက်​ရှိ​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။