YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 3:1-6

ဟေဗြဲ 3:1-6 Judson Bible (JBMLE)

ထို​သို့​ဖြစ်​လျှင်၊ ကောင်း​ကင်​ဘုံ​နှင့်​စပ်​ဆိုင်​သော ခေါ်​ဖိတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သော​သူ၊ သန့်​ရှင်း​သော ညီ​အစ်​ကို​တို့၊ ငါ​တို့​ဝန်​ခံ​သော တ​မန်​တော်​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​တည်း​ဟူ​သော ယေ​ရှု၏​အ​ကြောင်း​ကို စေ့​စေ့​ဆင်​ခြင်​ကြ​လော့။- မော​ရှေ​သည် ဘု​ရား​သ​ခင်၏ အိမ်​တော်​တစ်​အိမ်​လုံး၌ သ​စ္စာ​စောင့်​သ​ကဲ့​သို့၊ ယေ​ရှု​သည် မိ​မိ​ကို ခန့်​ထား​တော်​မူ​သော​သူ၏ အ​မှု​တော်၌ သ​စ္စာ​စောင့်​တော်​မူ၏။- အိမ်​ကို​ဆောက်​သော​သူ​သည် အိမ်​ထက်​သာ၍ ကြီး​သော အ​သ​ရေ​ရှိ​သ​ကဲ့​သို့၊ ယေ​ရှု​သည် မော​ရှေ​ထက် သာ၍​ကြီး​သော အ​သ​ရေ​ကို​ခံ​ထိုက်​သော​သူ ဖြစ်​သည်​ဟု ထင်​မှတ်​စ​ရာ​အ​ကြောင်း​ရှိ၏။- အိမ်​မည်​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော​သူ ဆောက်​သော​ကြောင့်​ဖြစ်၏။ အ​လုံး​စုံ​တို့​ကို တည်​ဆောက်​သော​သူ​ကား၊ ဘု​ရား​သ​ခင်​ပေ​တည်း။- မော​ရှေ​သည်၊ နောက်​ဟော​ပြော​လ​တ္တံ့​သော အ​ရာ​တို့​ကို သက်​သေ​ခံ​ခြင်း​အ​လို​ငှာ၊ အ​စေ​ခံ​ကဲ့​သို့ အိမ်​တော်​တစ်​အိမ်​လုံး၌ သ​စ္စာ​စောင့်၏။- ခ​ရစ်​တော်​မူ​ကား၊ သား​ကဲ့​သို့ အိမ်​တော်​ကို အုပ်​စိုး၍ သ​စ္စာ​စောင့်​တော်​မူ၏။ ငါ​တို့​သည်​ကား၊ ရဲ​ရင့်​ခြင်း၌​လည်း​ကောင်း၊ မျှော်​လ​င့်​ခြင်း​နှင့်​စပ်​ဆိုင်​သော ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း၌​လည်း​ကောင်း၊ အ​ဆုံး​တိုင်​အောင် တည်​ကြည်​လျှင်၊ ထို​အိမ်​တော်​ဖြစ်​သ​တည်း။

ဟေဗြဲ 3:1-6 Common Language Bible (BCL)

ဘု​ရား​သ​ခင်​ရွေး​ချယ်​ခေါ်​ယူ​တော်​မူ​ခြင်း ကို ခံ​ရ​သော​သန့်​ရှင်း​သူ​ညီ​အစ်​ကို​တို့၊ သ​ခင် ယေ​ရှု​အ​ကြောင်း​ကို​စဉ်း​စား​ဆင်​ခြင်​ကြ လော့။ ငါ​တို့​၏​ဘာ​သာ​တ​ရား​တော်​ဆိုင်​ရာ ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​တော်​မူ​စေ​ရန် ကိုယ် တော်​အား​ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​၏။- မော​ရှေ​သည်​ဘု​ရား​သ​ခင်​၏​အိမ်​တော်​၌​မိ​မိ ထမ်း​ဆောင်​ရ​မည့်​အ​လုပ်​တွင် သစ္စာ​စောင့်​သ​ကဲ့ သို့​သ​ခင်​ယေ​ရှု​သည်​လည်း​မိ​မိ​အား ဤ​အ​လုပ် တာ​ဝန်​ကို​ပေး​အပ်​တော်​မူ​သော​ဘု​ရား​သ​ခင် အား​သစ္စာ​စောင့်​တော်​မူ​၏။- အိမ်​တစ်​ဆောင်​ကို​တည်​ဆောက်​သူ​သည် အိမ်​ထက် ပို​၍​ဂုဏ်​ပြု​ချီး​မြှင့်​ခြင်း​ကို​ခံ​ထိုက်​သ​ကဲ့​သို့ သ​ခင်​ယေ​ရှု​သည်​လည်း မော​ရှေ​ထက်​ပို​၍​ချီး မြှင့်​ခြင်း​ကို​ခံ​ထိုက်​ပေ​သည်။- အိမ်​မည်​သည်​ကား​တည်​ဆောက်​သူ​တစ်​ဦး​ရှိ မြဲ​ပင်​ဖြစ်​၏။ အ​ရာ​ခပ်​သိမ်း​ကို​တည်​ဆောက် သူ​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။- မော​ရှေ​သည်​အ​စေ​ခံ​အ​နေ​ဖြင့်​ဘု​ရား သ​ခင်​၏​အိမ်​တော်​တွင်​သစ္စာ​စောင့်​လျက် အ​နာ ဂတ်​ကာ​လ​၌​ကိုယ်​တော်​မိန့်​ကြား​တော်​မူ မည့်​အ​ရာ​များ​ကို​ပြော​ကြား​ပေ​သည်။- ခ​ရစ်​တော်​မူ​ကား​ဘု​ရား​သ​ခင်​၏​အိမ်​တော် ကို​အ​စိုး​ရ​သော​သား​တော်​အ​နေ​ဖြင့် သစ္စာ စောင့်​တော်​မူ​သ​တည်း။ ငါ​တို့​သည်​ရဲ​စွမ်း သတ္တိ​ရှိ​၍​မိ​မိ​တို့​မျှော်​လင့်​သည့်​အ​ရာ​ကို ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ပါ​လျှင်​ငါ​တို့​သည် ကိုယ်​တော်​၏​အိမ်​တော်​ဖြစ်​ကြ​၏။

ဟေဗြဲ 3:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ ကောင်းကင်​နှင့်ဆိုင်သော ခေါ်ယူ​တော်မူ​ခြင်း​၌​ပါဝင်​သည့် သန့်ရှင်း​သော​ညီအစ်ကို​တို့၊ ငါ​တို့​ယုံကြည်​ဝန်ခံ​သည့် တမန်တော်​နှင့်​ယဇ်ပုရောဟိတ်​မင်း​တည်းဟူသော ယေရှု​အကြောင်း​ကို ဆင်ခြင်​အောက်မေ့​ကြ​လော့။ မောရှေ​သည် ဘုရားသခင်​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​သကဲ့သို့ ယေရှု​သည်​လည်း မိမိ​ကို​ခန့်ထား​သော​ဘုရားသခင်​အပေါ်​သစ္စာရှိ​တော်မူ​၏။ အိမ်​ဆောက်​သူ​သည် ထို​အိမ်​ထက် သာ၍​ဂုဏ်သရေ​ရှိ​သကဲ့သို့ ယေရှု​သည် မောရှေ​ထက် သာ၍​မြင့်မြတ်​သော​ဘုန်း​အသရေ​ကို​ရ​ထိုက်​သည်​ဟု မှတ်ယူ​ခြင်း​ခံရ​၏။ အကြောင်းမူကား အိမ်​တိုင်း​ကို တစ်စုံတစ်ယောက်​က တည်ဆောက်​ရ​၏။ သို့သော် အရာ​ခပ်သိမ်း​ကို​တည်ဆောက်​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။ မောရှေ​သည် နောင်​အခါ​ဟောပြော​မည့်​အရာ​တို့​အတွက် သက်သေ​ဖြစ်​ရန် အစေခံ​အဖြစ် ဘုရားသခင်​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​၏။ ခရစ်တော်​မူကား သား​တော်​အဖြစ် ဘုရားသခင်​၏​အိမ်​တော်​အပေါ်​သစ္စာရှိ​တော်မူ​၏။ ငါ​တို့​သည် ယုံကြည်​စိတ်ချ​ခြင်း​နှင့် မျှော်လင့်​ခြင်း​၌​ဂုဏ်ယူ​ဝါကြွား​ခြင်း​တို့​ကို စွဲကိုင်​ထား​လျှင် ဘုရားသခင်​၏​အိမ်​တော်​ဖြစ်​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။