YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 4:12-13

ဟေဗြဲ 4:12-13 Judson Bible (JBMLE)

ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​သည် အ​သက်​ရှင်​ခြင်း၊ တန်​ခိုး​နှင့် ပြု​ပြင်​ခြင်း၊ သန်​လျက်​တ​ကာ​တို့​ထက် ထက်​ခြင်း​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ အ​သက်​နှင့် စိတ်​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ အ​ရိုး​ဆစ်​နှင့် ခြင်​ဆီ​ကို​လည်း​ကောင်း ပိုင်း​ခြား၍ ထုတ်​ချင်း​ခွင်း​တတ်၏။ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို​လည်း သိ​မြင်​တတ်၏။- ငါ​တို့​ကို စစ်​ကြော​စီ​ရင်​တော်​မူ​သော​သူ​ရှေ့၌ မ​ထင်​ရှား​သော အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​ကွယ်​အ​ကာ မ​ရှိ​ဘဲ၊ မျက်​မှောက်​တော်၌ လှန်​ထား​လျက် ရှိ​ကြ၏။

ဟေဗြဲ 4:12-13 Common Language Bible (BCL)

ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည်​သက်​ရှင် လှုပ်​ရှား​၍ သန်​လျက်​တ​ကာ​တို့​ထက်​ထက်​မြက် ၏။ အ​သက်​နှင့်​ဝိ​ညာဉ်​တွေ့​ဆုံ​ရာ​အ​ထိ​လည်း ကောင်း၊ အ​ရိုး​ဆစ်​နှင့်​ခြင်​ဆီ​တွေ့​ရာ​အ​ထိ လည်း​ကောင်း​ထုတ်​ချင်း​ခွင်း​တတ်​၏။ လူ​၏​စိတ် နှ​လုံး​အ​ကြံ​အ​စည်​နှင့်​လို​အင်​ဆန္ဒ​များ ကို​စစ်​ဆေး​တတ်​၏။- ဘု​ရား​သ​ခင်​၏​မျက်​မှောက်​၌​မ​ထင်​ရှား​သော အ​ရာ​ဟူ​၍​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ။ ဖန်​ဆင်း တော်​မူ​သော​အ​ရာ​ခပ်​သိမ်း​သည်​မျက်​မှောက် တော်​၌​ထင်​ရှား​လျက်​ရှိ​၏။ ငါ​တို့​အား​လုံး သည်​မိ​မိ​တို့​ပြု​သ​မျှ​အ​တွက် ကိုယ်​တော်​၏ စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ကြ​ရ​လိမ့်​မည်။

ဟေဗြဲ 4:12-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် အသက်ရှင်​၍ ထက်မြက်​ကာ အသွား​နှစ်​ဖက်​ပါ​သည့် ဓား​ရှိသမျှ​တို့​ထက် သာ၍​ထက်​သဖြင့် အသက်​နှင့်​ဝိညာဉ်​တို့​အထိ​လည်းကောင်း၊ အဆစ်အမြစ်​နှင့်​ခြင်ဆီ​တို့​အထိ​လည်းကောင်း ထိုးဖောက်​ပိုင်းခြား​တတ်​၏။ စိတ်နှလုံး​၏​စဉ်းစား​ဆင်ခြင်​မှု​နှင့်​သဘောထား​တို့​ကို​လည်း ထိုးထွင်း​သိမြင်​နိုင်​၏။ ဖန်ဆင်း​တော်မူ​သော​အရာ​တို့​တွင် ကိုယ်တော်​၏​ရှေ့မှောက်​၌ မ​ထင်ရှား​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ အရာ​ခပ်သိမ်း​တို့​သည် ကိုယ်တော်​၏​မျက်မှောက်​၌ အကွယ်အကာမဲ့​လျက် ဟင်းလင်း​ပွင့်​နေ​၏။ ငါ​တို့​သည် ထို​အရှင်​ထံ၌ ဖြေရှင်းချက်​ပေး​ကြ​ရ​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။